ပုဂံဘုရားများကို မြန်မာတိုင်း သိကြရောက်ဖူးသူလည်းများကြပေ မဲ့ အသိနည်းနေသေးသော မြန်မာ့ ဂုဏ်ဆောင်သမိုင်းဝင်နေရာနှင့် အဆောက်အအုံတစ်ခုဖြစ်တဲ့ ကမ္ဘောဇသာဒီနန်းတော်ကြီးကို မြန်မာတိုင်းသိသင့်သောနေရာ တစ်ခုလို့ ဆိုချင်ပါတယ်။

မြန်မာ့သမိုင်းကို ပြန်လည် ဆန်းစစ်ကြည့်ရင် ပထမမြန်မာ နိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံ တော်နှင့်တတိယမြန်မာနိုင်ငံတော် ဟူ၍ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

 


အနော်ရထာမင်းကြီးက ပထမမြန်မာနိုင်ငံတော်ကို တည် ဆောက်နိုင်ခဲ့ပြီး ဒုတိယမြန်မာ နိုင်ငံတော်ကြီးကိုတော့ ဘုရင့်နောင် ကျော်ထင် နော်ရထာမင်းတရား ကြီးက စည်းရုံးတည်ဆောက်နိုင် ခဲ့ခြင်းဖြစ်ကာ တတိယ မြန်မာ နိုင်ငံတော်ကိုတော့ အလောင်းမင်း တရားကြီးက တည်ထောင်နိုင်ခဲ့ပါ တယ်။

အဲဒီနိုင်ငံတော်ကြီး ၃ခုအနက် နိုင်ငံနယ်နိမိတ်အကျယ်ပြန့်ဆုံးနဲ့ ဩဇာအာဏာအကြီးဆုံးနိုင်ငံတော် ကတော့ ဘုရင့်နောင်ကျော်ထင် နော်ရထာရဲ့ ဒုတိယမြန်မာနိုင်ငံ တော်ကြီးဖြစ်ပါတယ်။ လက်ရှိ မျက်မှောက်ခေတ် မြန်မာနိုင်ငံ အကျယ်အဝန်းထက်လည်း ပို၍ ကျယ်ပြန့်ပါတယ်။

ပထမ မြန်မာနိုင်ငံတော် တည်ထောင်သူ အခြေပြုရာမြို့ တော်က ပုဂံဖြစ်ပြီး ခရစ်နှစ် ၁၀ဝ၀ ဝန်းကျင်လောက်က စပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယမြန်မာနိုင်ငံတော် အခြေပြုရာဒေသကတော့ ရှေး အခေါ် ဟံသာဝတီ ယနေ့ခေတ် အခေါ် ပဲခူးမြို့ဖြစ်ပြီး ခရစ်နှစ် ၁၅၅၀ တစ်ဝိုက်မှာ တည်ထောင် စတင်ခဲ့ပါတယ်။

တတိယမြန်မာနိုင်ငံကတော့ ရွှေဘိုမြို့တွင် စတင်အခြေစိုက်ခဲ့ ပီး ခရစ်နှစ် ၁၇၀ဝကျော်လောက် မှာ စတင်ခဲ့ပါတယ်။

ယခုဖော်ပြလိုတဲ့ ကမ္ဘောဇ သာဒီနန်းတော်ကြီးကတော့ ဘုရင့် နောင်မင်းတရားကြီးက၁၅၅၆ခုနှစ် တွင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီခေတ်အခါက အရှေ့တောင် အာရှဒေသအတွင်းအင်အားအကြီး မားဆုံးနှင့် အာဏာသက်ရောက်မှု နယ်ပယ်အများဆုံးရှိခဲ့သော ဘုရင့် နောင်ရဲ့ ဒုတိယမြန်မာနိုင်ငံတော် ၏ မြို့တော်ဖြစ်သော ပဲခူးဟံသာ ဝတီမှာ ကြီးကျယ်ခမ်းနားလှသည့် ကမ္ဘောဇသာဒီနန်းတော်ကြီးကို ဘုရင့်နောင်မင်းတရားကြီး တည် ဆောက်ခဲ့တာ ဖြစ်ပါတယ်။


တောင်ငူခေတ်လို့လည်းခေါ် တဲ့ ဒုတိယမြန်မာနိုင်ငံတော်ကြီး အခြေစိုက်တဲ့မြို့ကို ပဲခူးဟံသာဝတီ သို့ ပြောင်းရွှေ့ပြီးတည်ဆောက်ခဲ့ တာဖြစ်ပါတယ်။ ခရစ်နှစ် ၁၅၅၃ ခုနှစ်တွင် တည်ဆောက်ခဲ့တာဖြစ် ပြီး ၁၅၅၆ မှာ တည်ဆောက်ပြီးစီး ခဲ့တာဖြစ်တယ်။ ယနေ့ခေတ် မြန်မာနိုင်ငံနယ်နိမိတ်အပြင် ထိုင်း နိုင်ငံနှင့် တရုတ်နိုင်ငံရဲ့ နယ်မြေ အစိတ်အပိုင်းအချို့ ပါဝင်ခဲ့တဲ့ ဒုတိယမြန်မာနိုင်ငံတော်၏ ပြည့် ရှင်မင်းကြီးဘုရင့်နောင်ဟာ ဆင် ဖြူတော်ပေါင်းမြောက်မြားစွာ ပိုင် ဆိုင်ခဲ့တဲ့အတွက် အဲဒီခေတ် အချိန်အခါရဲ့ ချမ်းသာြွကယ်ဝမှု နှင့် ဩဇာအာဏာကြီးမားမှုကို လည်းပြသတဲ့လက္ခဏာဖြစ်ပါတယ်။

