မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်မင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်အောင်ရဲလင်းကို ယခုတစ်ပတ်ရဲ့ မျက်နှာဖုံးရှင်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ မကြာသေးခင်ကတည်းက ဒါရိုက်တာကြည်ဖြူသျှင်နဲ့ ဇာတိမြေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ အောင်ရဲလင်းက အနုပညာလောကမှာ အောင်မြင်နေတော့ ဇာတ်ကားတွေ ဆက်တိုက် ရိုက်နေရပေမဲ့ ကျန်းမာရေးကိုလည်း မလစ်ဟင်းအောင် လိုက်စားနေသူတစ်ယောက်ဖြစ်ပါတယ်။ အခု အောင်ရဲလင်းရဲ့ အနုပညာလှုပ်ရှားမှု တွေနဲ့ ကျန်းမာရေးလိုက်စားပုံတွေ မေးမြန်းခဲ့တာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မေး ။ ။ မောင်လေး အခုလောလောဆယ် အနုပညာလှုပ်ရှားမှုတွေ ပြောပြပေးပါဦး

ဖြေ ။ ။ အခု ဒါရိုက်တာ ကိုသားကြီးနဲ့ ရုပ်ရှင်ကားကြီးရိုက်နေပါတယ်။ မင်းသမီးက ပက်ထရစ်ရှာပါ။

မေး ။ ။ မောင်လေးရဲ့ ဖက်ရှင်ကို လူငယ်တွေက အားကျကြတယ်လေ။ အဲဒီလိုဖြစ်အောင် ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာလည်း ပြောပြပါဦး

ဖြေ ။ ။ ကျွန်တော်လမ်းလျှောက်သွားလို့ ပုံတစ်ပုံတွေ့လို့ ကြိုက်တယ်ဆိုရင် အဲဒီပုံကို ဓာတ်ပုံရိုက်ယူထားတတ်ပါတယ်။ ကျွန်တော်က ဖက်ရှင်နဲ့ ပတ်သက်ရင် Update ဖြစ်ချင်တယ်။ ဒါကြောင့် ဖက်ရှင်နဲ့ပတ်သက်ပြီး အမြဲလေ့လာပါတယ်။

မေး ။ ။ မောင်လေးက အခုချိန်မှာ အနုပညာလောကထဲ ရောက်လာတာလည်းကြာပြီဆိုတော့ ကိုယ့်ရဲ့သရုပ်ဆောင်မှုအရည် အသွေးကိုရော ဘယ်လိုမြင်လဲ၊ တိုးတက်လာတယ်လို့ မြင်လား

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်ရဲ့ ဟိုးအရင်တုန်းက ရိုက်ခဲ့တဲ့ဇာတ်ကားတွေ Sky Net တို့၊ တခြား ရုပ်/သံလိုင်းတွေကလာရင် TV ကို ထပိတ်ပစ်လိုက်တယ်။ အဲဒီဇာတ်ကားကြည့်ရတာ ကျွန်တော်ကိုယ်တိုင် မခံစားနိုင်ဘူး။ ဒါပေမဲ့ အဲဒီအချိန်ကတည်းက အားပေးခဲ့တဲ့ ပရိသတ်တွေကို တကယ်ကျေးဇူးတင်ပါတယ်။ အခုချိန်မှာ ကျွန်တော့်ဇာတ်ကားကို ကျွန်တော်ကိုယ်တိုင် မကြည့်ရဲလို့ ပိတ်လိုက်ရတဲ့အဖြစ်မျိုး မဖြစ်ချင်ဘူး။ ဘယ်အချိန်ပဲကြည့်ကြည့် ဂုဏ်ယူနေချင်တယ်။ ကျွန်တော်

လုပ်တဲ့ အလုပ်အပေါ်မှာ ယုံကြည် မှုအပြည့်ရှိချင်တယ်။ ဒါကြောင့် အခုနောက်ပိုင်း Quality ရှိတဲ့ ကားတွေပဲ ရိုက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း Quality ရှိအောင် ကြိုးစားနေပါတယ်။ နောက်ပိုင်း ထွက်လာတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ဘယ်ကားပဲဖြစ်ဖြစ် ကျွန်တော် ရဲရဲဝင့်ဝင့် ကြည့်ရဲသွားပါပြီ။

