ယခင်တစ်ပါတ်မှ အဆက်

၂၀ ရာစုအတွင်းမှ ဓာတ်ပုံ Portrait များ
လူနဲ့ တိရစ္ဆာန်ရဲ့ ပုံတူပန်းချီတွေ ခေတ်စားပြီးတဲ့နောက်မှာ ဓာတ်ပုံပညာ ဖွံ့ဖြိုးလာခြင်းနှင့်အတူ လူလတ်တန်းစားတွေ အိမ်မွေးတိရစ္ဆာန်နဲ့ ဓာတ်ပုံရိုက် တဲ့ဓလေ့ များပြားတာတာကို တွေ့ရပါတယ်။ သူတို့ရဲ့ အထက်တန်းလွှာဆိုတာ တော်ဝင်ဘုရင့်မိသားစုနှင့် တိုင်းပြည်ရဲ့အချမ်းသာဆုံးသူတွေ၊ သူကောင်းအပြု ခံရတဲ့ အမျိုးအဆွေတွေ ပါဝင်ပြီး လူလတ်တန်းစားလို့ သတ်မှတ်တဲ့အထဲမှာ နာမည်ကျော်ရုပ်ရှင်မင်းသား၊ မင်းသမီး တွေလည်း ပါဝင်ပါတယ်။ ၁၉ ရာစု အကုန် ၂၀ ရာစု အစအထိ အိမ်မွေး တိရစ္ဆာန် မွေးမြူဖို့ အောက်ခြေလူတန်း စားတွေမှာ လက်လှမ်းမမီဘူးလို့ အယူအဆရှိနေတဲ့၊ အိမ်မွေးတိရစ္ဆာန်ပိုင် ဆိုင်နိုင်မှုဟာ စီးပွားဥစ္စာ အဆင်ပြေမှုရဲ့ သင်္ကေတဖြစ်နေဆဲပါပဲ။

Queen Elizabeth II


အယ်လီဇဘက်ဘုရင်မကြီး နဲ့ သူမရဲ့ ခွေးများထဲက တစ်ကောင်နဲ့ ရောင်စုံဓာတ်ပုံ ဟာ လူသိများပါတယ်။ သူမဟာ သူမရဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဓာတ်ပုံများစွာတွဲရိုက် ခဲ့ဖူးပြီး ဓာတ်ပုံတွေဟာ တော်ဝင်မိသားစုရဲ့ သမိုင်းကြောင်း အခြေအနေအဖြစ်အပျက် တွေနဲ့ ဓလေ့ထုံးတမ်းတွေကို လေ့လာသူတွေအတွက် စကားမပြောတဲ့ မှတ်တမ်း တွေပါပဲ။

Pearl White


အသံတိတ်ရုပ်ရှင်မင်းသမီး Pearl White နဲ့ မျောက်ငယ်လေးရဲ့ လျှပ်တစ် ပြက် အဖြူအမည်းဓာတ်ပုံ ဖြစ်ပါတယ်။ ၁၉၂၅ ခုနှစ်မှ ရိုက်ခဲ့ခြင်းဖြစ်ပြီး သူမ အတွက် ကျော်ကြားမှုကို ရှာဖွေတဲ့နေရာမှာ အိမ်မွေးတိရစ္ဆာန်ကလည်း ပါဝင်ခဲ့တယ်ဆိုတဲ့ သဘောပါတဲ့။

Judy Garland


အဖြူအမည်းမင်းသမီး Judy Garland ၁၉၃၈ ခုနှစ်မှာ စတီဒီယိုထဲမှာ ရိုက်ခဲ့တဲ့ ကြောင်အမည်းလေးနဲ့ ဓာတ်ပုံကတော့ စီးပွားရေးကြော်ငြာဆန်ပါတယ်။ ကြောင်အမည်းဟာ မှော်ဆန် တယ်ဆိုတဲ့ အယူအဆအရ သူမရဲ့ လျှို့ဝှက်ဆန်းကြည် ရုပ်ရှင် ကားကို ဈေးကွက်မြှင့်တင်ဖို့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ခိုင်မွန်ကျော်