ပထမဆုံး တစ်ကိုယ်တော်ခွေမှာတင် ပရိသတ်သိရှိလက်ခံသွားတဲ့ အဆိုတော် ထွန်းရတီကို ယခုတစ်ပတ်ရဲ့ မျက်နှာဖုံးရှင်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ ထွန်းရတီဟာ သီချင်းအေးအေးလေးတွေ သီဆိုလေ့ရှိပြီး အခုဆိုရင် တတိယမြောက်တစ်ကိုယ်တော် စီးရီးခွေတောင် ထွက်ရှိပြီးနေပါပြီ။ အခု ထွန်းရတီရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ကျန်းမာရေးလိုက်စားမှုတွေအကြောင်း မေးမြန်းခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မေး ။ ။ လတ်တလော အနုပညာလှုပ်ရှားမှုကို ပြောပြပေးပါဦး

ဖြေ ။ ။ အခုလတ်တလော နယ်ရှိုးတွေ ဆိုဖြစ်နေပါတယ်။ ရတီရဲ့ “သစ္စာဖောက်” ဆိုတဲ့ တတိယတစ်ကိုယ်တော်အခွေထွက်ထားပါတယ်။ ဒီအခွေမှာ သီချင်း ၁၃ ပုဒ်ပါဝင်ပါတယ်။ အသည်းကွဲသီချင်းတွေပိုများပါတယ်။ ရတီ ဆိုနေကျပုံစံနဲ့ အရမ်းကွာသွားတာတော့မရှိပါဘူး။ ဆိုနေကျပုံစံလေးကိုပဲ နည်းနည်းပြောင်းထားပါတယ်။

မေး ။ ။ တေးသံရှင်တစ်ယောက်အနေနဲ့ အသံမဝင်အောင် ဂရုစိုက်မှုကရော

ဖြေ ။ ။ ရတီက နှာစေးချောင်းဆိုးဖြစ်လွယ်တယ်။ ဆီကြော်အစားအစာတွေမစားဘူး။ အဓိက ရေခဲရေနဲ့ ဝက်သားရှောင်ပါတယ်။ အသံအတွက် အရင်တုန်းကတော့ ရတီသင်တန်းတက်ဖြစ်တယ်။ အိမ်မှာ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါတယ်။ အိမ်မှာ အားတဲ့အချိန်ဆိုရင် ကာရာအိုကေဆိုဖြစ်ပါတယ်။

မေး ။ ။ နယ်ခရီးတွေ ထွက်ဖြစ်နေတယ်ဆိုတော့ နယ်ခရီးသွားတဲ့အခါ ကျန်းမာရေးအတွက် ဘယ်လို ကြိုတင်ပြင်ဆင်သွားဖြစ်လဲ

ဖြေ ။ ။ ကိုယ်က ဘယ်ရောဂါအဖြစ်လွယ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သိတဲ့အတွက် ဆေးအမျိုးမျိုး ယူသွားပါတယ်။ တချို့နယ်တွေဆိုရင် မြို့နဲ့အလှမ်းဝေးတော့ ညဘက်ဆိုရင် ဆိုင်တွေစောစော ပိတ်တော့ ဆေးဝယ်ရခက်ခဲပါတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာကိုယ်ပဲ လိုအပ်မယ်ထင်တဲ့ဆေးတွေကို သေချာယူသွားပါတယ်။

မေး ။ ။ ရတီက ဖျားနာလွယ်တဲ့အတွက် တတ်နိုင်သမျှ ဖျားနာမှုမဖြစ်အောင် ဘယ်လိုကာကွယ်လေ့ရှိလဲ

ဖြေ ။ ။ ရတီက ငယ်ငယ်ကတည်းက ချူချာတယ်။ အအေးနည်းနည်း မိတာနဲ့ နှာစေး၊ ချောင်ဆိုးဖြစ်တတ်တယ်။ အဆုတ်ရောင်ရောဂါကာကွယ်ဆေးထိုးဖြစ်တယ်။ ၆ လ တစ်ကြိမ်တုပ်ကွေးကာကွယ်ဆေးထိုးဖြစ်ပါတယ်။

