အရည်အသွေးမီ ကုန်ပစ္စည်း၊ အရည်အသွေးမီဝန်ဆောင်မှုတို့ကို ဝယ်လိုသူတို့ လိုက်လံရှာဖွေကြသည်။ ရောင်းလိုသူတို့အားထုတ် ဖန်တီး ကြသည်။ အရည်အသွေးမီ စားဖွယ်ဟင်းလျာတစ်ပွဲအတွက် လမ်းကြို လမ်းကြားအထိ အရောက်လာစားကြသည်။ အရည်အသွေးမီ ချုပ်ထည် တစ်စုံအတွက် အပ်ချုပ်သည်၏ ရက်ချိန်းအပြောင်းအလဲကို သည်းခံစောင့် ဆိုင်းကြသည်။ အရည်အသွေးမီ ကွန်ဒိုတိုက်ခန်း ပိုင်ဆိုင်နိုင်ရန် ဝင်ငွေ တချို့ ဘေးဖယ်စုဆောင်းပြီး ရင်းနှီးမြှုပ်နှံကြသည်။
အရသာခံရုံသက်သက်အတွက် အထူးစီမံထားသောဟင်းတစ်ခွက်ကို မစားရလည်းဖြစ်ပါသည်။ အများသူငါအလယ်တွင် မော်ြွကားပလွှား နိုင်ရန် ဖက်ရှင်ဒီဇိုင်နာထံသို့ အပ်နှံသောဝတ်စုံကိုမဝတ်ရုံရလည်း အရေး မကြီး။ အပိုဆောင်းဝန်ဆောင်မှု အြွေခအရံကောင်းများနှင့် ကွန်ဒို နန်း တော်တွင် မပျော်စံရလည်းကိစ္စမရှိ။ အဆိုပါဝန်ဆောင်မှုနှင့် ကုန်ပစ္စည်း နမူနာတို့သည် စားသုံးသူတို့၏ ဝယ်ချင်စိတ်နှင့် ဝယ်လိုအားပေါ်တွင် မူတည်သည်။ ငွေကြေးတတ်နိုင်သော ကြိုက်သူများလျှင် အပြိုင်အဆိုင် ဝယ်ကြမည်။ ရောင်းအားကိုကျော်လွန်၍ ဝယ်အားများသွားသောအခါ ဝယ်ချင်၊ ဝယ်နိုင်လျက်နှင့် မဝယ်လိုက်ရသူများရှိနိုင်သည်။ ရောင်းဈေး က မြင့်မားလွန်းသောကြောင့် ဝယ်ချင်လျက်နှင့် မဝယ်နိုင်သူများလည်း ရှိနိုင်သည်။
ဈေးကွက်ဝင် ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းများအတွက် ဈေး ကွက် ပေါက်ဈေးကိုပေးချင်မှ သို့မဟုတ် ပေး နိုင်မှ စံချိန်မီအရည်အသွေးကို ရလိမ့်မည်ဟုသတ်မှတ်၍ ရသည်။အပြိုင်အဆိုင် ဝယ်ကြရင်းမရလိုက် လည်း အပြစ်ပြော ရန်မလို။ ငွေကြေး မတတ်နိုင်သော ကြောင့် ဘေးချန်ခံ ရလည်းဘာမှ မပြော သာ။ ဈေးကွက်၏ ပြဌာန်းချက်ကသာ ပဓာနဖြစ်သည်။ သို့သော် ဈေးကွက် နှင့် ပတ်သက်သလိုလို၊ မပတ်သက်သလိုလိုနှင့် ဈေးဗန်းထဲထည့်ရောင်း နေသောဝန်ဆောင်မှု တချို့ရှိနေသည်။ ၄င်းတို့အနက် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုက တစ်ခုအပါအဝင် ဖြစ်နေသည်။
