အခုနောက်ပိုင်းမှာ ရုပ်မြင်သံကြားလိုင်းတွေက ဇာတ်လမ်းတွဲတွေ ရိုက်ကူးလာကြပါတယ်။ ဒီဇာတ်လမ်းတွဲတွေထဲမှာ သရုပ်ဆောင်တာကို ဝါသနာပါတဲ့ ရွက်ပုန်းသီးလေးတွေကို ဖော်ထုတ်ပြီး ပါဝင်သရုပ်ဆောင်စေခဲ့ပါတယ်။ ဒီလို ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခွင့်ရရှိပြီး အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာကြတဲ့ သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေလည်း အများကြီး ပေါ်ထွက်နေပါပြီ။ အခု MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်ရရှိပြီး အနုပညာလောကထဲကို ရောက်ရှိလာခဲ့တဲ့ မင်းသား Tyron ကို ယခုတစ်ပတ်ရဲ့ မျက်နှာဖုံးရှင်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

မေး ။ ။ အနုပညာလောကထဲကို ဘယ်လိုစတင်ဝင်ရောက်ခဲ့တာလဲ

ဖြေ ။ ။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ မော်ဒယ်လ်ပြိုင်ပွဲတစ်ခုကို စတင်ပြိုင်ဖြစ်ခဲ့ပြီး အနုပညာလောကထဲကို ဝင်ရောက်ဖြစ်ခဲ့တာပါ။ အဲဒီပြိုင်ပွဲမှာ ဆုမရရှိခဲ့ပါဘူး။ နောက်ပိုင်း MTV တွေနဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ဖြစ်ပါတယ်။

မေး ။ ။ လတ်တလော အနုပညာလှုပ်ရှားမှုကရော

ဖြေ ။ ။ လတ်တလော MRTV-4 က ရိုက်ကူးတဲ့ “မနေ့ကဖြစ်သည် (၂)” ဇာတ်လမ်းတွဲ၊ “ရောင်နီမျှော်တဲ့ နွေဦး” ဇာတ်လမ်းတွဲ၊ mini series “လိပ်ပြာခေါင်မိုး” ဇာတ်လမ်းတွဲ တွေရိုက်ကူးနေပါတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ မကြာခင်မှာ ရုံတင်တော့မဲ့ “တစ်ခုလပ်” ရုပ်ရှင်ကားမှာ ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပါတယ်။ ပြီးတော့ “ရန်ကုန်မြို့ပြ” ရုပ်ရှင်ကားကြီးကို ဒါရိုက်တာညိုမင်းလွင်နဲ့ ရိုက်ကူးထားပါတယ်။

မေး ။ ။ သရုပ်ဆောင်လုပ်ဖို့အတွက် ဘယ်လိုကြိုတင်ပြင်ဆင်ခဲ့ရလဲ၊ အခက်အခဲတွေရော ကြုံခဲ့ရလား

ဖြေ ။ ။ သရုပ်ဆောင်လုပ်ဖို့အတွက် ၁/၂၀၁၄ ရုပ်ရှင်အစည်းအရုံးမှာ သင်တန်းတက်ပြီး သင်တန်းဆင်းလက်မှတ်ရခဲ့ပါတယ်။ နောက်ပိုင်း သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ဆက်ပြီး လေ့လာဖြစ်ပါတယ်။ အခက်အခဲတော့ ထွေထွေထူးထူး မရှိခဲ့ပါဘူး။ ဆရာသမားတွေနဲ့ ရုပ်ရှင်လောကက ညီအစ်ကိုမောင်နှမတွေကလည်း ကူညီကြပါတယ်။ ပရိသတ်လက်ခံနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကျွန်တော်ကြိုးစားသွားပါမယ်။

မေး ။ ။ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့အတွက် လေ့ကျင့်ခန်းလုပ်လေ့ရှိလား

ဖြေ ။ ။ ခန္ဓာကိုယ်ကျစ်လျစ်ဖို့အတွက် Gym ကစားဖြစ်ပါတယ်။ အနုပညာအလုပ် မလုပ်ခင်ကတည်းက Gym ကစားဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်း တစ်နေ့ကို ၄၅ မိနစ်လောက် Gym ကစားဖြစ်ပါတယ်။ ၃ရက်ကစား တစ်ရက်နား၊ နှစ်ရက်ကစား တစ်ရက်နား Gym ကစားဖြစ်ပါတယ်။

မေး ။ ။ Gym ကစားတာက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးရရှိစေလဲ

ဖြေ ။ ။ Gym ကစားခြင်းဖြင့် သက်လုံကောင်းစေတယ်၊ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေ ဖြစ်တယ်။ အားကစားလုပ်နေတဲ့အတွက် မူးယစ်ဆေးဝါး၊ အရက်စတာတွေကို ထိန်းချုပ်ပြီး မလုပ်ဖြစ်တော့ဘူး။ ရှောင်ဖြစ်တယ်။ နေ့စဉ်လုပ်ရမဲ့ လုပ်ငန်းတာဝန်အဖြစ် Gym ကစားဖြစ်တဲ့အတွက် စိတ်အပန်းလည်း ပြေစေပါတယ်… လို့ ပြောကြားသွားခဲ့ပါတယ်။

ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ဖို့ အခုခေတ်မှာတော့ ပိုပြီး လွယ်လာတယ်။ စနစ်တကျနဲ့ ပျော်ရွှင်ဖွယ်ဖြစ်အောင်လည်း ဖန်တီးလာနိုင်ပြီဖြစ်တယ်။ အားကစားလေ့ကျင့်ခန်းမ Gym တွေ မြို့ကြီးပြကြီးတွေမှာ ပေါ်ပေါက်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်လူရွယ်များအတွက် ပိုပြီးအဆင်ပြေစေပါတယ်။ ငွေကြေးကုန်ကျမှု အနည်းငယ်ရှိပေမဲ့ Gym မှာ သွားပြီးကစားကြတဲ့အခါ စတိုင်လ်ကျကျနဲ့ ဖက်ရှင်တစ်ရပ်လိုဖြစ်နေလို့ ဆယ်ကျော်သက်အမျိုးသား၊ အမျိုးသမီးလေးတွေ စိတ်ဝင်တစား သွားရောက်လေ့ကျင့်လေ့ရှိတဲ့ နေရာဖြစ်လာပါတယ်။ လေ့ကျင့်စရာ အထောက်အကူပြုအားကစားပစ္စည်းတွေ စုံလင်တော့ လေ့ကျင့်ခန်းလုပ်ရတာ မငြီးငွေ့တော့ဘူးပေါ့။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိထိရောက်ရောက်နဲ့ ပုံမှန်လုပ်နိုင်ဖို့တော့လိုပါတယ်။ စိတ်ပါတဲ့အခါမှ သွားတာမျိုးမဖြစ်စေချင်ပါဘူး။

Photo by – Nyar Na Graphic – Saw Tha Wah

862 COMMENTS

  1. Hmm іt seems lіke your blog aate my first ϲomment (it was extremely long) so
    I guess I’ll juwt sum it up what I had written and say, I’m tһoroughly enjoying your blog.
    I too am an aspiring blog writer but I’m still new to the wһole thing.
    Do you have any suggestions for rookie blog writers?

    I’d genuinely appreciate it.

    Herre is my web page – same day payday loans