အနောက်တိုင်းပုံစံ အစားအသောက်တွေထဲမှာ ဟင်းရွက် သုပ်တွေကို ကိုယ်တိုင်ရောစပ်ပြီး စားနိုင်အောင် ကောင်တာဖွင့်ပေး ထားတယ်။ ဟင်းသီးဟင်းရွက်တွေ စုံလင်များပြားစွာ ခင်းကျင်းပေး ထားတယ်။ ဒါပေမဲ့ ဟင်းရွက်သုပ်တဲ့အခါ အသုံးပြုဖို့ အနှစ်တွေကတော့ အမျိုးအမည်များစွာ ရှိတယ်။ နိုင်ငံအလိုက် အသုံးများသော အနှစ်အမျိုးအစားများက အရည် အမျိုးမျိုးကိုပေးပြီး ဆမ်းပြီးစားချင့် စဖွယ်ဖြစ်တယ်။ ဘယ်လိုပဲအနှစ် ကို ပြင်ဆင်ထားသည်ဖြစ်စေ အဲဒီ ထဲမှာ အရသာရှိအောင်၊ စား ကောင်းအောင် စီမံထားတာဖြစ်တဲ့အတွက် ကယ်လိုရီများစေသော အချိုဓာတ်တွေ၊ သွေးကြောပိတ်စေနိုင်သော ပြည့်ဝဆီတွေ ပါဝင်နေတတ်ပါတယ်။
ပုံမှန် ဟင်းရွက်သုပ်တဲ့အနှစ် Salad Dressing ထဲမှာ ဒိန်ခဲ၊ မရောနိစ်တို့ ပါလေ့ရှိတယ်။ ဒါ့ အပြင် တူနာငါး၊ ကြက်သား၊ ကြက် ဥတို့လည်းပါတတ်တယ်။ ဒါ့အပြင် အချိုပွဲဖြစ်သော ပူတင်းမုန့်တွေကို ပါ စားလိုက်မယ်ဆိုရင် ကယ်လိုရီ ကတအားမြင့်တက်သွားနိုင်ပါတယ်။
ဒါကြောင့် ဟင်းရွက်သုပ်တဲ့ အခါအောက်ပါအဆင့်များအတိုင်း လိုက်နာကြည့်ပါ။
(၁) ဟင်းသီးဟင်းရွက် အများကြီး ပေါ်မှာ အခြေခံရမယ်။ ဆိုလိုချင် တာက ဟင်းသီးဟင်းရွက်ထည့်ပြီး သုပ်ဖို့ ပန်းကန်ကို ခပ်ကြီးကြီးရွေး ပါ။ ပြီးတော့ အစိမ်းရောင်အရွက် ဖားဖားတွေ ထည့်ပါ။ မီးကင်ထား သော သို့မဟုတ် ရေနွေးဖျောထား သော ဟင်းရွက်စိမ်းများကို သုံးပါ။ ဟင်းရွက်သုပ်ကို များများသုပ်ထား ခြင်းအားဖြင့် စားတဲ့အခါမှာလည်း ပိုပြီး ဗိုက်ပြည့်လွယ်တယ်။

(၂) အသားနည်းနည်းထပ်ထည့်ပါ
ဟင်းသီးဟင်းရွက်များထဲမှာ ပဲစေ့ (နမူနာအားဖြင့် မြေပဲဆန်) ထောင်းပြီး ၂ဇွန်းလောက် ထည့်ပါ။ အခြားပဲများလည်း ကြိုက်နှစ်သက် သလို ရွေးချယ်သုံးစွဲနိုင်ပါတယ်။ မြန်မာအိမ်ရှင်မတွေပဲမှုန့်ထည့်ခြင်း ဟာ မှန်ကန်ပါတယ်။ ပဲတွေထဲမှာ ရောဂါများအား ခုခံတိုက်ခိုက်နိုင် သော အမျှင်ဓာတ်တွေပါတဲ့အပြင် ဗိုက်ပြည့်စေတယ်။
ဒါမှမဟုတ် ကြက်သား အသားချည်းသက်သက် အနည်းငယ် လောက် ထည့်ပြီးသုပ်ပါ။ အဆီနည်းသော ဒိန်ခဲ သို့မဟုတ် ကြက် ဥပြုတ်ကို ပါးပါးလှီးပြီး ထည့်ပါ။

(၃) ကျန်းမာရေးနှင့် ညီညွတ်သော ဆီ နည်းနည်းဆမ်းပါ။
ကျန်းမာရေးနှင့်ညီညွတ်တဲ့ မပြည့်ဝဆီအနည်းငယ်ကို အပေါ် မှ ဖျန်းလိုက်ပါ။ မပြည်ဝဆီဖြစ်တဲ့ အတွက် နှလုံးကျန်းမာရေးအတွက် ကောင်းတယ်။ အသားဓာတ်ပါတဲ့ အတွက် ဗိုက်ကို ပြည့်နေစေပြီး မဆာဘဲနဲ့ အချိန်ကြာကြာ နေလို့ရတယ်။
(၄) ဒိန်ခဲများစွာ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ
(၅) Cream ခရင်မ်အနှစ်လိုလုပ် ထားတဲ့အနှစ်တွေက ပြည့်ဝဆီတွေ ပါလေ့ရှိတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။
(၆) ဝက်ပေါင်ခြောက်လို အသားမျိုး ထည့်ပြီးမသုပ်ပါနဲ့။
(၇) ဟင်းရွက်သုပ်ရဲ့ အပေါ်ကနေ ဖြူဖွေးနူးညံ့နေအောင် ဖွပ်မထား သော ဂျုံကြမ်း၊ ဆန်ကြမ်းအမှုန့် သို့မဟုတ် ဘာလီစေ့အမှုန့်အနည်း ငယ် ဖြူးနိုင်ပါတယ်။

မောင် (ဆေးတက္ကသိုလ်)