အသက်ရှည်၍ အနာမဲ့ ကြောင်းသည် လူတိုင်းမျှော်မှန်းခွင့် ရှိသော အခြေခံအခွင့်အရေးဖြစ် သည်။ သက်တမ်းစေ့ ရှင်သန်ရန် အခွင့်အလမ်း၊ အနာရောဂါ ပျောက်ကင်းသက်သာရန် အခွင့် အလမ်း၊ ရောဂါရပြီးနောက် လူစဉ် မမီမကျန်ရစ်ရန် အခွင့်အလမ်း တို့ကိုလူတိုင်းလက်လှမ်းမီသင့်သည်။ ဈေးကွက်ဝင်ဝန်ဆောင်မှုမဟုတ်သော ကြောင့် ဈေးကွက်ပေါက်ဈေးကိုပေးချင်မှ သို့မဟုတ် ပေးနိုင်မှစံချိန်မီ အရည်အသွေးကို ရလိမ့်မည်ဟု မသတ်မှတ်သင့်ပေ။ အပြိုင်အဆိုင် လု ဝယ်ကြ၍ ဝန်ဆောင်မှုကောင်းကို မရလိုက်ဆိုသည်ကလည်း မဖြစ်သင့်ပါ။ငွေကြေးမတတ်နိုင်သောကြောင့် ဘေးချန်ခံရမည်ဆိုလျှင် မတရားပေ။
သို့သော်ယခုကာလသည် “လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage)” ပန်းတိုင်သို့ အရောက်သွားနိုင်မည့် လမ်းခရီးကို ဖောက်လုပ်နေဆဲအချိန်ဖြစ်သည်။ မည်သည့်ဝန်ဆောင်မှု အမျိုးအစား များအတွက် မည်သည့်ဘဏ္ဍာငွေအရင်းအမြစ်မှတစ်ဆင့် မည်သူက မည်သူ့ကို မည်သို့ပေးမည်နည်းဟူသောမေးခွန်း အစဉ်တန်းကြီးအတွက် အဖြေရှာနေကြသည်။
ထိရောက်သော အခွန်ကောက် စနစ်က မဖွံ့ဖြိုးသေးသောကြောင့် အလုံးစုံ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆိုသည်က မဖြစ်နိုင်သေးပါ။ လူမှုဖူလုံရေးအာမခံစနစ်က အလုပ်သမား၊ ဝန်ထမ်းအားလုံးကို မလွှမ်းခြုံ နိုင်ပါ။ စာရင်းမပေါက် ရေဒါအောက်ပျောက်နေသော ဝန်ထမ်း အလုပ် သမားများ၊ တနိုင်တပိုင်လုပ်ငန်းရှင်များ၊ ခေါင်းရွက်ဗျပ်ထိုးများ၊ လမ်းဘေး ဈေးသည်များ၊ ကြုံရာကျပန်းလုပ်ကိုင်သူများ၊ ဒုနှင့်ဒေးရှိနေသောကြောင့် ဖြစ်သည်။ ပုဂ္ဂလိကကျန်းမာရေးအာမခံဈေးကွက်ကလည်း မတ်တတ် မစမ်းသေးပါ။ လူအများစုက ဘာမှမဖြစ်သေးခင် ကျန်းမာရေးအတွက် ကြိုတင်ငွေမပေးချင်ကြ။ အာမခံကုမ္ပဏီများကလည်း သူတို့အစီအစဉ် တို့ကို လူအများမက်လောက်အောင် ချမပြနိုင်ကြပေ။
ထို့ကြောင့် လူအများစုသည် အနာရောဂါဖြစ်လာသောအခါ ကိုယ့်ငွေ အိတ်ကိုယ်ပိုက်၊ ကိုယ့်ပိုက်ဆံကိုယ်ရှာ၊ ကိုယ့်ပစ္စည်းကိုယ်ပေါင်၊ ကိုယ့် လယ်ယာကိုယ်ရောင်း ကိုယ်နည်းကိုယ့်ဟန် ကြိုးစားရုန်းကန်ရင်း ပုဂ္ဂလိက ဆေးရုံဆေးခန်းများသို့ ရောက်လာကြသည်။ ပြည်သူ့ဆေးရုံကြီးများ၊ ကျန်းမာရေးဌာနများသို့ သွားသူများလည်းရှိကြသည်။ သို့သော် ဤနေရာ တွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို အဓိကထား ဆွေးနွေးပါမည်။ ကျန်းမာရေးဝန်ဆောင်မှုအတွက် ကိုယ့်စရိတ်ကိုကိုယ်တိုင်ကျခံ၍ သုံးစွဲ လာသူအရေအတွက် များပြားခြင်းကြောင့် ပုဂ္ဂလိကဆေးရုံ ဆေးခန်း လုပ်ငန်းသည် အောင်မြင်သော စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်နေသည်။
ပုဂ္ဂလိကဆေးရုံဆေးခန်းများသို့ ရောက်ရှိလာသူများသည် မိမိ ကိုယ်တိုင်၊ မိမိသားသမီး၊ မိမိမိဘဆွေမျိုး၊ မိမိမိတ်ဆွေသင်္ဂဟ တစ်ဦးဦး၏ အသက်ကိုကယ်ချင်ကြသည်။ အနာရောဂါ ဘေးကင်းစေချင်ကြသည်။ လူစဉ်မမီကျန်ရစ်မှာကိုစိုးရိမ်ကြသည်။ ထိုကြောင့် အရည်အသွေးမီသော ကျန်းမာရေးဝန်ဆောင်မှုကို ရချင်ကြသည်။ ခက်သည်ကအရည်အသွေးမီ သော ကျန်းမာရေးဝန်ဆောင်မှုကိုမည်သို့ အဓိပ္ပာယ်ဖွင့်မည်နည်း။ ဝန် ဆောင်မှုရယူလိုသူတို့၏ အယူအဆ၊ ဝန်ဆောင်မှုပေးသူများ၏ အယူ အဆ၊ စီမံခန့်ခွဲသူတို့၏ အယူအဆအားလုံး မတူညီနိုင်ပေ။ သို့သော် အားလုံးလည်း မကွဲလွဲနိုင်ပေ။
ထိုအခါ အရည်အသွေးမီသော ကျန်းမာရေးဝန်ဆောင်မှုကို ရှု ထောင့်ပေါင်းစုံမှ ကြည့်ရှုဖွင့်ဆိုသော သတ်မှတ်ချက်များ ပေါ်လာသည်။ အများစုလက်ခံကြသည်က အမေ ရိကန်ဆေးသိပ္ပံ၏ အဓိပ္ပါယ် ဖွင့်ဆိုချက် ဖြစ်သည်။ ထိုဖွင့်ဆိုချက်အရ အရည်အသွေးစံချိန်မီကျန်းမာ ရေး စောင့်ရှောက်မှုတွင် အောက်ပါ အချက် ၆ ချက်ပြည့်စုံရ မည်။

၁။ ဘေးကင်း လုံ ခြုံရမည်။ ဆေးကု သမှုတို့၏ ဘေးထွက်ဆိုး ကျိုးများ၊ ရောဂါနှင့် ဆေး မမျှတအောင် အင်အား အလွန်အကျွံသုံးစွဲမှု များ၊ ဖြစ်နိုင်ခြေရှိ သော ရောဂါမျိုးစုံ ကို တစ်ပြိုင်တည်း အုပ်မိစေရန် အစိုးရိမ်လွန်ကဲစက်သေနတ်ကုထုံးများ၊ သတိလက်လွတ် ဆုံးဖြတ်ချက်များသည် လူနာအတွက် ဘေးဖြစ်စေသည်။ ထိုဘေး ဖြစ်စေသော ကိစ္စများကို တတ် နိုင်လျှင် လုံးဝမဖြစ်ရန်၊ မတတ် နိုင်လျှင် အနည်းဆုံးဖြစ်ရန် စွမ်း ဆောင်နိုင်ပါက လူနာအတွက် ဘေးကင်းလုံခြုံစေမည်။

