လူ့ခန္ဓာကိုယ်တွင် ကင်ဆာ အဖုအကျိတ်များအဖြစ်သို့ မပြောင်းလဲခင်မှာ မူမမှန်ကလာပ်စည်းများအား ဖျက်ဆီးရာတွင် လည်းကောင်း၊ ထောက်လှမ်းရာ တွင်လည်းကောင်း ခုခံအားစနစ် အတွက် အလွန်အရေးပါတဲ့ သွေးဖြူဥများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ သဘာဝအားဖြင့် ကင်ဆာ ကလာပ်စည်းများကို သတ်ပေးနိုင်တဲ့ Natural Killer cells ဆိုတာ ရှိပါတယ်။ မကြာသေးမီက ထိုင်း ဆေးသုတေသနပညာရှင်များဟာ ထိုကလာပ်စည်းများကို အမျိုးသား ကင်ဆာကုထုံးမှာ အထူးသဖြင့် သွေးကင်ဆာဖြစ်နိုင်ခြေရှိတဲ့ လူနာ များအတွက် အောင်မြင်စွာ အသုံးပြုကုသနိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်ဆေးပညာဌာနမှ သုတေသနခေါင်းဆောင် ဒေါက် တာ တိုရာမစ်ဆူပီပက် Dr. Koramit Suppipat ရဲ့ ရှင်းပြချက်အရ TCELS ထိုင်းဇီဝသိပ္ပံစင်တာ မှ ရန်ပုံငွေဖြင့် သွေးကင်ဆာ ကုသ ရာတွင် ဖွံ့ဖြိုးတိုးတက်လာစေမဲ့ ရှေ့ပြေးစီမံချက်ဖြစ်လာတော့မယ်လို့ သိရပါတယ်။ တစ်နှစ်ကြာပြီး နောက် ဆေးပညာဌာန တွဲဖက် ပါမောက္ခ Dr. Udomsak နူဒွန်ဆတ်ရဲ့ အစီရင်ခံစာအရ ရှေ့ပြေး စီမံချက်မှာပါတဲ့ လူနာ ၅ ဦး အနက် ပထမဆုံးလူနာတွင် ရလဒ်များ ကောင်းနေကြောင်း တွေ့ရ တယ်လို့ သိရပါတယ်။ သွေးကင်ဆာ ထပ်မဖြစ်တာကို တွေ့ရလို့ပါ။ ထိုလူနာများတွင် ယခင်က ကုထုံး အမျိုးမျိုးကို မတုံ့ပြန်နိုင်ဘဲ သွေးကင်ဆာပြန်ပြန်ဖြစ်လေ့ ရှိပေမဲ့ ယခုကုထုံးမှာတော့ ဘေးကင်းစိတ်ချရပြီး၊ ထပ်ပြန်မဖြစ်ကြောင်း ဖော် ထုတ်တွေ့ရှိခဲ့ရလို့ပါပဲ။ ၁၉၉၉ ခုနှစ်ကစပြီး ကင်ဆာရောဂါတွေဟာ ထိုင်းနိုင်ငံမှာ အကြီးဆုံး လူသတ်သမားဖြစ်လာခဲ့ပါတယ်။ ယခုအခါ လူပေါင်း တစ်သောင်းခန့် နှစ်စဉ်ရောဂါပြန်ြွကလာပြီး သေဆုံးနေရတယ်။ TCELS ဒုညွှန်မှူး ဆာရာဆတ်ပြောပြချက်အရ ဤအဖွဲ့ဟာ သုတေသီ ၂၀ဝ ဦးနှင့် ပူးတွဲလေ့လာသုတေသနပြုလျက် ကင်ဆာတိုက်ဖျက်ရေး အခွင့် အလမ်းတွေ ပိုမိုတိုးတက်ကောင်း မွန်လာအောင် ဆောင်ရွက်လုပ် ဆောင်နေပြီလို့ ဆိုပါတယ်။

မေ
Ref : Health care asia