မေး ။ ။ ဆီကြော်အစားအစာတွေကို ဘာ့ကြောင့်ရှောင်ဖြစ်တာလဲ

ဖြေ ။ ။ အရင်ကတည်းက ဆီကြော်မုန့်တွေကို မကြိုက်ဘူး။ အကြာကြီးနေမှ တစ်ခါလောက်ပဲ စားဖြစ်တယ်။ အကြော်တွေကို ထပ်ခါထပ်ခါ ကြော်ထားတဲ့ဆီတွေနဲ့ ကြော်ကြတယ်။ ထပ်ခါထပ်ခါ ကြော်ထားတဲ့ဆီတွေက ကိုယ့်ရဲ့ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ကြွပ်ကြွပ်လေးကြော်မှ ပိုစားကောင်းတယ်ထင်ကြတယ်။ ကြွပ်ကြွပ်လေးဖြစ်အောင် ဘယ်လိုနည်းနဲ့ ကြော်ထားတယ်ဆိုတာ မသိနိုင်ဘူး။ တချို့က အကြော်ကိုကြွပ်အောင်ရေသန့်ဘူးခွံပလတ်စတစ်တွေ ထည့်ကြော်တယ်လို့ ရတီကြားဖူးပါတယ်။ အဲဒီလို ကြားဖူးတော့ ကြွပ်နေအောင် ကြော်ထားတဲ့ အကြော်တွေကို စားရမှာလန့်လို့ မစားဖြစ်တာပါ…

လို့ ပြောကြားသွားခဲ့ပါတယ်။

အဆီဓာတ်က ကြော်ပြီးစားလျှင် ပထမဆုံးကြော်ထားတဲ့ အစားအစာက ပြဿနာသိပ်မရှိလှသော်လည်း အဲဒီကြော်ပြီးသားဆီနဲ့ပဲ နောက်ထပ်စားစရာများကို ကြော်လိုက်မယ်ဆိုရင် နှစ်ပြန်ကြော်ဖြစ်သွားပါမယ်။ နှစ်ပြန်ကြော်၊ သုံးပြန်ကြော် အစားအစာတွေဟာ အသွင်ပြောင်းဆီအဖြစ်ပြောင်းသွားပြီး နှလုံးသွေးကြောကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အူမကြီး ကင်ဆာဖြစ်ရန် အခွင့်အလမ်းလည်း ပိုများစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆီကို ကြော်ချက်မယ်ဆိုရင် တစ်ကြိမ်သာ အသုံးပြုသင့်ပါတယ်။ တစ်ကြိမ် ကြော်ပြီးသားဆီတွေကို အသုံးမပြုတာအကောင်းဆုံးပါပဲ။ စီးပွားဖြစ်ရောင်းတဲ့ စားသောက်ဆိုင်ကရောင်းတဲ့ အချို့သော အကြော်တွေ (အီကြာကွေး၊ စမူဆာ အပါအဝင်) ဟာ နှစ်ပြန်သာမက ၃ ပြန်- ၄ ပြန်ကြော်ထားတာမျိုးတွေတောင် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စီးပွားရေးတွက်ခြေကိုက်အောင်ကြော်ပြီး ရောင်းချသောဆိုင်များမှ အကြော်စာများကို မစားသင့်ပါ။

Photo : Ae Linn Young, Makeup : Bay Bay (Htet Pop Soul), Graphic : Saw Tha Wah

480 COMMENTS

  1. Hello theгe, I found your websіte by means of Ԍooցle whille looking for ɑ comparaƄle subject, your
    website came up, it appear to bbe like great. I have bookmarked
    it in my googlе bоoкmarks.
    Hello there, juswt become alert to yоur weblog via Google, and found
    that it’s really informative. I am gonnɑ be careful for brussels.
    I wiⅼl appreciate when you contіnue tһis in future.
    Many other folks shasll be benefіted from үour writing.
    Cheers!

    Also visit my blog p᧐st; instant loans

  2. І don’t kbow if it’s just mе or if everyboɗy else encօuntering issues with your
    blog. It аpрears like some of the text on yor posts are running off the dating list online free screen. Can someone
    else please provide feedback and let me know if this iis
    happening to them аss well? Thiis may be ɑ issuе with my browser becɑuse I’ve had this haрpen before.
    Thank you

  3. My developer is trying to persuade me to move to .net from PHP.

    I have always disliked the idea because of the costs.
    But he’s tryiong none the less. I’ve been using Movable-type
    on various websites for about a year and am worried about switching to another platform.

    I have heard good things about blogengine.net. Is there a
    way I can import all my wordpress content into it?
    Any kind of help would be really appreciated! https://hydroxychloroquinee.com/

  4. Unquestionably imagine that that you stated. Your favorite justification seemed to be at
    the net the simplest factor to take into account of.
    I say to you, I certainly get annoyed at the same time as other
    folks think about worries that they plainly do not realize
    about. You controlled to hit the nail upon the highest and also outlined out the entire
    thing without having side-effects , people could take a signal.
    Will probably be back to get more. Thank you http://hydroxychloroquined.online/

LEAVE A REPLY

Please enter your comment!
Please enter your name here