ဒီတစ်ပတ် ထူးထူးခြားခြား ကဏ္ဍမှာတော့ အစိမ်းရောင် စာမျက် နှာနှင့် နှီးနွှယ်နေသော သတင်းတစ်ပုဒ်လို့ဆိုနိုင်ကောင်း ဆိုနိုင်မှာဖြစ်တဲ့ အဖြစ်အပျက်လေးတစ်ခုကို တင်ဆက်လိုပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဖီလာဒဲလ်ဖီးယားမြို့ရဲ့ လမ်းတွေထဲမှာ ဝတ်လစ်စလစ်နဲ့ အမျိုးသား၊ အမျိုးသမီးများဟာ စက်ဘီးစီးပြီး လျှောက် သွားခဲ့ကြတဲ့ အကြောင်းပါ။
ရာပေါင်းများစွာရှိတဲ့ ဝတ်လစ်စလစ် စက်ဘီးစီးသူများဟာ ဖီလာ ဒဲလ်ဖီးယားပန်းခြံမှာ ပြီးခဲ့တဲ့ စနေနေ့က စုရုံးခဲ့ကြပါတယ်။ ၎င်းတို့ဟာ လူစုံရောက်ရှိလာတဲ့အခါ ဝတ်ဆင်လာသော အဝတ်အစားများ အားလုံး အတွင်းခံတွေပါမကျန် ချွတ်ချလိုက်ကြပြီးနောက် စက်ဘီးကုန်းနှီးပေါ်ကို တက်ထိုင်လိုက်ကြပါတယ်။ ပြီးတော့ စက်ဘီး စယစီးကြပါတယ်။
အရေအတွက် ၃၀ဝ၀ လောက်ရှိတဲ့ ဝတ်လစ်စလစ် စက်ဘီးသမားများ ဟာ အဲဒီနေ့က ဖီလာဒဲလ်ဖီးယားမြို့တော်ရဲ့ လမ်းတွေထဲမှာ စုစုပေါင်း ၁၀ မိုင်ခန့် စက်ဘီးလျှောက်စီးခဲ့ကြတာဖြစ်ပါတယ်။ အများစုက သူတို့ရဲ့ ပထမဦးဆုံးမွေးနေ့တုန်းကအတိုင်း ဝတ်ဆင်ထားကြပါတယ်။ ပထမဦးဆုံး မွေးနေ့ဆိုတာ မိခင်ဝမ်းကြာတိုက်မှ ကျွတ်ထွက်လာစဉ် မိမွေးတိုင်း ဖမွေး တိုင်း ရှိနေတာကို ဆိုလိုတာပါ။ တချို့ကတော့ ဒီဇိုင်းလှလှကို ြွကားချင်တဲ့ အတွက်ပါတယ်ဆိုရုံ အတွင်းခံဘောင်းဘီအသေးလေးမျှကိုသာ ဝတ်ဆင် ထားကြပြီး အတော်များများကတော့ သူတို့ရဲ့ ဝတ်လစ်စလစ် ခန္ဓာကိုယ် အရေပြားပေါ်မှာ ဆေးရောင်စုံတွေသုတ်လိမ်းပြီး တောက်တောက်ပပနှင့် ရှိနေကြပါတယ်။
ဂျိမ်းမ်စ်နှင့် မယ်လနီဆိုတဲ့စုံတွဲကတော့ သူတို့ရဲ့ မိမွေးတိုင်း ဖမွေးတိုင်း ခန္ဓာကိုယ်ပေါ်မှာ အရောင်မျိုးစုံကို အသုံးပြုထားတဲ့ ပန်းချီဆေးများကို သုတ်လိမ်းထားကြပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်လှည့်စီ ဆေး ပန်းချီများ ရေးခြယ်ပေးကြတယ်လို့ဆိုပါတယ်။
နှစ်စဉ် အဲဒီလို ဝတ်လစ်စလစ်နဲ့ စက်ဘီးစီးကြတာ ယခုအကြိမ် ပါဆိုရင် ခုနစ်ကြိမ်မြောက်ရှိပြီလို့ ဆိုပါတယ်။
]]ကျွန်တော်တို့ ကိုယ်လုံးတီးနဲ့ စက်ဘီးစီးလာတဲ့အကြိမ်ရေ အတော်ကို များပါပြီ}}လို့ ဂျိမ်းမ်စ်က ပြောပါတယ်။
သူတို့စုံတွဲဟာ ၂၀၁၂ ခုနှစ်ကတည်းက စတင်တွေ့ဆုံခဲ့ကြပြီး ယခု အထိ အတူနေကြတယ် (Living Together) လို့လည်း ပြောပါတယ်။
“ကျွန်မ သူ့ကို ပထမဦးဆုံးအကြိမ် စတွေ့ကတည်းက ဓာတ်ပုံရိုက်ယူ ခဲ့တယ်။ ၇ နှစ်ကြာပြီးနောက် ယခုထက်ထိလည်း ကိုယ်လုံးတီးနဲ့ပါပဲ” လို့ မယ်လနီက ပြောပါတယ်။
ယခုကဲ့သို့ ဝတ်လစ်စလစ် စက်ဘီးစီးပွဲတွေ နှစ်စဉ်ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က လူသားများ၏ ခန္ဓာကိုယ်အား အကောင်းဘက်က ရှုမြင် ခြင်းကို အားပေးမြှင့်တင်ရန်၊ စက်ဘီးစီးသမားများရဲ့ လမ်းအန္တရာယ် ဘေးကင်းစိတ်ချရမှုကို အသိပေးကြေညာရန်နဲ့ ရုပ်ြွကင်းလောင်စာများ (နမူနာအားဖြင့် ဓာတ်ဆီ၊ ဒီဇယ်ထုတ်လုပ်သော သဘာဝရေနံ) များအပေါ် မှီခို နေရမှုအား ဆန့်ကျင်ကန့်ကွက်ရန်ဟူသော ရည်ရွယ်ချက်များဖြစ် ကြောင်း အဲဒီစက်ဘီးစီးပွဲမှာ နှစ်စဉ်ပါဝင်ဆင်နွှဲနေကျ “အိုရမ်” က ပြောပါတယ်။
“ကျွန်တော်ကတော့ ဒီ စက်ဘီးစီးပွဲကို ကျွန်တော့်ရဲ့ ခရစ္စမတ်ပွဲတော်လို့ ခေါ်ချင်ပါတယ်။ တစ်နှစ်အတွင်း အပျော်ဆုံးနေ့ပါပဲ” ဟုလည်း ပြောခဲ့ပါ တယ်။ သူ့ရဲ့ကိုယ်လုံးတီးခန္ဓာကိုယ်ပေါ်မှာ ဆေးရောင်စုံတွေခြယ်တဲ့ အခါမှာ လောင်စာသုံးစွဲမှုနည်းသော ဆေးဖြင့် ခြယ်ပေးရန် သူ့ဇနီးအား ပြောခဲ့တယ်လို့လည်း ပြောပြပါတယ်။
အဲဒီစက်ဘီးစီးပွဲကို The Philly Naked Bike Ride လို့ခေါ်ပြီး ယခင် တုန်းကတော့ နှစ်စဉ် စက်တင်ဘာလမှာ ကျင်းပခဲ့ပေမဲ့ ကိုယ်လုံးတီး စက်ဘီးစီးသူများက အဲဒီလမှာ အလွန်အေးလွန်းသောလဖြစ်၍ ယခုနှစ်က စပြီး ဩဂုတ်လတွင် ပြောင်းရွှေ့ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်တဲ့။

မောင်