ညအိပ်နေစဉ်အချိန်အတွင်း လူတို့ပြုလုပ်သော အလင်းရောင် အမျိုး မျိုး၊ နမူနာအားဖြင့် ရုပ်မြင်သံကြားများ၊ ညတွင်ထွန်းညှိသော မီးများ ကြောင့် အမျိုးသမီးများတွင် ကိုယ်အလေးချိန်အနည်းငယ် တက်လာစေ နိုင်ကြောင်း ၅နှစ်ကြာ ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ တွေ့ရှိရပါတယ်။ အလင်းရောင် အနည်းငယ်ရှိနေစဉ်တွင် အိပ်စက်ရတဲ့ အမျိုးသမီးများရဲ့ ၁၇ ရာခိုင်နှုန်းကျော်သည် ၅ကီလိုဂရမ်ခန့် ကိုယ်အလေးချိန် တက်လာကြ ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီပြဿနာဟာ အိပ်ရေးဝအောင်အိပ်ခြင်း၊ အစားအစာနှင့် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများ ပုံမှန်အတိုင်း ဖြစ်နေရင် တောင်မှ ညအိပ်နေစဉ် အလင်းရောင်ရှိနေတာလေး သက်သက်နှင့် ကိုယ် အလေးချိန်တက်ရခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ အိပ်ပျော် နေစဉ်မှာ အလင်းရောင်များရှိနေပါက အိပ်ပျော်စေသော ဟော်မုန်းဖြစ် သည့် မလာတိုနင် ဟော်မုန်းထုတ်လုပ်ခြင်းကို ချိုးနှိမ်ပြီး အိပ်စက်ခြင်း စက်ဝန်းကိုလည်း အနှောင့်အယှက်ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ညအိပ် ချိန်ရှိနေသော အလင်းရောင်သည် နာတာရှည်စိတ်ဖိစီးမှုတစ်ခုအဖြစ်နှင့် အမျိုးသမီးများအပေါ်တွင်သက်ရောက်မှုရှိကြောင်းသိရပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝအောင်အိပ်ခြင်း၊ အိပ်စက်နေစဉ် အလင်းရောင်များ၊ အီလက် ထရောနစ်ပစ္စည်းများမှထွက်သော အလင်းရောင်များကိုရှောင်ကြဉ်ရန် သုတေသီများကတိုက်တွန်းလိုက်ပါတယ်။

မောင်
Ref : Healthcare asia