• စူပါမားကတ်လိုကုန်တိုက်ကြီးတွေမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေဝယ်မယ်လိုရင် အဲဒီ အသီးအရွက်တွေမှာကပ်ထားတဲ့ စတစ်ကာလေးတွေရဲ့ နံပါတ်ကို ဖတ်လိုက်ပါ။
  • စတစ်ကာလေးတွေမှာ ဂဏန်းစာလုံးရေ ၅ လုံးပါပြီး ထိပ်ဆုံးက နံပါတ် ၉ နဲ့ စထားရင် ဓာတ်မြေသြဇာ လုံးဝမသုံးထားပဲ သြဂဲနစ်(Organic) ခေါ် သဘာဝမြေသြဇာဖြင့် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း ပြသတာဖြစ်ပါတယ်။
  • လေ့လာသုတေသနပြုချက်များအရ သဘာဝမြေသြဇာနဲ့ စိုက်ပျိုးပြီး သီးတဲ့ခရမ်းချဉ်သီးက ဓာတ်မြေဩဇာနဲ့စိုက်ပြီး သီးတဲ့ခရမ်းချဉ်သီးထက် ပိုလီဖီနောလ်ပမာဏမြင့်မားစွာပါဝင်ကြောင်း တွေ့ခဲ့ရပါတယ်။
  • ထို့အတူပဲ သဘာဝမြေသြဇာနဲ့ စိုက်တဲ့ကီဝီသီးနဲ့ ခရမ်းသီးတို့မှာလည်း ဓာတ်မြေသြဇာနဲ့စိုက်တဲ့ အသီးတွေထက် အင်တီအောက်စီးဒင့်များ ပို၍မြင့်မားစွာပါဝင်ကြောင်း လေ့လာတွေ့ထားပါတယ်။
  • ဒါကြောင့် ကုန်တိုက်ကြီးတွေမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ဝယ်မယ်လိုရင် သဘာဝမြေဩဇာနဲ့ စိုက်ထားတဲ့ အသီးအရွက်တွေဖြစ်ဖို့ စတစ်ကာလေးတွေကို ဖတ်ပြီးမှ ဝယ်လိုက်ပါနော်။