ယခုအခါ ကမ္ဘာပေါ်မှာ အင်းဆက်ပိုးမွှား မျိုးစိတ်ပေါင်း ၄၀ ရာခိုင်နှုန်းကျော်
လျော့ပါးပျောက်ကွယ်ခဲ့ပြီးဖြစ်ကာ ကျန်ရှိတဲ့ အင်းဆက်တွေရဲ့ သုံးပုံတစ်ပုံ
ကလည်း မျိုးသုဉ်းပျောက်ကွယ်မဲ့ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ အင်းဆက်အကောင်ရေဟာ တစ်နှစ်မှ ၂.၅ ရာခိုင်နှုန်း ကျဆင်းလျက်ရှိပြီး နို့တိုက်သတ္တဝါတွေ၊ ငှက်တွေ၊ တွားသွားသတ္တဝါတွေအတွက် ၈ ဆ လျင်မြန်စွာ အကောင်ရေလျော့ပါးလျက်ရှိပါတယ်။ ကမ္ဘာ ကြီးရဲ့သမိုင်းမှာ ကြီးမားသောမျိုးသုဉ်းပျောက်ကွယ်မှု ၅ ခုရှိခဲ့ပါတယ်။ ဒိုင်နိုဆောလိုမျိုး သတ္တဝါတွေပျောက်ကွယ်ခြင်း အပါအဝင်ပေါ့။ ယခုအချိန် ဖြစ်ပေါ်နေတဲ့ အင်းဆက်ပိုးမွှားတွေ လျော့ပါးခြင်းဟာ ၆ ခု မြောက် အကြီးအကျယ်မျိုးသုဉ်းတဲ့ဖြစ်ရပ်လို့ သုတေသီတွေက ဆိုပါတယ်။

အင်းဆက်တွေ ဘာ့ကြောင့် အရေးကြီးတာလဲ
အင်းဆက်ပိုးမွှားတွေဟာ ဂေဟစနစ်မှာ မရှိမဖြစ် သတ္တဝါတွေ
ဖြစ်ပါတယ်။ အင်းဆက်တွေဟာ အခြားသတ္တဝါတွေရဲ့ အစာ
ဖြစ်ခြင်း၊ ဝတ်မှုန်ကူးခြင်း၊ မြေဆီလွှာနှင့် အာဟာရဓာတ်တို့
အား ျွနခပခူန ပြုလုပ်ပေးခြင်းတို့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ
ပျားတွေသာ မရှိတော့ရင် လူသားတွေအတွက် အစားအစာဟာ
၄ နှစ်စာပဲ ရှိတော့မှာဖြစ်ပါသတဲ့။ ဝတ်မှုန်မကူးတဲ့အတွက်
ကောက်ပဲသီးနှံတွေ၊ သစ်သီးတွေ၊ သစ်ပင်တွေ မဖြစ်ပေါ်တော့ဘဲ အဆိုပါအပင်တွေနဲ့ အသီးအနှံထွက်စားစရာတွေကို မှီခိုတဲ့ မွေးမြူ ရေး တိရစ္ဆာန်တွေပါ စားစရာမရှိဖြစ်ကာ လူတွေရဲ့ စားနပ်ရိက္ခာက ၄ နှစ်စာလောက်ပဲ သုံးစွဲနိုင်တော့မှာဖြစ်ပါသတဲ့။

အကြောင်းရင်း
အကြောင်းရင်းတွေထဲမှာ အကြီးမားဆုံးအကြောင်းရင်းကတော့ စိုက်ပျိုးရေးလုပ်ငန်းမှာ ပိုးသတ် ဆေးတွေ အဆမတန်သုံးစွဲခြင်းပါပဲ။ မြို့ပြချဲ့ထွင်ခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းကြောင့်လည်း
ပါပါတယ်။ ပိုးသတ်ဆေးတွေထဲမှာမှ မပျက်မစီး ကြာရှည်အာနိသင်ပေးတဲ့ neonicotinoids နှင့် Fipronil တို့က ပိုပြီးဆိုးကျိုးပေးပါတယ်။
ပိုးစုန်းကြူးလေးတွေ၊ ပျား၊ လိပ်ပြာနဲ့ ပိုးဖလံစတဲ့ အကောင်လေးတွေဟာ ပိုမိုထိခိုက်ခံစားလွယ်ပါတယ်။ ယခုနှုန်းအတိုင်းသွားလျှင် နောင်အနှစ် ၁၀ဝ မှာ လူကိုကောင်းကျိုးပြုတဲ့အင်းဆက်လေးတွေ ရှိတော့မှာမဟုတ်ပါဘူး။ ပိုးသတ်ဆေးကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ မျှော်လင့်ပါတယ်။

ခိုင်မွန်ကျော်