လူတွေဟာ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက သူတို့နဲ့ သူတို့ပိုင်တဲ့ တိရစ္ဆာန်လေးတွေရဲ့ ပုံတူပန်းချီ ကားတွေကို ရေးဆွဲခဲ့ကြပါတယ်။ အထူးသဖြင့် တော်ဝင် မင်းမျိုးတွေနဲ့ သူဌေးသူြွကယ်တွေဟာ သူတို့ရဲ့ ြွကယ်ဝမှုနဲ့ အဆင့်အတန်းကို ထင်ဟပ်နေစေတဲ့ ပုံတူပန်းချီကားတွေကို တိရစ္ဆာန်လေးတွေနဲ့ အတူရေးဆွဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်တွေမှာ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဂီတပညာရှင်တွေကလည်းသူတို့ရဲ့ ပုံတူပန်းချီတွေ ကို ရေးဆွဲခဲ့ကြပါတယ်။
ယခုခေတ်လို အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ Selfies ဓာတ်ပုံရိုက်တဲ့ ခေတ်မတိုင်မီမှာ Pet Portraits တွေ ခေတ်စားခဲ့ပြီး လူနဲ့တိရစ္ဆာန်ကြားက ခိုင်မာတဲ့ နှောင်ကြိုးဟာ လူ့သမိုင်းတစ်လျှောက် တည်ရှိခဲ့ခြင်းကို သက်သေပြ ညွှန်းဆိုနေပါတော့တယ်။
Queen Elizabeth II လက်ထက်မှာ သူမဟာ Pet ကလေးနဲ့အတူ ပုံတူပန်းချီရေးဆွဲခဲ့ပြီး တော်ဝင်အနုပညာ သမိုင်းကြောင်းမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။

Catherine of Argon နှင့် သူမ၏ မျောက်ကလေး Circa (၁၅၃၀ ပြည့်နှစ်)
အဲဒီခေတ် အဲဒီအခါက ရှားပါးတိရစ္ဆာန်လေးကို ပိုင်ဆိုင်မွေးမြူနိုင်ခြင်းဟာ ဥရောပ လူကုန်ထန် အသိုင်းအဝိုင်းမှာ ချမ်းသာခြင်း၊ ြွကယ်ဝခြင်းနှင့် ဇိမ်ခံခြင်း၏ အမှတ်လက္ခဏာဖြစ်ပါတယ်။ အောက်ပါ ပုံတူထဲမှာကက်သရင်း မင်းသမီးဟာ သူ့ရဲ့ မျောက်ကလေးကို ပွေ့ချီထားတဲ့ ပုံတူပန်းချီဖြစ်ပြီး ၁၅၃၀ ပြည့်နှစ်ဝန်းကျင်က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

၂။ လူနှင့် တိရစ္ဆာန်ပါဝင်သည့် ကမ္ဘာ့အလှဆုံး ပန်းချီကား
Clarissa Strozzi ဆိုတဲ့ ၂ နှစ်အရွယ် ကလေး မလေးနဲ့ သူမရဲ့ ခွေးလေးရဲ့ ပုံတူပန်းချီကို ကမ္ဘာ့ အလှဆုံး ကလေးငယ်နှင့် ကမ္ဘာ့အလှဆုံး တိရစ္ဆာန်များထဲမှ တစ်ခုအဖြစ် ယူဆခဲ့ကြပါတယ်။ ထိုပုံကို အီတလီပန်းချီဆရာ Titan မှ ၁၅၄၂ ခုနှစ်မှာ ရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။ ပန်းချီကားထဲက မိန်းကလေးဟာ ထိုခေတ်အခါက အင်မတန်ကြီးမားပြီး အောင်မြင်တဲ့ နာမည်ကျော် စီးပွားရေးလုပ်ငန်းစု ပိုင်ရှင်မိသားစုထဲမှ ကလေးငယ် ဖြစ်ပါတယ်။ အဲဒီခေတ်က ဆင်းရဲနွမ်းပါးသူ များပြားတဲ့အတွက် အိမ်မွေးတိရစ္ဆာန်ဆိုတာ စားမဲ့အပို ပါးစပ်အဖြစ် ယူဆပြီး လူချမ်းသာတွေထဲမှာပဲ မွေးမြူနိုင်တာ ဖြစ်ပါ တယ်။

၃။ ၁၈ ရာစု အစောပိုင်းမှာ အိမ်မွေးတိရစ္ဆာန်တွေကို တော်ဝင် မင်းမျိုးနဲ့ လူချမ်းသာတွေသာ ပိုင်ဆိုင်နိုင်ပြီး ၁၈ ရာစုနှောင်းပိုင်းမှာတော့ လူလတ်တန်းစားတွေဟာ အိမ်မွေးတိရစ္ဆာန် ပိုင်ဆိုင်နိုင်ခဲ့ကြပြီး ပန်းချီထက် ဓာတ်ပုံအရိုက်ခံတဲ့ဓလေ့ ပိုမိုထွန်းကားခဲ့ပါတယ်။ တော်ဝင်ဘုရင်မျိုးနွယ် ၁၈ ရာစု အစောပိုင်းဖြစ်တဲ့ ၁၈၆၃ ခုနှစ်မှာပုံထဲမှာ ရုရှားတော်ဝင်မင်းသား Tsar Alexander II of Russia ဟာ သူ့ရဲ့ခွေးနဲ့အတူ သက်သောင့်သက်သာ ကိုယ်နေဟန်ထားနဲ့ ဓာတ်ပုံရိုက်ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

၄။ ၁၈ ရာစုနှောင်းပိုင်း ၁၉ ရာစု အစဖြစ်တဲ့ ၁၉၀ဝ ပြည့်နှစ်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံထဲမှာ လူလတ် တန်းစား ပြင်သစ်မိန်းကလေးငယ်ဟာ ကြောင်လေးနဲ့ ဓာတ်ပုံရိုက်ခဲ့ပြီး အဆိုပါပုံဟာ ပို့စ်ကတ်အဖြစ် ထုတ် ဝေခဲ့တဲ့ပုံ ဖြစ်ပါတယ်။
ပန်းချီနဲ့ ဓာတ်ပုံတွေက ပြောနေတဲ့ လူနဲ့ အိမ်မွေး တိရစ္ဆာန်အကြားက ချည်နှောင်မှုသမိုင်းကြောင်းပဲ ဖြစ်ပါတယ်။
ဆက်ရန်

ခိုင်မွန်ကျော်