မီးဖိုဆောင်ကနေထွက်ရှိတဲ့ စွန့့်ပစ် အမှိုက်တွေထဲမှာ အဓိကအားဖြင့် ပလတ်စတစ် ထုပ်ပိုးပစ္စည်းတွေ၊ အိတ်ခွံ၊ ဘူးခွံတွေ မလိုအပ်ဘဲ များပြားလွန်းပြီး အစားအစာ အြွကင်းအကျန်တွေကတော့ ငွေကြေး ဆုံးရှုံးမှုကိုပါ ဖြစ်ပေါ်စေတဲ့ အမှိုက်တွေ ပါပဲ။
Zero Waste ဆိုတဲ့အဓိပ္ပါယ်ကတော့ မြေပြင်ပေါ်ကို မည်သည့်အမှိုက်မှ စွန့်ပစ်စေခြင်းမပြုသည့် အခြေအနေကိုခေါ်တာ ဖြစ်ပြီး အမှိုက်ပုံးထဲက အမှိုက်တွေဟာ မြေပြင်ပေါ်ကိုရောက်ရင် ပုပ်သိုးပျက်စီးနိုင်တဲ့ အမှိုက်တွေဖြစ်ရပါမယ်။ တတ်နိုင်သမျှ တစ်ဖန် ပြန်လည်သုံးစွဲနိုင်ရပါမယ်။
Zero Waste မဖြစ်ရင်တောင်မှ တတ်နိုင်သမျှ ပျက်စီးလေလွင့် အမှိုက်နည်းပါးပြီး ပလတ်စတစ်သုံးစွဲမှုကို လျှော့ချရပါမယ်။

၁။ တစ်ဖန်ပြန်လည်သုံးစွဲနိုင်တဲ့ဈေးဝယ်အိတ်ကို အသုံးပြုပါ
ဈေးဝယ်သွားလျှင် အိမ်မှ ထည့်စရာ အိတ်ယူသွားပါ။ အဆိုပါအိတ်ဟာ အကြိမ်ကြိမ် အသုံးပြုနိုင်တဲ့
အိတ်မျိုး ဖြစ်ရပါမယ်။

၂။ များများဝယ်ပါ
များများဝယ်ပါဆိုတာက ပမာဏ များ များဝယ်ယူဖို့ ပြောတာမဟုတ်ပါဘူး။ တချို့ အစားအစာတွေ ဝယ်ယူတဲ့အခါ ပမာဏနည်းနည်းလေးကို အထုပ်ကိုယ်စီ သီးခြားထုပ်ပိုးထားတဲ့အထုပ်တွေ ဝယ်ယူ ခြင်းမပြုဘဲ အိတ်ကြီး၊ အထုပ်ကြီးထဲကနေ ချိန်တွယ်ရောင်းချနေတဲ့ ပစ္စည်းမျိုးကို ဝယ် ယူပြီး ကိုယ့်မီးဖိုဆောင်ထဲမှာ ကိုယ်ပိုင် ပုလင်း၊ ဘူးများထဲထည့်ပြီးသိမ်းပါ။

၃။ တစ်ခါသုံးရေသန့်ဘူးတွေ ဝယ်မသောက်ပါနဲ့
ပလတ်စတစ်ရေသန့်ဘူးငယ်တွေကို ရှောင်ရှားပါ။ ဘူးကြီးထဲကနေ စတီးဘူး၊ ဖန်ရေဘူးတို့ထဲ မိမိဘာသာထည့်ပြီး သောက်ပါ။

၄။ ပလတ်စတစ်အအေးစုပ်ပိုက်တွေ ရှောင်ကြဉ်ပါ
ပလတ်စတစ် အအေးစုပ်ပိုက်တွေ လုံးဝအသုံးမပြုပါနဲ့။ ဒီအတိုင်းမော့ သောက်ပါ။ မဖြစ်မနေသုံးရမယ်ဆိုလျှင် ဖန်အေးစုပ်ပိုက်၊ စတီးအအေးစုပ်ပိုက် အသုံးပြုပါ။

၅။ တစ်ခါသုံး တစ်ရှူးစက္ကူအသုံးမပြုပါနဲ့
စက္ကူတစ်ရှူးတွေ၊ တစ်ခါသုံးခွက်တွေ၊ တစ်ခါသုံးပန်းကန်ပြားတွေ မသုံးပါနှင့်။ ၎င်းတို့အစား အဝတ်လက်သုပ်ပုဝါ၊ ပျား ဖယောင်းစက္ကူ၊ စတီး Lunch Box စသည် တို့ အသုံးပြုပါ။

၆။ အစားအစာအစစ်တွေကို စားသုံးပါ
လတ်လတ်ဆတ်ဆတ် ချက်ပြုတ်တဲ့ အစားအစာတွေကို စားသုံးပါ။ တာရှည်ခံ အောင် ဖန်တီးပြုပြင်ထားတဲ့ အစားအစာတွေ မစားသုံးပါနှင့်။

၇။ သဘာဝပန်းကန်ဆေးရေမြှုပ်သုံးပါ
ပန်းကန်ဆေးတဲ့အခါ ရေမြှုပ်တွေ၊ အိုးတိုက်ဖတ်တွေအစား သဘာဝက ရရှိတဲ့ အုန်းဆံဖတ်၊ သပွတ်အူစသည်တို့ အသုံးပြုပါ။

၈။ အမှိုက်ကို ပုပ်သိုးအောင်ပြုလုပ်ပါ
Organic အမှိုက်တွေဖြစ်တဲ့ ဟင်းသီး ဟင်းရွက်တွေ၊ သစ်သီးခွံတွေ၊ ကြက်ဥခွံတွေကို စုပေါင်းပြီး အပုပ်ခံကာ ခြံနောက်ဖေးက အပင်တွေရဲ့ မြေဩဇာအဖြစ် အသုံးပြုပါ။

ခိုင်မွန်ကျော်