မြေဧကပေါင်း ၇၀ ပေါ်မှာ ပန္နက်ချပြီး တည်ဆောက်ထားတာ ဖြစ်တဲ့ ကမ္ဘောဇသာဒီနန်းတော် ကြီးကို မြို့ရိုးနံရံများဖြင့် ဝန်းရံထား ပြီး အဝင်ဂိတ်ပေါက်ဝပေါင်း ၂၀ ခန့် ထားရှိခဲ့ပါတယ်။

ရွှေရောင်အတိပြီးနေတဲ့ ကမ္ဘောဇသာဒီနန်းတော်ကြီးထဲကို ခေတ္တရောက်ခဲ့ဖူးခဲ့ကြသော နိုင်ငံ ခြားသား ဥရောပတိုက်သားများက နန်းတော်ကြီးကို ရင်သပ်ရှုမောဖွယ် ခမ်းနားကြီးကျယ်လှသော ရွှေ ရောင်တဝင်းဝင်းနဲ့ နန်းတော်ကြီး တစ်ခုအဖြစ် သူ့တို့ရေးသားခဲ့သော ခရီးသွားမှတ်တမ်းထဲမှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။
ဥရောပတိုက်သားများရဲ့ မှတ်တမ်းများအရ ကြီးကျယ်ခမ်းနားလှ သော ကမ္ဘောဇသာဒီနန်းတော်ကြီးရဲ့အကြောင်းကို ရေးသားထားရာမှာ Great Audience Hall ညီလာခံ ခန်းမကြီးဆိုလျှင် အမိုးများအား ရွှေပြားများဖြင့် ပြုလုပ်ထားတယ် လို့တောင် ဆိုပါတယ်။

နန်းတော်ကြီးတွင် အဆောင် နှင့် ခန်းမများ စုစုပေါင်း ၇၆ ခုရှိ တယ်လို့ သိရပါတယ်
ခရစ်နှစ် ၁၅၉၉ တွင် ယိုးဒ ယားဘုရင်နှင့် ရခိုင်ဘုရင်တို့ရဲ့ စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ ကြလို့ ပျက်စီးသွားခဲ့ရတဲ့ ကမ္ဘောဇသာဒီနန်းတော်ကြီးရဲ့ နေရာမှာ မြန်မာ့ခေတ်အဆက် ဆက်ဘာမျှ ပြန်လည်ပြင်ဆင် ပြုလုပ်နိုင်ခြင်း မရှိခဲ့ကြဘဲ ၁၉၉၀ ပြည့်နှစ်ရောက်တော့မှ ကမ္ဘောဇ သာဒီနန်းတော်ရာ မြေ ပေါ်မှာ ရှေးဟောင်း သုတေသနဌာနက ပြန် လည်တူးဖော်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ၁၉၉၂ခုနှစ် ရောက်မှပြန်လည်တူးဖော် ခြင်း လုပ်ငန်းများ ပြီးစီး ခဲ့ပြီး အသစ်တစ်ဖန်ပြန် လည် တည်ဆောက်ခဲ့ရ တာ ဖြစ်ပါတယ်။
၁၆ ရာစုနှစ် ဒုတိယပိုင်း လောက်က တည်ရှိခဲ့တဲ့ ကမ္ဘောဇသာဒီ နန်းတော် ကြီးကို မူလတော်ဝင်နန်း တော်ကြီးအဖြစ် ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ် ပါတယ်။

နန်းတော်၊ ကုန်းနေရာ ၆ ခု ကို တူး ဖော်လေ့လာခဲ့ကြခြင်း ဖြစ်ပြီး မြောက်မြားစွာ လာသော နန်းတော် အဆောက်အအုံများ၏ အုတ်မြစ်ချထားသော ဖောင်ဒေး ရှင်းများကို တူးဖော်တွေ့ရှိခဲ့ကြပါ တယ်။ ဒါတင် မကသေးပါဘူး။ နန်းတော်ကြီး တည်ဆောက်စဉ်က အသုံးပြုခဲ့သော နန်းတော်တိုင်ကြီး များ မူလအတိုင်း ကျွန်းသစ် ငုတ်တိုင်များအဖြစ် တွေ့ရှိခဲ့ပါ တယ်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)