သင် အသက် ၂၀ အရွယ်ရောက်တဲ့အခါ ဖြူစင်ပြည့်စုံသော ပြုံးအလှပိုင်ရှင်ဖြစ်ချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကော သင်၏ မိဘ အုပ်ထိန်းသူများကပါ အဲဒီလို ဖြစ် လာဖို့အတွက်သင်ကလေးငယ်ဘဝ ကတည်းက ပြုစုထိန်းသိမ်းပေးဖို့ လိုပါတယ်။ အဲဒီစိတ်ကူးက သိပ် ကောင်းတယ်လို့တော့ မထင်ရပါဘူး။ အကြောင်းကတော့ ငယ်သွား၊ နို့စို့သွားများသည် အဲဒီ လူတစ်ယောက်အတွက် အရေးမကြီးလို့ ဖြစ်ပါတယ်။ အဲဒီ ငယ်သွား သို့မဟုတ် နို့စို့သွားများဟာ ကလေး ၆နှစ်အရွယ်လောက်ကစပြီး ကျွတ် သွားကြမှာဖြစ်လို့ဖြစ်တယ်။
ငယ်သွား သို့မဟုတ် နို့စို့သွားက အနေအထားကလည်း ကောင်းပြီး ခိုင်နေမယ်ဆိုရင်ကြီးသွား သို့မဟုတ် အမြဲတမ်းရှိနေမဲ့ သွားများ ပေါက်လာနိုင်ဖို့အတွက် လမ်းညွှန်ကောင်းတစ်ခု ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီငယ်သွားများ ကျွတ်သွားသောအခါ အဲဒီနေရာမှာပဲ နောက်ကနေ ပေါက်လာမဲ့ ကြီးသွားများအတွက် တစ်သက်လုံး အနေအထားမှန်ကန်စွာဖြင့် ပေါက်နိုင်မှာဖြစ်သောကြောင့်ပါပဲ။ ငယ်သွားများဟာ စုပြုံပြီး ပေါက်နေတယ်ဆိုရင် ကြီးသွားတွေကလည်း အဲဒီအတိုင်းပဲစုပြုံကာ အထပ်အထပ်တွေဖြစ်ပြီး ပေါက်လာတတ်ပါတယ်။ တကယ်လို့ ငယ်သွားဟာ သွားပိုးစားပြီး နုတ်လိုက်ရတယ်ဆိုရင် ကြီးသွားက အဲဒီသွားရဲ့ ဘေးတစ်ဖက်တစ်ချက် နေရာအလွတ်မှာ တည့်တည့် မတ်မတ်အပေါ်ကိုတက်ပြီး ပေါက်လာဖို့ ခဲယဉ်းတတ်ပါတယ်။
ဒါကြောင့် နို့စို့သွား သို့မဟုတ် ငယ်သွားများကိုလည်း ငယ်ငယ် လေးကတည်းက သူတို့စပေါက်လာကတည်းက ကောင်းစွာ ဂရု စိုက်ဖို့ အရေးကြီးပါတယ်။ ကလေးများအား သစ်သီးဖျော်ရည်ထည့် ထားသော ပုလင်းများကို စို့လို့ရအောင် နို့သီးခေါင်းအတုနဲ့တပ်ပြီး ပေးတာမျိုး ဘယ်တော့မှ မလုပ် ပါနဲ့။ ဖျော်ရည်ထဲမှာပါတဲ့ အချို ဓာတ်တွေက သွားအားလျင်မြန်စွာ ပိုးစားစေပြီး ကြီးလာလျှင်လည်း အချိုကြိုက်သွား ပါလိမ့်မယ်။ ကလေးများအား အတန်အသင့်မာသော ဝါးစရာများ ပေးခြင်းကို လည်းလုပ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အနည်းငယ်မာ တဲ့ စားစရာကို ဝါးရတဲ့အခါ တကျွတ်ကျွတ်အသံထွက်ပြီး အဲဒီ လိုကိုက်ဝါးခြင်းအပြုအမူက မေးရိုးကြွက်သားများအား လေ့ကျင့်ခန်း လုပ်ပေးရာရောက်တဲ့အတွက် သွားများညီညာဖြောင့်တန်းစွာ ပေါက် လာနိုင်ရေးအတွက် အထောက်အကူပြုပါတယ်။
အစားအသောက် ဆင်ခြင်ဂရုစိုက်စားသောက်ခြင်းက သွားတွေ ပိုးစားပြီး ကျွတ်ထွက်သွားရသည့်အဖြစ်မျိုးကိုလည်း နည်းစေပါတယ်။ အထူးရှောင်စရာမဟုတ်ပါ။ အချိုတွေ အများကြီးမစားဖို့နဲ့ ကော်စေးပါသော စားစရာများ လျှော့ရန်၊ ရှောင်ရန် ဖြစ်တယ်။ မှန်ကန်သင့်တော်သော သွားပွတ် တံဖြင့် ပုံမှန်သွားတိုက်ခြင်းကလည်းအရေးကြီးပါတယ်။ ဒါ့အပြင် သွားဘက်ဆိုင်ရာ ဆရာဝန်ထံ ပုံမှန်သွားရောက် ပြသဖို့လည်း လိုပါတယ်။ ဖလိုရိုက်သတ္တုဓာတ်ကို ဆေးပြားအဖြစ်သော်လည်း ကောင်း၊ အစက်ချအရည်အဖြစ် သော်လည်းကောင်း၊ သွားတိုက် ဆေးထဲမှာ ထည့်၍သော်လည်း ကောင်း သုံးစွဲခြင်းဖြင့် သွားပိုး စားခြင်းကို ကာကွယ်နိုင်ပါတယ်။

T