မေး ။ ။ မောင်လေးက Gym ပုံမှန်ကစားတယ်လို့ သိထားရတယ်။ အဲဒီလို နေ့တိုင်းကစားဖြစ်အောင် ဝိတ်ကို ဘယ်လိုပြင်ဆင်လဲဆိုတာ လူငယ်တွေသိအောင် ပြောပြပေးပါဦး

ဖြေ ။ ။ အမှန်အတိုင်းပြောရရင် ကျွန်တော်မကစားချင်တဲ့ ရက်တွေ တွက်လိုက်မယ်ဆိုရင် ၁၀ ရက်မှာ ၉ ရက်လောက်က မကစားချင်ဘူး။ ဒါပေမဲ့ ကျွန်တော်လုပ်တဲ့အလုပ်က မင်းသားအလုပ်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် မင်းသားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ပုံစံ၊ အနေအထား တစ်ခုရှိသင့်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် မကစားချင်လည်း ကစားတယ်။ တစ်ခါတလေအလုပ်က အရမ်းပင်ပန်း တယ်။ ပင်ပန်းလည်း အလုပ်ပြီးတာနဲ့ မရရအောင် သွားကစားတယ်။ ဒါဘာ လို့လဲဆိုတော့ ကိုယ်က အရည်အသွေးမြင့်တဲ့ အလုပ်တွေလုပ် မယ်ဆိုရင် ကာယကံရှင်ကိုယ်တိုင်ကလည်း အရည်အသွေးမြင့်ဖို့လို တယ်လို့ ခံယူထားလို့ အရည်အသွေးမြင့်အောင် ကြိုးစားနေတာပါ။

မေး ။ ။ ဘာကြောင့် Gym ကစားမယ်လို့ ဆုံးဖြတ်ခဲ့တာလဲ

ဖြေ ။ ။ လွန်ခဲ့တဲ့ ၄နှစ်လောက်က ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အချိုးအစားက ပုံပျက်သွားပါတယ်။ ဝလာတယ်။ ဗိုက်ကလည်း ထွက်လာတယ်။ ကျွန်တော်က ပြောင်းလဲရတာကို ကြိုက်တယ်။ ကျွန် တော့်ရဲ့ နောက်ပုံစံတစ်မျိုး ထပ်မြင်အောင် ပြောင်းလဲလိုက်ချင်တယ်။ အဲဒီကနေစပြီး ကျွန်တော် Gym ကစားတယ်။ အခုဆိုရင် Gym ကစားတာ ၄နှစ်ကျော် ၅နှစ်ထဲ ရောက်ပါပြီ။

မေး ။ ။ အဲဒီအချိန်ကစပြီး နေ့တိုင်းကစားခဲ့တယ်

ဖြေ ။ ။ ဟုတ်ပါတယ်။ နေ့တိုင်း ကစားတာပါ။

မေး ။ ။ နယ်တွေကို ဇာတ်ကား ရိုက်ဖို့သွားရင်ရော Gym ကစား ဖြစ်လား

ဖြေ ။ ။ ကစားဖြစ်ပါတယ်။ ကျွန်တော်က နယ်ထွက်ရင် ထုတ်လုပ်သူ ကျွန်တော့်ကို Gym ရှိတဲ့ ဟိုတယ်ငှားပေးပါလို့ ကြိုပြောထားတယ်။ ဒါပေမဲ့ တစ်ခါတလေ ကိုယ်တည်းတဲ့ ဟိုတယ်က Gym မှာ ပစ္စည်းကိရိယာမစုံရင် စုံတဲ့ Gym သွားပြီး ပိုက်ဆံပေးပြီး ကစားတယ်။

မေး ။ ။ Gym မရှိတဲ့ဒေသသွားရရင်ရော

ဖြေ ။ ။ ကျွန်တော့်အိမ်က ပုံမှန် မ,နေကျ ဝိတ်တုံးတွေနဲ့ တန်းတွေကို အမြဲသယ်သွားလေ့ရှိတယ်။ အဲဒါတွေနဲ့ ကစားပါတယ်… လို့ပြောပြသွားခဲ့ပါတယ်။

