ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက သူ့တာဝန်နဲ့သူ အလုပ်လုပ်နေကြတာပါ။ သွေးရဲ့တာဝန်ကတော့………

  • အောက်ဆီဂျင်တွေ တစ်ကိုယ်လုံးကိုပေးတယ်
    ——————————————
  • လူ့တစ်ကိုယ်လုံးက အသုံးချပြီးသား အောက်စီဂျင်မပါတဲ့ သွေးအညိုအပုပ် သွေးအဟောင်းတွေဟာ ခန္ဓာကိုယ်အနှံ့အပြားက သွေးပြန်ကြောတွေကနေတစ်ဆင့် နှလုံးထဲကို ရောက်လာပါတယ်။
  • နှလုံးကနေ အဲဒီသွေးဟောင်းတွေကို အဆုတ်ထဲကိုပို့လိုက်ပါတယ်။ အဆုတ်ထဲရောက်တဲ့အခါမှာ သွေးဟောင်းတွေထဲမှာ ပါလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စွန့်ထုတ်ပစ်လိုက်ပြီး လေထဲကရှူသွင်းလိုက်တဲ့ အောက်စီဂျင်ဓာတ်တွေကို အဆုတ်ထဲမှာ စုပ်ယူလိုက်တယ်။ အဲဒီအခါမှာသွေးတွေဟာ အောက်စီဂျင်အပြည့်နဲ့ သွေးသန့်တွေဖြစ်နေပြီ။
  • အဲဒီသွေးသန့်တွေကို အဆုတ်သွေးပြန်ကြောက တစ်ဆင့် နှလုံးထဲကိုပြန်ပို့ပေးလိုက်တယ်။ အဲဒီတော့မှ နှလုံးက အောက်စီဂျင်တွေပါတဲ့ သွေးသန့်တွေကို ညှစ်ထုတ်ပြီး တစ်ကိုယ်လုံးအနှံ့ဖြန့်ဖြူးပေးတယ်။
  • ဆိုလိုတာက သွေးဟာ လူတစ်ယောက်အတွက် မရှိမဖြစ်လို့အပ်တဲ့ အောက်စီဂျင်တွေကို အဆုတ် ကသယ်လာပြီး နှလုံးကတစ်ဆင့် တစ်ကိုယ်လုံးကိုပို့ပေးတယ်။ နောက်ပြီးတော့ တစ်ကိုယ်လုံးမှာရှိတဲ့ ဆဲ(လ်)တွေက အောက်စီဂျင်တွေကို သုံးစွဲလိုက်လို့ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ကို ပြန်သယ်လာပြီး အဆုတ်ထဲကို ပို့ပေးပြီး စွန့်ထုတ်ပစ်တယ်။ ဒါကြောင့် သွေးဟာ အောက်စီဂျင်တွေကို သယ်ပို့ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စွန့်ထုတ်ပေးတယ်။

 

  • အာဟာရတွေ သယ်ပို့ပေးတယ်

သွေးတွေအူထဲကို လှည့်ပတ်တဲ့အခါ အူထဲမှာစုပ်ယူလိုက်တဲ့ အစားအစာအာဟာရတွေကို သွေးတွေကသယ်လာပြီး တစ်ကိုယ်လုံးကို ပို့ပေးတယ်။

 

  • အဆိပ်အတောက်တွေကို ပယ်ဖျက်ပေးတယ်
  • သွေးဟာ အူထဲကပါလာတဲ့ အဆိပ်အတောက်အညစ်အကြေးတွေကို အသည်းဆီကို ပို့ပေးတယ်။ အသည်းထဲရောက်မှ အဲဒီအညစ်အကြေးတွေကို အသည်းကအဆိပ်အတောက်မဖြစ်အောင်လုပ်ပစ်တယ်။

 

  • ရေနဲ့အညစ်အကြေးတွေကိုစွန့်ပစ်တယ်
  • သွေးဟာကျောက်ကပ်ထဲကိုဖြတ်သွားပြီး ကိုယ်ထဲမှာ ပိုနေတဲ့ရေ၊ ကိုယ်ထဲကထွက်လာတဲ့ အညစ်အကြေးတွေနဲ့ သတ္တုဓာတ်တွေကို စွန့်ထုတ်ပေးတယ်။

 

  • သွေးနီဥဟောင်းတွေကိုဖျက်တယ်
  • အိုမင်းဟောင်းနေတဲ့ သွေးက ရက်(၁၂၀) ကျော်နေတဲ့ သွေးနီဥတွေကို သရက်ရွက်ထဲ သယ်သွားတယ်။ သရက်ရွက်ထဲ ရောက်တော့မှ သွေးနီဥအဟောင်းတွေကို ဖျက်ပစ်တယ်။