ကျိုးပေါက်နိုင်တဲ့အရာ

မိခင်တစ်ယောက်ဟာ သားဖြစ်သူ တက္ကသိုလ်တက်နေတဲ့ဆီကို သမ္မာကျမ်းစာအုပ် ပို့ပေးဖို့ စာတိုက်ကို သွားခဲ့တယ်။ စာတိုက်စာရေးက စာအုပ်ထဲမှာ ကျိုးပေါက်နိုင်တာမျိုး ပါသလားလို့မေးတော့ သူမက – “ပညတ်တော် ၁၀ ပါးပဲ ပါပါတယ်” လို့ ပြန်ဖြေတယ်။

သတိရမိပုံ

ကျွန်မအဘွားနဲ့ ကျွန်မ ကျွန်မတို့မြို့ရဲ့ တက္ကသိုလ်ထဲကို သွားလည်ကြတယ်။ အဘွားက- “ဒီက အဆောင်သစ်တွေကို မြင်ရတော့ ငါတော်တော်အိုသွားပြီလို့ ခံစားရတယ်” လို့ ပြောတယ်။

“သူတို့တွေက အဆောင် သစ်တွေ တစ်ချိန်လုံးဆောက်နေတာပဲဟာ” လို့ ကျွန်မက အဘွားကို နှစ်သိမ့်လိုက်တယ်။

အဲဒီတော့ သူပြန်ပြောတယ် – “ဟုတ်တယ်လေ မြေးရဲ့၊ ဒါပေမဲ့ ဒီကျောင်းဆောင်သစ်တွေအားလုံးရဲ့ နာမည်က သေသွားတဲ့ အဘွားသူငယ်ချင်းတွေရဲ့ နာမည်တွေ ဖြစ်နေတာကိုး” တဲ့။

အကျိုးပေးဂဏန်း

“ဖရန့်” ဟာ သူ့အတွက် (၅) ဂဏန်းသာ အကျိုးပေးဂဏန်းလို့ ယုံကြည်တယ်။ သူက (၅) လပိုင်း (၅) ရက်နေ့မှာ မွေးခဲ့တယ်။ သူ့မှာ ကလေး (၅) ယောက်ရှိတယ်။ သူနေတာက အမှတ် (၅၅၅)၊ (၅၅) လမ်းမှာဖြစ်တယ်။ သူ့အသက် (၅၅)နှစ်မြောက် မွေးနေ့မှာ (၅) ပွဲမြောက် မြင်းပြိုင်ပွဲက ပြေးလမ်းနံပါတ် (၅) က မြင်းနာမည်ကို သူစိတ်ဝင်စားသွားတယ်။ ဒါနဲ့ ပြိုင်ပွဲစဖို့ (၅) မိနစ်အလိုမှာ ကောင်တာနံပါတ် (၅) ကို သွားပြီး အဲဒီ မြင်းဘက်က ဒေါ်လာ (၅) ထောင် လောင်းလိုက်တယ်။

အဲဒီမြင်းက နံပါတ် (၅) နေရာကနေ ပန်းဝင်သွားခဲ့တယ်။

General Articles:

ဟာသ

714 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here