သွားဘက်ဆိုင်ရာ ဆရာဝန် နှင့် ပြသရန် နှောင့်နှေးနေသေးပါက သင့်အနေဖြင့် အကိုက်အခဲ ပျောက်ဆေးများ သောက်ထားနိုင်သည်။ ခံတွင်းအတွင်းသို့ ဆား ရေနွေးငုံပေးခြင်းဖြင့်လည်း နာကျင်ကိုက်ခဲမှု သက်သာနိုင်သည်။ သွားဖုံးအနာပြည်တည်ဖုများပေါက်သွား စေရန်အကူအညီဖြစ်စေနိုင်သည်။ အကယ်၍ သွားဖုံးပြည်တည်နာ ပေါက်ပြီဆိုပါက ပြည်များကို ဆား ရေနွေးများများနှင့် ပလုတ်ကျင်း ကာ သန့်ရှင်းရေးလုပ်ပေးပါ။

သွားဘက်ဆိုင်ရာ ဆရာဝန်က ဘာလုပ်ပေးမလဲ
(၁) သွားဘက်ဆိုင်ရာ ဆရာဝန်က သင့်သွားများနှင့် သွားဖုံးများ၏ အကြောင်းကို မေးမြန်းစစ်ဆေးပါလိမ့်မည်။ လိုအပ်လျှင် သင်၏ ခံတွင်းကို ဓာတ်မှန်ရိုက်ကာ ရောဂါအမည်အတည်ပြုပါလိမ့်မည်။
(၂) သွားရင်းပြည်တည်နာသည် သွားပိုးစားခြင်းကြောင့် ဖြစ်တာဆိုလျှင် သင့်သွားဘက်ဆိုင်ရာ ဆရာဝန်က သင်၏သွားကို မနုတ်ဘဲ ကျန်နေစေရန် ကြိုးစားပါလိမ့်မည်။ ထုံဆေးထိုးပြီးနောက် သွား၏ ထိပ်မှ လွန်သွားဖြင့် ဖောက်ကာ ပြည်များကို စုပ်ထုတ်ပါလိမ့်မည်။ ပြည်များထွက်သွားလျှင် နာကျင် ကိုက်ခဲသည့်ဝေဒနာ သက်သာသွားပါလိမ့်မည်။ အကယ်၍ သွား ဖုံးပြည်တည်ဖုရှိနေခဲ့ပါက ခွဲစိတ် ဒဏ်ရာအသေးကလေးပေးပြီး ပြည်များအား ဖောက်ထုတ်ပါလိမ့်မည်။ ထို့နောက် ခံတွင်းတစ်ခုလုံးအား ပိုးသန့်စင်ဆေးရည်ဖြင့် သန့် ရှင်းရေးလုပ်ပေးပါလိမ့်မည်။
(၃) သွားဖုံးရောဂါကြောင့်ဖြစ်သော သွားအရင်းပြည်တည်နာ ကုထုံးကတော့ သွားဘက်ဆိုင်ရာ ဆရာဝန်သည် ပြည်တည်နာဖြစ် နေသော သွားပြည်ရှိနေသည့်အိတ်ကို probe ခေါ် သံချောင်းဖြင့် ထိုးကာ ချိုးခဲများကို ခွာချပါလိမ့်မည်။ ထို့နောက် သွားရှိနေသည့်အိတ်ကို ပိုးသန့်စင်ဆေးရည်ဖြင့် သန့်ရှင်း ရေးပြုလုပ်ပေးပါလိမ့်မည်။
(၄) ထို့နောက် သွားတည်ရှိနေ သော အရိုးအိမ်ကို အထူးခံတွင်း သန့်ရှင်းရေးပြုလုပ်သည့်နည်းဖြင့် ရက်သတ္တပတ်ပေါင်းများစွာ ကုသ ပေးရပါမည်။ သွားမကြာခဏတိုက်ခြင်း၊ သွားပွတ်ကြိုးထိုးခြင်း၊ ပိုးသန့် စင်ဂျဲလ်ဖြင့် သွားပွတ်ကြိုးထိုးခြင်း စသည်တို့ကိုပြုလုပ်ရပါမည်။အများစု မှာအမြစ်ပြတ်အောင်ကုသနိုင်ပါသည်။
(၅) သွားရင်းပြည်တည်နာ ဘာ့ကြောင့်ဖြစ်သည်ဖြစ်စေ သင့်အား ပဋိဇီဝဆေး တစ်ဖုံစာ သောက်ခိုင်းပါလိမ့်မည်။
(၆) ကူးစက်ပိုးများအား သန့်ရှင်းရေးပြုလုပ်ပြီးသည့်အခါ သင်၏ သွားမြောင်း (root canal) ကုထုံးကို ပြုလုပ်ရပါမည်။
(၇) အကယ်၍ သွားကို မနုတ်ဘဲ မဖြစ်နိုင်ပါက နုတ်ခြင်းသည်သာ လျှင် ရွေးချယ်စရာ နည်းလမ်းတစ်ခုဖြစ်ပါသည်။
(၈) နုတ်လိုက်သည့်သွားအား သွားအတုဖြင့် အစားထိုးနိုင်သည်။ ပေါင်းကူးတပ်ပေးခြင်း သို့မဟုတ် စိုက်သွားစိုက်ပေးခြင်းလုပ်နိုင်ပါသည်။

အများစုသော ကုထုံးများက အောင်မြင်လေ့ရှိပါသည်။ တချို့ သောသူများတွင် မပျောက်ဘဲ ကျန်ရစ်နေတတ်ပြီး ဆက်လက် ကုသရန် လိုအပ်တတ်ပါသည်။

T