Ranas Regime က ရှားဘုရင် မင်းဆက်များ (Shah Dynasty) ကို ချုပ်ကိုင်ပြီး ဝန်ကြီးချုပ်ရာထူးများ ကို အစဉ်အဆက်ယူလာခဲ့ပြီး၊ ၁၀၄ နှစ်ခန့် ကြာသည့်အခါ Ranas အဆက်အနွယ်များထဲမှ ဘေးရောက်နေခဲ့သော၊ တစ်နည်းပြောရလျှင် ဦးစားပေးမခံရသော အမျိုးအနွယ်များလည်း ရှိခဲ့သည်။ အချင်းချင်း မကျေမနပ်ဖြစ်ခဲ့ကြသော Ranas များလည်း ရှိခဲ့သည်။ အချို့သော Ranas အမျိုးအနွယ်များက ပညာတတ်များဖြစ်လာကြပြီး၊ တောင်အာရှနိုင်ငံများရှိ (အထူးသဖြင့်-အိန္ဒိယနိုင်ငံ) ကျောင်းများနှင့် ကောလိပ်များတွင် ပညာသင်ကြားခဲ့ကြသူများဖြစ် သည်။ ပြည်ပသို့ရောက်နေသော (တိတိကျကျ ပြောရလျှင် အိန္ဒိယ) နီပေါနိုင်ငံသားများ စုစည်းမိကြပြီး အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု၊ လှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံနည်းတူ နီပေါနိုင်ငံကိုလည်း Ranas အဆက်အနွယ်များ၏ အာဏာရှင်တစ်ကိုယ်တော်အုပ်ချုပ်ရေး၊ Autocracy အုပ်ချုပ်ခံဘဝမှ လွတ်မြောက်လိုသောဆန္ဒများ ဖြစ်ပေါ်လာခဲ့ကြသည်။
ဤနေရာတွင် စကားစပ်၍ ဖော်ပြလိုသည်မှာ နီပေါနိုင်ငံသည် အင်္ဂလိပ်၏ နယ်ချဲ့ခြင်းရန်မှ လွတ်မြောက်ခဲ့သော အာရှတစ်နိုင်ငံဟုဆိုရာတွင် အင်္ဂလိပ်တို့က နီပေါနိုင်ငံအား သိမ်းယူခြင်းမပြုရသည့် အကြောင်းရင်းမှာ ရှေ့ပိုင်း၌ ဖော်ပြခဲ့သလို၊ နီပေါနိုင်ငံသည် သယံဇာတ ထုတ်ယူစရာ အကျိုးအမြတ်မရှိသည့်အပြင် နိုင်ငံကြီး နှစ်ခုကြား၌ ရှိနေသော နီပေါနိုင်ငံအား ကြားခံ နယ်မြေတစ်ခုအဖြစ် ထားလိုခြင်းကြောင့်လည်းဖြစ်နိုင်သည်။ နီပေါ၏ တောင်ဘက်တွင် အင်္ဂလိပ်တို့သိမ်းထားသော အိန္ဒိယနိုင်ငံကြီးရှိသည်။ နီပေါ၏ မြောက်ဘက်တွင် တရုတ်ပြည်မကြီးနှင့်တကွ တိဘက်ဒေသရှိသည်။ ထို့ကြောင့် နီပေါကို အခြားမည်သည့်နိုင်ငံများနှင့်မျှ အဆက်အဆံမလုပ်စေဘဲ တစ်ကိုယ်တော် အထီးကျန်ဘဝဖြင့် တည်ရှိနေစေရန် အင်္ဂလိပ်တို့က တမင်ထားခဲ့ခြင်းဖြစ်သည်။ (နီပေါနိုင်ငံအား လွတ်လပ်သော်လည်း အထီးကျန်အဖြစ် ဖြစ်စေခဲ့ သောကြောင့် နီပေါနိုင်ငံ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီတိုးတက်သော နိုင်ငံဖြစ်လာရေးမှာ နှောင့်နှေးခဲ့ရပေသည်။) Ranas ဝန်ကြီးချုပ်များအား အင်္ဂလိပ်က ထောက်ခံအားပေးပြီး Ranas များကလည်း ရှေ့ပိုင်းတွင် ဖော်ပြခဲ့သလို၊ Sepoi Rebellion ခေါ် အိန္ဒိယ၌ ဖြစ်ပွားခဲ့သော နယ်ချဲ့အင်္ဂလိပ်တို့အား အိန္ဒိယ တိုင်းရင်းသားများက ပုန်ကန်သည့် ထြွကမှုတွင် အုပ်စိုးသူ အင်္ဂလိပ် အစိုးရဘက်မှပင် ကူညီတိုက်ခိုက် ပေးခဲ့သည်။ ထို့ပြင် Ranas တို့ အတွက် အမှတ်တက်စေခဲ့သည့် ဆောင်ရွက်မှုတစ်ခုမှာ ထိုစဉ်က တရုတ်ပြည်မကြီး၏ ပိုင်နက်နယ်နိမိတ်အဖြစ်တရားဝင်ကြေညာခြင်း မပြုခဲ့သေးသော တိဗက်တို့နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် Ranas တို့အုပ်စိုးထားသည့် နီပေါက တိဘက်တို့ကိုအနိုင်ရလိုက်ခြင်းဖြစ်သည်။
၁၉၂၃ ခုနှစ်တွင် နီပေါတို့က ဗြိတိသျှတို့နှင့် အပြန်အလှန် ချစ်ကြည်ရေး၊ ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရေး သဘောတူစာချုပ်ကို ချုပ်လိုက်ပြန်သည်။ ခတ္တမန္ဒူမြို့ရှိ ဗြိတိသျှကိုယ်စားလှယ်အဆင့်ကို သံအမတ်ကြီးအဆင့်အဖြစ်တိုးမြှင့် ဆက်ဆံခဲ့သည်။
ထိုကဲ့သို့ နီပေါဘုရင့်အစိုးရက (တကယ်တော့ Ranas ဝန်ကြီးချုပ်များ ချုပ်ကိုင်သော အစိုးရ) ဗြိတိသျှတို့နှင့် ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုထားသည့်အတွက် ၁၉၃၉ ခုနှစ်၌ ဂျာမန်တို့ ပိုလန်နိုင်ငံကို ကျူးကျော်ဝင်ရောက်သောအခါ နီပေါက ဂျာမနီအား စစ်ကြေညာပေးခဲ့လိုက်သေးသည်။
