အမဲသား၊ ဝက်သား၊ ဆိတ် သား၊ ချေသား၊ ဆတ်သား စတဲ့ အနီရောင်အသားတွေ များများ စားရင် သွေးတွင်းအဆီဓာတ်တက် လို့ အများကြီးမစားကြဖို့ တိုက်တွန်းတာ ကြာပါပြီ။ အနီရောင်အသား လို့ လူပြောများလာ၊ သိလာကြတဲ့ ထိုအသားတွေနဲ့အခြားတစ်ဖက်က အဖြူရောင်အသားလို့ပြောကြတဲ့ ကြက်၊ ငါး၊ ပုစွန်တွေကျတော့လည်း များများစားရင် သွေးတွင်းကိုလက် စထရောလ်ခေါ် အဆီချိုးတွေတက် လာရတာကိုတော့အမဲသားရှောင်တဲ့ လူတွေမပြောကြဘူးလို့ သုတေသန အသစ်တစ်ခုက ဆိုပါတယ်။

အဖြူရောင်အသားတွေက သင်နှလုံးနှင့် သွေးကြောတွေကို ပြဿနာသိပ်မပေးဘူးလို့ ယုံယုံ ကြည်ကြည်ပြောလာတာနှစ်အတော် ကြာပါပြီ။ သို့ပေမဲ့ သင့်အဖို့ ဘယ် လောက်များများစားလဲ၊အသားကြော် တာလား၊ ချက်တာလား၊ ပြုတ်တာ လားဆိုတဲ့ အခြေအနေနဲ့ ဆီတွေ ဘယ်လောက်သုံးလိုက်သလဲပေါ် မူတည်ပါသေးတယ်။

အသားပရိုတင်း မစားတဲ့ လူတွေအဖို့တော့ ဟင်းသီးဟင်းရွက် တွေ၊ နို့နှင့် နို့ထွက်ပစ္စည်းတွေ၊ ပဲ အမျိုးမျိုး၊ အစေ့အဆန်တွေစားပေး ခြင်းဖြင့် အကောင်းဆုံးအဆီချပေး နိုင်သလို၊ မကောင်းတဲ့ ကိုလက် စထရောလ်တွေကို မတက်စေဘဲ၊ ကောင်းတဲ့ကိုလက် စထရောလ် တွေတိုးပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေက ကာကွယ်နိုင်ပါ တယ်။ မည်သည့်အစားအစာမဆို မဇ္ဈိမပဋိပဒါ သင့်တင့်မျှတအောင် စားပေးခြင်းအားဖြင့်အကျိုးကျေးဇူး တွေ ခံစားရရှိနိုင်ပါကြောင်း ကယ်လီ ဖိုးနီးယားယူနီ ဗာစီတ၊ီ ဆန်ဖရန် စစ္စကို သုတေသီများက တိုက်တွန်း လိုက်ပါတယ်။

 

တင်မြင့်မေ