လတ်တလောမှာ ကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် အပါအဝင် အခြားကူးစက် ရောဂါပိုးတွေကို ကာကွယ်ဖို့ နည်းလမ်းတွေထဲမှာ လက်ကို စင်ကြယ်စွာ ဆေးကြောခြင်းက နည်းလမ်းတစ်ခုပါပဲ။
အခြေအနေအရ လက်ဆေးဖို့ မလွယ်ကူတဲ့ အချိန်တွေမှာ လက် သန့်ဆေးရည် (Hand Sanitizer) ဘူးလေးတွေ ဆောင်ထားပြီး သန့် စင်ကြပါတယ်။ လက်ဆေးခြင်းကို ပထမဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပေမဲ့ Hand Sanitizer လေးတွေကိုလည်း ဝယ်ယူအသုံး ပြုရဦး မှာမို့ ငွေကုန်ကြေးကျ သက်သာ အောင် အိမ်တွင် ပြုလုပ်နည်း လေး တင်ပြလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

၁။ အရက်ပျံ သို့မဟုတ် ဖန်ခွက် ၂/၃
ဗော့ဒ် ကာအရက်
၂။ ရှားစောင်းလက်ပပ်အနှစ် ဖန်ခွက် ၁/၃
၃။ မွှေးရနံ့ဆီ essential oils
(လာဗင်ဒါ၊ သစ်ကြံပိုး၊ လေးညှင်းပွင့်ဆီနှစ်သက်ရာ)
၄။ ပန်းကန်လုံး ၁ ခု
၅။ ဇွန်း ၁ ချောင်း
၆။ ကန်တော့ ၁ ခု
၇။ ပလတ်စတစ်ဘူး ၁ ဘူး

ပြုလုပ်နည်း
အရက်ပျံ (အရက်) နှင့် ရှားစောင်းလက်ပပ်အနှစ်ကို ဇလုံထဲ ဇွန်းဖြင့် ခေါက်ပါ။
သေချာရောနှောသွားပြီဆိုလျှင် မွှေးရနံ့ဆီကို ၈ စက်ခန့်ထည့်ပါ။ အနံ့ခံကြည့်လို့ ပိုမွှေးလိုပါက ထပ်ထည့်ပါ။
သေချာမွှေပြီးလျှင် ကန်တော့ဖြင့် ပလတ်စတစ်ဘူးထဲကို ထည့်ပြီးလျှင် အလုံပိတ်ပြီး သိမ်းပါ။ အပြင်ကို ယူသွားဖို့ ပုလင်းအသေးလေးထဲ ခွဲထည့်ပြီး သယ်ဆောင်ပါ။
အရက် သို့မဟုတ် အရက်ပျံ ပါဝင်သဖြင့် တာရှည်ခံဆေး မလိုအပ်ပါ။ သစ်ကြံပိုးဆီ၊ လေးညှင်း ပွင့်ဆီ၊ လာဗင်ဒါဆီ စသဖြင့် essential oils များသည်လည်း အရက်၏ ပိုးသတ်အာနိသင်ကို အားဖြည့်ပေးနိုင်ပါသည်။

ခိုင်မွန်ကျော်