ထိုမျှမကပါ ဂျာမနီနှင့် ဝင်ရိုးတန်းနိုင်ငံဖြစ်သော ဂျပန် ဖက်ဆစ်တို့က အာရှကို ဝင်ရောက် လာသောအခါ နီပေါဘုရင့်တပ်မတော် (အများသိကြသည့် အမည်မှာ ဂေါ်ရခါးစစ်တပ်) မှ တပ်ရင်း ၁၆ ခုက မြန်မာပြည် စစ်မြေပြင် တွင် မဟာမိတ် ဗြိတိသျှတို့ဘက်မှ ကူညီ၍ ဂျပန်အား တိုက်ခိုက်ပေးခဲ့ ကြလေသည်။ ကမ္ဘာပေါ်တွင် ရဲရင့်သတ္တိနှင့် ပြည့်စုံသော ဂေါ်ရခါး တပ်သားများကိုသာမက စစ်လက်နက်ပစ္စည်းများ၊ ပေါင်ပေါင်းများစွာ အလေးချိန်ရှိသော လက်ဖက်ခြောက်၊ သကြား၊ သစ်များ စသည် တို့ကို မဟာမိတ်တပ်များအတွက် ထောက်ပံ့ကူညီခဲ့သည်။
ဒုတိယကမ္ဘာစစ် ပြီးသွားသောအခါ အိန္ဒိယလည်း လွတ်လပ်ရေး ရသွားသည်။ ရှေ့ပိုင်းတွင် ဖော်ပြခဲ့ သည့်အတိုင်း အိန္ဒိယသို့ ရောက်နေ သော နီပေါပညာတတ်ပုဂ္ဂိုလ်များ က မိမိတို့ နီပေါနိုင်ငံအား Ranas အုပ်ချုပ်ရေးကို တော်လှန်ပြောင်းလဲရန် စိတ်အားထက်သန်လာကြသည်။ ၎င်းတို့က နိုင်ငံရေးပါတီများကို အိန္ဒိယမှာနေရင်း ဖွဲ့စည်းခဲ့ကြရာ နမူနာအားဖြင့် နီပါလီ ကွန်ဂရက်ပါတီကဲ့သို့သော အင်အားတောင့်တင်းသည့် နိုင်ငံရေးပါတီကြီးများ ပေါ်ထွက်လာကြသည်။ မျိုးချစ်စိတ်ဓာတ်ရှိသော ပြည်ပရောက် နီပေါ ခေတ်ပညာတတ်များက အာဏာရှင် Ranas အုပ်ချုပ်ရေးကို ယှဉ်ပြိုင်နိုင်ရန်အတွက် ပါတီပိုင်လက်နက်ကိုင် တပ်ဖွဲ့များကိုဖွဲ့စည်းလာခဲ့သည်။ သို့နှင့် နီပေါကွန်ဂရက်လွတ် မြောက်ရေးတပ်မတော်က ဦးဆောင်ပြီး “၁၉၅၁ ခုနှစ် တော်လှန်ရေး” ဟု အမည်တွင်သော ဒီမိုကရေစီအရေး လှုပ်ရှားမှု တစ်ရပ် နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ ထိုတော်လှန်ရေးက Ranas တို့ ချိုးနှိမ်ထားသောရှား Shah Family မှ မင်းဆက်ကို ပြန်လည်အာဏာအပ်နှင်းခြင်းဖြင့် အဆုံးသတ်ခဲ့သည်။
လှုပ်ရှားမှုကို ဦးဆောင်သော နိုင်ငံရေးပါတီသုံးခု သဘောတူညီချက်အရ Ranas အဆက်အနွယ် မဟုတ်သော သူတစ်ဦးအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ထိုအစိုးရက ၁၉၅၀ ပြည့်လွန် နှစ်များတွင် ပြည်သူများ ရွေးချယ် တင်မြှောက်သော ကိုယ်စားလှယ်များ ပါဝင်သည့် ဒီမိုကရေစီအစိုးရ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးနိုင်ရန် နီပေါနိုင်ငံ အခြေခံဥပဒေကို မူဘောင်များ ချမှတ်ပေးနိုင်ခဲ့သည်။ ၎င်းတို့က ကြားဖြတ်အစိုးရ ဥပဒေကြမ်းကို ရေးဆွဲနိုင်ခဲ့ကြသည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)

399 COMMENTS

  1. hello there and thank you for your information – I’ve definitely picked
    up something new from right here. I did however expertise several technical
    issues using this website, since I experienced to reload the site lots of times previous to I
    could get it to load correctly. I had been wondering if your hosting
    is OK? Not that I’m complaining, but slow loading instances
    times will sometimes affect your placement in google and could damage your high quality score if
    ads and marketing with Adwords. Well I’m adding this RSS to my e-mail and could look out for much more of your respective exciting content.
    Make sure you update this again soon. http://antiibioticsland.com/Doxycycline.htm

LEAVE A REPLY

Please enter your comment!
Please enter your name here