လူတချို့မှာ သွေးတိုးရောဂါကို မှန်မှန်ကုလေ့မရှိပါ။ ဘာ ကြောင့်လဲဆိုတော့ အိမ် သို့မဟုတ် ရုံးမှာ သို့မဟုတ် အလုပ်မှာ စိတ် ဖိစီးချိန်မျိုးမှာ သွေးချိန်လိုက်ပါက သွေးပေါင်ချိန်တက်နေပြီး၊ အိမ်ပြန် ရောက်တဲ့အခါ စိတ်အေးလက် အေးရှိနေချိန်မှာ သွေးချိန်ပြန်စစ် တဲ့အခါ သွေးမတိုး၊ သွေးပေါင်ချိန် မတက်တဲ့အတွက် သွေးကျဆေး သောက်ဖို့ မလိုလို့ဆိုပြီး မသောက် ဖြစ်တော့ပါ။ ခေါင်းတအားကိုက်၊ မူးဝေ၊ အော့အန်၊ ဇက်ကြောတက် လာချိန်မှာ သွေးချိန်စစ်တော့ ပြန် တက်နေပြီး ထိုအချိန်မျိုးမှသာ သွေးကျဆေးကို သောက်မိတတ် သူတွေ များစွာရှိနေပါတယ်တဲ့။

လေ့လာစောင့်ကြည့်သုတေသန ၂၇ ခုအရ လူပေါင်း ၆၄çဝဝဝ ဦးအား သွေးပေါင်ချိန်ကို ရုံး သို့မဟုတ် အလုပ်တွင် ချိန်စေသလို၊ အိမ်ရောက်တော့လည်း ထပ်ချိန်စေပြီး မှတ်သားခိုင်ကာ စောင့် ကြည့်မှုကို သွေးတိုးနေချိန်မှာ သွေး ကျဆေးသောက်၊ မသောက် စစ် တမ်းကောက်မေးမြန်းခဲ့ရာ သွေးကျ ဆေး မသောက်ဖြစ်ဘူးလို့ အဖြေ ပေးကြပါတယ်။ ရုံး၊ ကျောင်း စတဲ့ ဉာဏဝန်ထမ်းများဟာ အလုပ်ခွင် နဲ့ အိမ်မှာ သွေးပေါင်ချိန်ခြင်း မတူ ကြဘဲ အိမ်မှာ သွေးမတိုးတော့ သွေးကျဆေးလည်း မသောက်ဖြစ် ကြောင်း အတွေ့များပါတယ်။ ထို ဉာဏဝနထမ်းများမှာ ဆေးမှန်မှန် မသောက်တဲ့အတွက် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ၊ လေ ဖြတ်ရောဂါ စသည်တို့ အဖြစ်များ ကြောင်း တွေ့ခဲ့ရပါတယ်။ ထိုသူ များတွင် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နှုန်း ၃၆ ရာခိုင်နှုန်းရှိပြီး၊ ထိုရောဂါများကြောင့် သေဆုံးနှုန်း ၃၃ ရာခိုင်နှုန်းရှိတာ တွေ့ရပါ တယ်။ အထူးသဖြင့် ပင်စင်ယူပြီး ချိန် အသက် ၆၀ နှစ်အထက်တွေ မှာ ပိုအဖြစ်များပါသတဲ့။ သွေး ပေါင်ချိန် BP ကို တစ်ပတ်တစ်ကြိမ် ချိန်ကြရန် တိုက်တွန်းလိုက်ပါတယ်။

မေ
Ref : NEJM