၂။ ထိရောက်မှန်ကန်သော ကုထုံး ဖြစ်မည်။ ရောဂါကုထုံးတစ်ခု၏ ထိရောက်မှန်ကန်မှုကို သက်သေ ပြထားသော နိုင်ငံတကာ အထောက်အထားများရှိနေသည်။ ပြည်တွင်းဆေးပညာရှင်များ၏ ထပ်ဆင့် အတည်ပြုထားသော ကုထုံးလမ်းညွှန်များလည်းရှိသည်။ ဤကဲ့သို့သောနိုင်ငံတကာအထောက်အထားများ၊ ကုထုံးလမ်းညွှန်များနှင့် ညီညွတ်စွာကုသခြင်းသည် ထိရောက်မှန်ကန်သောကုထုံးဖြစ်သည်။ မျှော်မှန်းရလဒ်ကိုရရှိနိုင်သကဲ့သို့ ဘေးဖြစ်စေသော ကိစ္စများကိုလည်း ကာကွယ်ရှောင်လွှဲနိုင်သည်။

၃။ ကုန်ကျစရိတ် အလေအလွင့်နည်းပါးရမည်။ ကုန်ကျစရိတ်ကြီးမား သော ရောဂါရှာဖွေရေးစစ်ဆေးမှုများကိုဖြစ်စေ၊ ဈေးကြီးသော ဆေးဝါး ကုထုံးကိရိယာများကိုဖြစ်စေ၊ ဆေးခန်းပြရသောအကြိမ်အရေအတွက်ကို ဖြစ်စေ၊ ဆေးရုံတက်ရက် ရှည်လျားခြင်းကိုဖြစ်စေ၊ အလားတူ ကုန်ကျ စရိတ်များကိုဖြစ်စေ၊ လိုအပ်သည်ကိုသာ ရွေးချယ်အသုံးပြုပြီးမလိုအပ် သည်များကိုလျော့ချသုံးစွဲခြင်းဖြင့် အလေအလွင့်ကို နည်းပါးစေမည်။

၄။ လူဗဟိုပြု စောင့်ရှောက်မှုဖြစ်ရမည်။ လူနာတစ်ဦးအတွက် ရောဂါ အမည်တစ်ခုတပ်လိုက်သော်လည်း အမှန်တကယ် စောင့်ရှောက်မှုပေး သောအခါ အမည်ပေါက် ရောဂါတစ်ခုတည်းကိုသာ ကုသခြင်းက မလုံ လောက်ပါ။ အခြားဆက်စပ်ရောဂါများ၊ ကိုယ်စိတ် ပတ်သက်ဆက်နွှယ် မှုများ၊ လူမှုစီးပွားရေးအခြေအနေများစသည့် အချိတ်အဆက်၊ အထောက် အပံ့အားလုံးကို ခြုံငုံစဉ်းစားရပါသည်။ လူတစ်ဦးဖြစ်သည့်အတွက် သူ၏ လိုလားချက်၊ လိုအပ်ချက်၊ ဂုဏ်သိက္ခာနှင့်တန်ဖိုးထားမှုများကိုလေး စားပြီးထည့်သွင်းစဉ်းစားရပါသည်။

၅။ အချိန်ကိုက် ဝန်ဆောင်မှုပေးရမည်။ လူနာ၏ ရောဂါအခြေအနေ၊ ရောဂါအဆင့်အတန်းနှင့် လိုက်လျောညီထွေသောကုထုံးကို အချိန်ကိုက် ပေးရမည်။ စောလွန်းသော၊ နောက်ကျလွန်းသောကုထုံးများ သည် လူနာအတွက် ဆိုးကျိုး ဖြစ် စေသည်။ ထို့အပြင် ဆရာဝန် နှင့်တွေ့ဆုံရန်ဖြစ်စေ၊ ရောဂါရှာ ဖွေရေး ပြုလုပ်ရန်ဖြစ်စေ၊ ဆေးရုံ တက်ရန်ဖြစ်စေမခန့်မှန်းနိုင်သည့် စောင့်ဆိုင်းချိန် ကြာမြင့်ခြင်းသည် လူနာကိုစိတ်ပျက်စေသဖြင့်ယုံကြည် အားကိုးမှုကိုလျော့ကျစေပါသည်။

