သင်ဟာ ကိုယ်အလေးချိန်လျှော့နေသူတစ်ယောက်လား? ဒါဆိုရင် အခုဖော်ပြမဲ့အချက်များကို လိုက်နာလုပ်ဆောင်ကြည့်လိုက်ပါနော်။

🚰 ရေများများသောက်ပါ။

🚶🏻‍♀️နံနက်စာမစားခင် သိပ်မပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။

🤸‍♀️ နံနက်စာစားပြီးနောက် အတန်အသင့်ပြင်းထန်တဲ့ လေ့ကျင့်ခန်းပြုလုပ်ပါ။

🍚 မှုန့်ညက်နေသော သကြားများ၊ ရှုပ်ထွေးကစီဓာတ်များကို မစားပါနှင့်။

🤭 ညစာမစားခင် နှစ်နာရီအလိုအတွင်းဘာမှမစားပါနှင့်။

🏋️‍♀️ အလေးတုံးများဖြင့် လေ့ကျင့်ခန်း ပြုလုပ်ပါ။

🚶🏻ညစာစားပြီးနောက် ပေါ့ပါးသောလေ့ကျင့်ခန်းများကို ပြုလုပ်ပါ။

🥗 သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စားပါ။

🍗 အသား၊ ငါး၊ ဥအမျိုးမျိုး စတဲ့ ပရိုတင်းကြွယ်ဝစွာ ပါဝင်သော အစားအစာများကို စားသုံးပေးပါ။

💊 ဗီတာမင်ဖြည့်စွက်အားဆေး၊ ငါးကြီးဆီဖြည့်စွက်ဆေးများ သောက်သုံးပါ။

🏂 ခြေလျင်တောင်တက်ခြင်း၊ လှေကားတက်ခြင်းများ ပြုလုပ်ပါ။

⛹🏻‍♀️ လေ့ကျင့်ခန်းပြုလုပ်သည့်အခါ အားစိုက်ထုတ်ပြီး ပြုလုပ်ပါ။

⚾ အလုပ်ရှိ သင့်ရဲ့ထိုင်ခုံကို လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးကြီးနဲ့ အစားထိုးလိုက်ပါ။