ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ရေဓာတ်အပါအဝင် အစားအစာကနေ ရရှိတဲ့ အာဟာရဓါတ်တွေနဲ့ တစ်နေ့တာကို အကောင်းဆုံး ဖြတ်သန်းပြီး ရှင်သန်နေကြတာပါ။ အဲဒီမှာ အစာကနေရရှိတဲ့ အာဟာရကိုတော့ ကယ်လိုရီနဲ့ တိုင်းတာပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီထက် ပိုပြီး များများစားမိ၊ စုမိလာရင်တော့ မကြာခင်မှာ သင်ဟာ ဝလာပါ လိမ့်မယ်။ ဒီလို မဝအောင် ကယ်လိုရီ အပိုမရှိဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ လေ့ကျင့်ခန်း လုပ်ပေးဖို့ပါပဲ။ ဒါပေမဲ့ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်နည်းသူတွေ၊ ပျင်းသူတွေအတွက် အစာထဲမှာ ကယ်လိုရီကို လောင်ကျွမ်းစေမဲ့ အစာတွေ ရောနှောစားပေးမယ်ဆိုရင် လေ့ကျင့်ခန်းချိန် သက်သာစေပါလိမ့်မယ်။ ဘယ်လိုအစာတွေရော စားပေးသင့်ပါသလဲ။

အခါးရွက်တွေကို အစိမ်းလိုက် ရောစားပါ
အစိမ်းလိုက်စားရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အစိမ်းလိုက်စားဖို့ အဆင်မပြေရင် အစိမ်းရောင် မပျောက် အောင် ကြော်၊ ပြုတ်၊ စားလို့ရပါတယ်။ ခါးသက်တဲ့ အရွက် တွေကို စားပေးနိုင်ပါတယ်။ ကြက်ဟင်းခါးရွက်၊ ဂွေး တောက်ရွက်တွေအစ ကိုက်လန်လို အနည်းငယ်ပဲ သက် ချင်တဲ့ အရွက်တွေကိုပါ စားပေးနိုင်ပါတယ်။

ချိစ်ကို အစိမ်းစားပါ
အစိမ်းလို့သာဆိုရတာ တကယ်တော့ ချိစ်ဟာ ဒီအတိုင်းစားလို့ ရတဲ့ အစာတစ်ခုပါ။ ဆိုလိုတာကတော့ အပူပေး၊ ပေါင်းခံ၊ ချက်ပြုတ်စားခြင်းမျိုး မဟုတ်ဘဲ ချိစ်ကို အထုပ်လိုက်ဝယ်ပြီးသားအတိုင်း စားသုံးပေးခြင်းကို ဆိုလို တာပါ။

အချဉ်ဖတ် စားပေးပါ
အကောင်းဆုံးကတော့ ဂေါ်ဖီချဉ်ပါ၊ ဒါမှမဟုတ် ပြည်တွင်းမှာ အချဉ်မျိုးစုံ ပြုလုပ်စားသုံးသလို မုန်လာဥ၊ အရွက်၊ အစုံကိုအချဉ်လုပ်ပြီး စားပေးနိုင်ပါတယ်။ အစာအိမ်တွင်း ချေဖျက်စနစ်ကို ပိုမိုကောင်းမွန်စေပြီး ကယ်လိုရီအပို ဖြစ်စေမှု နည်းစေတယ်လို့ သိရပါတယ်။

အုန်းဆီ စားပေးပါ
ပြည်တွင်းမှာတော့ အရင်က စားအုန်းဆီတွေ မဝင်ခင်က ဖြည့်စွက်ဆီအဖြစ် အသုံးပြုသူတချို့ ရှိပါတယ်။ အခုတော့ စားသုံးပုံစံအဖြစ် မစားကြတော့ပါ့ဘူး။ ဒါပေမဲ့ အုန်းဆီဟာ အစာချေစနစ်မှာ ခန္ဒာကိုယ်တွင်းကို အဆီအနေနဲ့ မဝင်ဘဲ စွန့်ထုတ်စနစ်ဆီကို အမြန်ရောက်သွားတတ်လို့ အဆီပိုမဖြစ်စေဘဲ ဆီစားမယ်ဆိုရင် အုန်းဆီကို စားပေးနိုင်တယ်လို့ လေ့လာချက်တွေအရ သိလာရတာ ဖြစ်ပါတယ်။

ပန်သီးထုတ် ရှာလကာရည် သောက်သုံးပေးပါ
ပျားရည်နဲ့ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။ မနက် အိပ်ရာထ၊ ညအိပ်ရာဝင်အချိန်တွေမှာ တစ် ရက် တစ်ကြိမ် စားပွဲတင်တစ်ဇွန်းစာပဲ ပုံမှန် သောက်သုံးပေးရင်ရပါတယ်။ အလေးချိန်ကျစေဖို့ အကောင်းဆုံးအကူညီပေးအစာလို့ သတ်မှတ်ထား တာပါ။

ကဖင်းဓာတ်ရယူပါ
ကော်ဖီသောက်ခြင်း တစ်မျိုးတည်း မဟုတ်ဘဲ ကဖင်းဓာတ်ပါရှိတဲ့ အစာတွေကို ပုံမှန်သင့်ရုံ စား သောက်ပေးရင် ရပါတယ်။ သူက ကယ်လိုရီအပိုကို လောင်ကျွမ်းစေမှုထက် ကယ်လိုရီအပို ဖြစ်မလာ အောင် ထိန်းပေးနိုင်မှု အားကောင်းတာ တွေ့ရပါတယ်။

ကင်ချီစားပေးပါ
သူ့မှာ အစပ်၊ အချဉ်နဲ့ အရွက်ရဲ့ ဓာတ် သဘောတွေကောင်းကောင်းပါရှိလို့ စားသုံးပေးဖို့ အဆင်ပြေပါတယ်။ အစာချေစနစ်ကို အား ကောင်းစေပါတယ်။ သင့်ရုံပုံမှန်စားသုံးပေးသင့် တယ်လို့ သိရပါတယ်။

ဒိန်ချဉ် သီးသန့်သောက်ပါ
ပြည်တွင်းမှာတော့ ဒိန်ချဉ်ကို ထန်းလျက်ရည် ဒါမှမဟုတ် သကြားရည်နဲ့ ရောသောက်ပါတယ်။ တချို့လည်းအသီးအနှံနဲ့ ရောစပ်သောက်ပါတယ်။ အကောင်းဆုံးကတော့ ဒိန်ချဉ်ကို ဒီအတိုင်းသောက်ပေးပါ။ အစာချေစနစ် အတွက် အကျိုးပြု ဗက်တီးရီးယားပါဝင်မှု အထူးများပြား ကောင်းမွန်စွာပါရှိလို့ပဲ ဖြစ်ပါတယ်။

ငရုတ်သီး စားပေးပါ
အမှုန့်အနေအထားမှာ ရောစပ် ဓာတုပစ္စည်းပါရှိနိုင်တာကြောင့် ငရုတ် သီးအတောင့်ကို ပုံမှန်သင့်ရုံ စားပေးတာ အကောင်းဆုံးပါ။ သွေးတွင်းသကြားဓာတ်အပါအဝင် အဆီကိုပါ ချေ ဖျက်ပေးနိုင်ပြီး ကယ်လိုရီအပိုကို လောင်ကျွမ်းစေနိုင်ပါတယ်။
Ref: www.rd.com

သက်နိုင်ဦး