အသက် ၃၀ ကျော်နေပေမဲ့ အခုချိန်ထိ အိမ်ထောင်မပြုသေးဘဲ အပူအပင်ကင်းကင်းနဲ့ နေထိုင်နေတဲ့ မမြတ်လေး ခေါ် အေးမြတ်သူကို ယခုတစ်ပတ်ရဲ့ မျက်နှာဖုံးရှင်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ အေးမြတ်သူဟာ အခုဆိုရင် ပရဟိတအလုပ်လေးတွေကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသလို မကြာခဏ ခရီးတွေထွက်နေတာကိုလည်း သူမရဲ့ Facebook ကို ကြည့်ရင် သိနိုင်ပါတယ်။

ခရီးသွားတယ်ဆိုတာ ဒေသန္တရဗဟုသုတ တွေ ရရှိသလို ကျန်းမာရေးအတွက် စိတ်အပန်း ဖြေမှုတစ်ခုပါ။ မမြတ်လေးက သူမကြာခဏ ခရီးထွက်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာ ကတော့…

“အေးမြတ်သူက သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမဲ့ ဒီနှစ်ပိုင်းမှာ ခရီးတွေ အရမ်းသွားဖြစ်နေပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ပြည်ပထက် ပြည်တွင်းခရီးတွေကို ပိုသွားဖြစ်နေတယ်။ အရင် တုန်းကဆိုရင် နီးနီးနားနားနဲ့ ပျော်စရာကောင်း တဲ့ နေရာတွေ သွားတယ်။ အခုနောက်ပိုင်းမှာ ဝေးလံခေါင်းပါးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေကို သွားဖြစ်နေတယ်။ တချို့နေရာ တွေဆိုရင် ဖုန်းလိုင်းတောင် သိပ်မမိဘူး။ TV တောင် မကြည့်ရတဲ့နေရာတွေတောင် ရောက်ဖြစ်ခဲ့ပါတယ်။ ဥပမာ-နာဂတို့၊ ကယားပြည်နယ်၊ ဖရူဆိုက ထေခိုရွာတို့ပါ။”

မမြတ်လေးက အခုလို ခရီးတွေ မကြာခဏ သွားဖြစ်နေပေမဲ့ သူ့ရဲ့အသားအရေကတော့ လှပ စိုပြည်နေဆဲဆိုတာတွေ့ရမှာပါ။ ဒီလိုစိုပြည်နေဖို့ သူ့ရဲ့ အသားအရေထိန်းသိမ်းနည်းကို ပြောပြခဲ့တာကတော့…

“အသားအရေလှဖို့ ရေတော့ ပုံမှန် ချိုးဖို့လိုပါတယ်။ အပြင်ထွက်ရင် နေရောင်ခြည်ကာကွယ်တဲ့ Lotion ကို လိမ်းတယ်။ ညဘက် ရေချိုး ပြီးရင် အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့ ရှားစောင်းလက်ပပ်ပါတဲ့ Lotion ကို လိမ်းပါတယ်။ ဒီတော့ တစ်ညလုံး အသားအရေကို အစို ဓာတ်ထိန်းပေးတယ်။ ပြီးတော့ ညဘက်မှာ ၈ နာရီလောက် အိပ်လိုက်တယ်”…

ဒီလို ဝေးလံခက်ခဲတဲ့ ဒေသတွေကို သွားခဲ့ရတဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့တာကတော့…

“အဲဒီနေရာတွေကို သွားရတာ ပျော်တယ်။ ကိုယ့်ရဲ့ တိုင်းရင်းသားတွေကို တွေ့ရတယ်။ ချစ်စရာကောင်းတဲ့ အလေ့အထတွေကိုလည်း တွေ့ခဲ့ရတယ်။ အဲဒီလို နေရာတွေကိုထဲထဲဝင်ဝင်သွားလိုက်တော့ အဲဒီဒေသက လူတွေ တော်တော်များများက လမ်းပန်းဆက်သွယ်ရေး ခေါင်းပါးတော့ ကျန်းမာရေး ဗဟုသုတကျ တအားနည်းတာတွေ့ရတယ်။ အထူးသဖြင့် အရေပြား ကျန်းမာရေးကို ဂရုမစိုက်ကြဘူး။ အရေပြားယားရင် ကုတ်မယ်။ အနာဖြစ်သွားတာ၊ အသားမာ တက်သွား တာရှိရင်တောင် ဆေးမလူးဘူး။ လူးစရာဆေးလည်း မရှိဘူး။ သူတို့အတွက် အရေပြား ကျန်းမာရေးက အဲဒီလောက် ဂရုစိုက်စရာမလိုဘူးလို့ ထင်နေကြတာပါ။ အဲဒီတော့ သူတို့ အသားအရေကို ကြည့်လိုက်ရင် ခြောက်သွေ့ပြီး စိုစိုပြည်ပြည်မရှိဘူး။ အဲဒီဒေသမှာ သူတို့ကို ကျန်းမာရေးအသိပညာပေးတာတွေလည်းနည်းတာ တွေ့ခဲ့ရပါတယ်”… လို့ ပြောပြခဲ့ပါတယ်။

အရေပြားအပါအဝင် လူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ရမယ်၊ ဘာတွေ ရှောင်ရမယ်၊ ဘာတွေ လိုက်နာရမယ်စတဲ့ ကျန်းမာရေးအသိပညာ ဗဟုသုတတွေကို လူတိုင်းသိရှိလိုက်နာကြဖို့ အရေးကြီးပါ တယ်။ မြို့ပြကဲ့သို့ နေရာမျိုးတွေမှာ နေထိုင်ကြသူတွေတောင် ကျန်းမာရေး ဗဟု သုတ နည်းနေကြသေးတာ ဝေးလံခေါင်းပါး ခရီးသွားလာရန် လမ်းပန်းဆက်သွယ် ရေး မကောင်းတဲ့ဒေသက ပြည်သူတွေဆိုရင် ပိုပြီးတော့တောင် ကျန်းမာရေး ဗဟုသုတ နည်းကြပါလိမ့်မယ်။ အဲဒီလို ဒေသတွေကိုပရဟိတစေတနာ့ဝန်ထမ်းအနေနဲ့ပဲဖြစ်ဖြစ်၊ အခြားအကြောင်းရင်းခံများ ကြောင့်ပဲဖြစ်ဖြစ်ရောက်အောင်သွားပြီးကျန်းမာရေး အသိဗဟုသုတ ဖြန့်ဝေပေးတာတွေ၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ပစ္စည်းများ အခမဲ့ဖြန့်ဝေပေးတာတွေဟာ အဲဒီဒေသတွေမှာ နေထိုင်ကြသူများအတွက် အကျိုးပြုလုပ်ငန်းများဖြစ်တဲ့အတွက် အားပေးထောက်ခံသင့်ပါတယ်။

Photo : ayemyatthuofficalfacebook(amazing grace)

572 COMMENTS

  1. Having reaⅾ this I believed it was rathеr infоrmatіve.
    I alpreciate you findsing the time and energy to put this articⅼe togethеr.
    I once аgain find myself spending a significant amߋunt oof time both reading and p᧐sting comments.

    But sso what, іt was still worth it!

    my page … discount payday loans

LEAVE A REPLY

Please enter your comment!
Please enter your name here