• ယခုအခါ တုပ်ကွေးရာသီ နှောင်းပိုင်းကာလဖြစ်သည့် နိုဝင်ဘာလထဲသို့ ရောက်ရှိလာပြီဖြစ်ပြီး ရာသီတုပ်ကွေးရောဂါသည်လည်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့မြောက်ခြမ်းဒေသ အချို့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာနေပြီဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရပါသည်။
  • ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ အောက်တိုဘာလ (၁၈) ရက်နေ့အထိ ပြည်သူများအကြား တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း (၇၇၈) ဦးရှိပြီး သေဆုံးသူ (၁၁၆) ဦးရှိခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးသည် ကူးစက်မှုအများဆုံးဖြစ်ပြီး နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဒုတိယအများဆုံးဖြစ်ကြပါသည်။

👻 ရာသီတုပ်ကွေးရောဂါမှာ မြန်မာနိုင်ငံ အပါအဝင် အပူပိုင်းဒေသများတွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားလျက်ရှိပါသည်။ တုပ်ကွေးရာသီကို အများအားဖြင့် မိုးရာသီနှင့်ဆောင်းရာသီဟု သတ်မှတ်ကြသော်လည်း ရောဂါပြင်းပြင်းထန်ထန် ကူးစက်တတ်သော အချိန်မှာ တစ်နှစ်နှင့်တစ်နှစ် မတူညီကြပါ။

 

  • တုပ်ကွေးရောဂါမှ ကာကွယ်နိုင်သည့် နည်းလမ်း

👻 ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှု နည်းစနစ်များ အလွန်တရာ ခက်ခဲနေချိန်တွင် ကိုယ်တိုင်ကာကွယ်တားဆီးနိုင်သော အရာများကို ကြိုတင် ကာကွယ်ထားရန် လိုအပ်ပါသည်။ နှစ်စဉ်တုပ်ကွေးကာကွယ်ဆေး ထိုးနှံခြင်းသည် ရာသီတုပ်ကွေး ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရုံမက ဖြစ်ပွားပါကလည်း ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါသည်။

👻 ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှစ်စဉ်တုပ်ကွေးရောဂါကာကွယ်ဆေးကို အသက်အန္တရာယ် စိုးရိမ်ရသည့် ဦစားပေး အုပ်စုဖြစ်သော ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက် (၅)နှစ် အောက်ကလေးများ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါဝေဒနာရှင်များ နှင့် ကျန်းမာရေးစောင့်ရှောက်သူ ဝန်ထမ်းများကို ထိုးထားသင့်ကြောင်း အကြံပြုထားပါသည်။

👻 ယခုအခါ ဆောင်းရာသီ၏ တုပ်ကွေးရာသီ အစပျိုးနေပြီ ဖြစ်သောကြောင့် စောနိုင်သမျှ ဆောလျင်စွာ ကြိုတင်၍ ကာကွယ်ဆေး ထိုးထားသင့်သည့် အချိန် ဖြစ်ပါသည်။ ကာကွယ်ဆေးထိုးထားပြီးသူများ အနေဖြင့် ရောဂါကူးစက်မှု၏ ပြင်းထန်သော လက္ခဏာများ မှ ကာကွယ်နိုင်ပါသည်။

👻 ယခုအခါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အတည်ပြု ထောက်ခံချက် ရရှိထားသော ယုံကြည်စိတ်ချရပြီး အကျိုးအာနိသင် ကောင်းမွန်သည့် ကာကွယ်ဆေးများကို လွယ်ကူစွာ ရရှိနေပါပြီ။