အားကစားလေ့ကျင့်ရေးခန်းမ Gymထဲမှာ ကာယလေ့ကျင့်ခန်း ပြုလုပ်ကြရာဝယ် အဓိကအားဖြင့် ပြုလုပ်ရသော လေ့ကျင့်ခန်းက ၂မျိုးပဲ ရှိပါတယ်။ ပထမတစ်မျိုးက Cardio Workout လို့ခေါ်တဲ့ နှလုံးကျန်းမာသန်စွမ်းရေးအတွက် ရည်ရွယ်ပြုလုပ်ရသော လေ့ကျင့်ခန်းများဖြစ်တယ်။ သက်လုံကောင်းအောင်၊ အမောခံနိုင်အောင် လေ့ကျင့်ခြင်းလည်းဖြစ်တယ်။ လူသိများတဲ့ ဝေါဟာရသုံးရရင်တော့ Aerobic အေရိုးဗစ်လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက တဖြည်းဖြည်းနဲ့ မှန်မှန်အကြိမ်ရေများများ ပြုလုပ်သော လေ့ကျင့်ခန်း တွေဖြစ်တယ်။ နမူနာအားဖြင့် အမြန်လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ တောင်တက်ခြင်း၊ ကခြင်း၊ ပစ္စည်းကိရိယာမပါသော လက်လွတ် (Free hand) လ့ကျင့်ခန်း များလုပ်ခြင်းတို့ဖြစ်ပါတယ်။ နှလုံးခုန်နှုန်းကို အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့နှုန်းအထိ နည်းနည်းလေး မြန်လာသည်အထိ လုပ်ပေးရတယ်။ ယေဘုယျအားဖြင့် မှတ်ထားချင်ရင်တော့ နည်းနည်းလေးမောပြီး အသက်ရှူမြန်လာသည်အထိ အချိန်ပေးပြီး လုပ်ရသော လေ့ကျင့်ခန်းဖြစ်တယ်။

ဒုတိယအမျိုးအစားကတော့ Anaerobic လေ့ကျင့်ခန်းများဖြစ်တယ်။ အားစိုက်ပြုလုပ်ရသော လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ အလေးတုံးများ၏ အကူအညီယူပြီး အလေးမခြင်း၊ စပရင်ဆွဲခြင်း၊ မိမိ ခန္ဓာကိုယ်အလေးချိန်ကို အသုံးပြု ၍ လုပ်ရသော ဒိုက်ထိုးခြင်း၊ အိပ်çထçမçတင် ပြုလုပ်ခြင်းစသည်တို့လည်း ပါဝင်တယ်။ ြွကက်သားများ၏ လှုပ်ရှားမှုကို အင်အားစိုက်ထုတ်ပြီး ပြုလုပ်ရသော လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ ကိုယ်အလေးချိန်ချလိုသူတွေအတွက် ပိုကောင်းပါတယ်။ ြွကက်သားတွေ အလုပ်လုပ်တဲ့အခါ အဆီပိုတွေထဲမှာ သို လှောင်ထားသော ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ဖြစ်တယ်။

ဒါကြောင့် Gym ကစားမယ်ဆိုရင် ဖော်ပြတဲ့ လေ့ကျင့်ခန်း ၂ မျိုးလုံးပါအောင် တစ်လှည့်စီလေ့ကျင့်သင့်ပါတယ်။

(မင်းသား၏ ခွင့်ပြုချက်ဖြင့် ပုံသုံးခြင်းဖြစ်ပါသည်။)

683 COMMENTS

  1. Woah! I’m гeaⅼly ⅼoving the template/theme of
    this blog. It’s simple, yet effective. A lot of times it’s haed to get that
    “perfect balance” between superb usability ɑnd visuaⅼ appеarance.

    I must sаy you have done a great job with this. In addition, the blog loads very quick for me oon Opera.
    Sᥙperb Blog!

    Here is myy blog post – free local dates

LEAVE A REPLY

Please enter your comment!
Please enter your name here