၆။ ခွင့်တူညီမျ ခံစားနိုင်ရမည်။ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျားမ၊ ကျေးလက်မြို့ပြ၊ ပြည် နယ်ပြည်မ၊ ဆင်းရဲချမ်းသာ ခွဲခြား ဆက်ဆံပြီးရရှိသည့် ကျန်းမာရေး စောင့်ရှောက်မှုမကွဲပြားသင့်ပါ။ ပုဂ္ဂလိကဆေးရုံဆေးခန်းများတွင် ကုန်ကျစရိတ် အတော်အတန် ကျခံပြီးမှ ဆက်လက်မတတ်နိုင် တော့၍ ခါးပြတ်သွားရသူများရှိ သည်။ ရှိသမျှကုန်ခန်းပြီးမှ ငွေ ကြေးထပ်မံမပေးနိုင်သောကြောင့် ရောဂါတန်းလန်းနှင့် အိမ်ပြန်ရမည် ဆိုလျှင် တရားမျှတပါရဲ့လား။
အထက်ပါ ကျန်းမာရေးစောင့် ရှောက်မှုအရည်အသွေးခြောက်ချက် ၏ နောက်တွင် ရိုးသားဖြောင့်မတ် မှု၊ ပွင့်လင်းမြင်သာမူ၊ တာဝန်ယူမှု တာဝန်ခံမှုများကျားကန်ပေးထား သည်။ အရည်အသွေးမီ ကျန်းမာ ရေး စောင့်ရှောက်မှုကိုတွေ့ကြုံ ခံစားရသောအခါ လူနာနှင့်တကွ သူ၏ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းများသည် ဆရာ ဝန်၊ ဆရာမ၊ ဆေးရုံ၊ ဆေးခန်းများ အပေါ် ယုံကြည်စိတ်ချ အားကိုး စိတ်များတိုးတက်ခိုင်မာလာကြသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ များအနေနှင့်လည်း မိမိတို့ပေး နေသောကျန်းမာရေးဝန်ဆောင်မှု များ၏ အရည်အသွေးကို စဉ်ဆက် မပြတ်စောင့်ကြည်ခြင်း၊ ပြန်လည် မွမ်းမံခြင်း၊ လေ့လာခြင်းတို့ဖြင့် သင်ယူစရာအသိပညာတိုးပွား ြွကယ်ဝလာကြသည်။
အရည်အသွေးမီ ကျန်းမာ ရေးဝန်ဆောင်မှုကို လိုလားသူ အများအပြားကလိုက်လံရှာဖွေနေကြ သည်။ ပုဂ္ဂလိကဆေးရုံဆေးခန်း များကလည်း အရည်အသွေးမီ ကျန်းမာရေး ဝန်ဆောင်မှုကို အား ထုတ်ဖန်တီးနေကြမည်ဟုယုံကြည်ပါ သည်။ ဆရာဝန်၊ ဆရာမများက လည်း အရည်အသွေးကိုရှေ့တန်း ထား ကုသပေးလိုကြပါလိမ့်မည်။ လူထုကတော့ အရည်အသွေးရ မည်ဆိုလျှင် လမ်းကြို လမ်းကြား အထိ ရောက်လာပါလိမ့်မည်။ ဆရာဝန်ပြရန် ရက်ချိန်းနှင့် အချိန် ကိုသာအတိအကျ ပြောနိုင်လျှင် အချိန်မီလာမလာပူပန်စရာမလိုပါ။ သူတို့လာပါလိမ့်မည်။ သူတို့ သည်မိမိနှင့် မိမိမိသားစုကျန်းမာ ရေးအတွက် ဝင်ငွေတချို့ဘေးဖယ် စုဆောင်းပြီးရင်းနှီးမြှုပ်နှံထားကြပါ သည်။ အသက်ရှည်ရာ အနာမဲ့ ကြောင်း၌ ယုံကြည်မှုတရားကို တည်ဆောင်ကြပါစို့။

ကိုဘုန်း (Family)