၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ပိုင်ရှင်မဲ့တိရစ္ဆာန်လေးများနေ့ ဖြစ်ပါတယ်။ International Homeless Animals Day ကို The International Society for Animal Rights အဖွဲ့မှ ၁၉၉၂ ခုနှစ် တွင် စတင်ကျင်းပခဲ့ပြီး၊ နှစ်စဉ်နှစ်တိုင်း ဩဂုတ်လ၏ တတိယပတ် တနင်္ဂနွေနေ့ကို သတ်မှတ်ခဲ့ပါတယ်။

ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝန်းမှ ခွေးနှင့်ကြောင် အကောင်ရေများပြားလာခြင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ပိုင်ရှင်မဲ့ တိရစ္ဆာန် များ များပြားလာခြင်းတို့ အပေါ် သတိပြုမိလာပြီး ပူးပေါင်း ပါဝင်ဖြေရှင်း ဖို့ ဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်ကတော့ ပိုင်ရှင်မဲ့ တိရစ္ဆာန်လေး များ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခံရခြင်း၊ စွန့်ပစ်ခံရခြင်းတို့မှကာ ကွယ်ပေးရန်နှင့် ပေါက်ဖွားပွားများမှုကို ထိန်းချုပ်ရန် ဖြစ်ပါတယ်။ တစ်နည်း ပြောရလျှင် ခွေး၊ ကြောင် Over Population ဖြစ်ခြင်းနှင့် ပိုင်ရှင်မဲ့ ခြင်းဟူသော အကြောင်းခြင်းရာကို လုံးဝရပ်တန့်စေဖို့ပဲ
ဖြစ်ပါတယ်။

ယခုနှစ် ဆောင်ပုဒ်ကတော့ “Become Part of the Solution” ဖြစ်ပြီး ပိုင်ရှင်မဲ့ ခွေး၊ ကြောင်လေးများကိစ္စ ပြေလည်အောင် ဖြေရှင်း ဆောင်ရွက်ရာမှ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်ဖို့ဖြစ်ပါတယ်။ ပြေလည်အောင် ဖြေရှင်းဆောင် ရွက်တဲ့နည်းလမ်း (Solution) တွေ က ဘာတွေလဲ-

၁။ သန္ဓေတားခြင်း၊ သားကြောဖြတ်ခြင်း
၂။ မွေးစားမည့်သခင် ရှာပေးခြင်း
၃။ ပိုင်ရှင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို မြှင့်တင်ပေးရန်နှင့် စွန့်ပစ်ခြင်းမှ ကာကွယ်ရန် Microchip ပြုလုပ်ခြင်း

ကမ္ဘာနဲ့အဝှမ်း ကြုံတွေ့နေရတဲ့ ခွေး၊ ကြောင် ကောင်ရေပွားများ ခြင်းကို ဖြေရှင်းဆောင်ရွက်တဲ့ နေရာမှာ လူသားဆန်ဖို့တော့ လိုပါ တယ်။ လူတိုင်းသည် Solution ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ကူညီ ဆောင်ရွက်ရမည့်ဝတ္တရား ရှိပါတယ်။

ခိုင်မွန်ကျော်