ပြီးခဲ့သည့်အပတ်က ၁၅၆၄ ခုနှစ်၊ မတ်လတွင် ဘုရင့်နောင်မင်း တရားကြီးသည် အယုဒ္ဓယ (ယိုးဒ ယား) ကိုအောင်နိုင်ပြီး ပဲခူးဟံသာ ဝတီသို့ ပြန်လည်ရောက်ရှိတော် မူခဲ့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။


(ထိုင်း-ယိုးဒယားဇင်းမယ်အပါ အဝင်)နှင့် မြန်မာတို့သမိုင်းတစ် လျှောက်ဖြစ်ပွားခဲ့သည့် စစ်ပွဲ အကြိမ်များစွာ (၁၅ကြိမ်ဟု မှတ် သားဖူးပါသည်။ မသေချာပါ) ဘုရင့်နောင်လက်ထက်၌ ၂ကြိမ် တိတိဖြစ်ပွားခဲ့သည်။ ယခု ၁၅၆၄ တွင် ယိုးဒယားနှင့်ဖြစ်သည့်စစ်ပွဲ မှာ ဘုရင့်နောင်လက်ထက်တွင် ပထမအကြိမ် ဖြစ်ပွားသော စစ်ပွဲ ဖြစ်သည်။ တပင်ရွှေထီးရှိစဉ်က ယိုးဒယားကို သွားရောက်တိုက်ခိုက် ခဲ့သော်လည်း အယုဒ္ဓယမြို့တော် အား မြို့ပြင်မှသာ ဝန်းရံရုံ ဝန်းရံ နိုင်ခဲ့ပြီး တိုက်ခိုက်အောင်မြင် ခဲ့ခြင်း၊ သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။ ယခု ဘုရင့်နောင်မင်းတရား လက် ထက်ရောက်မှသာ အယုဒ္ဓယကို ပထမအကြိမ် သိမ်းပိုက်အောင်မြင် နိုင်ခဲ့ခြင်းဖြစ်သည်။ ဘုရင့်နောင် လက်ထက်တွင် အဆိုပါစစ်ပွဲဖြစ် ပွားရခြင်းမှာ ဘုရင့်နောင်က ယိုးဒ ယားဘုရင်တွင် မဟာချက္ကရာဖက် ထံတွင် ဆင်ဖြူတော် ၄ စီးရှိသည့် အနက် ၁စီးဆက်သရန် တောင်းဆို ပြီး ဤကဲ့သို့ဆက်သပါက ယိုးဒယား နှင့် မြန်မာတို့သည် ရေနှင့် မြေ ကဲ့သို့ ဖြစ်စေမည်ဟု ဆိုခဲ့သည်။ သို့သော် ယိုးဒယားနန်းတွင်း၌ ဆွေး နွေးတိုင်ပင်မှုများအရ ဘုရင့်နောင် အားပြန်လည်တိုက်ခိုက်ရမည်လော၊ အညံ့ခံရမည်လော အုပ်စု ၂စု အခြေအတင်ဖြစ်ခဲ့သည်။ နောက် ဆုံးတွင် ဆင်ဖြူပေးသည့်တိုင် ဘုရင့်နောင်၏နယ်ချဲ့မှုကို ရပ်တန့် နိုင်မည်မဟုတ်၊ ပေးသော်လည်း လက်အောက်ခံဖြစ်မည်သာ ဖြစ် မည်။ ထို့ကြောင့် စစ်သာပြိုင်မည် ဆင်ဖြူတော် မဆက်ဟု ဆုံးဖြတ်ပြီး ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ် သည်။ ထို့ပြင် ယိုးဒယားဘုရင်က တုံ့ပြန်ပြောဆိုမှုက ဘုရင့်နောင်မင်း တရားကြီးအား အမျက်ထွက်စေခဲ့ သည်။ သူတို့ အကြောင်းပြန်ပုံမှာ “ဆင်ဖြူရတနာဆိုသည် ဘုန်းကံ ပါရမီနှင့်ပြည့်စုံသူ၊ ပြည့်သနင်း မင်းတို့နှင့်သာ ထိုက်တန်သည်။ ဟံသာဝတီမင်းတရား(ဘုရင့်နောင်) သာ တရားနှင့်အညီ အုပ်ချုပ်လျှင် ဟံသာဝတီမင်း၏ နိုင်ငံအတွင်း၌ ဆင်ဖြူများမလွဲမသွေ ပေါ်ထွက် လာမည်အမှန်ဖြစ်သည်” ဟု အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယိုးဒယားနှင့် ပထမ အကြိမ် စစ်ပွဲဖြစ်ပြီး ဘုရင့်နောင် က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သို့ သော် ဘုရင့်နောင်မင်းတရားကြီး က လက်ရှိ ယိုးဒယားဘုရင်ကိုသာ နန်းမှချပြီး ၎င်း၏သားတော်တစ်ပါး အား ယိုးဒယားဘုရင်အဖြစ် နန်း တင်ပေးခဲ့ပြီး သစ္စာခံစေခဲ့တာဖြစ် သည်။ပထမအကြိမ် ယိုးဒယားကို အောင်မြင်ပြီးသောအခါ ဘုရင့် နောင်မင်းတရားကြီးက ပဲခူးဟံသာ ဝတီသို့ ယိုးဒယားဘုရင်ဟောင်းကို သုံ့ပန်းအဖြစ်ခေါ်ယူခဲ့တာဖြစ်သည်။ ယိုးဒယားဘုရင်ဟောင်း၏ သား တော် ဗြမဟိန်ကို ယိုးဒယားထီးနန်း အား ပေးအပ်ခဲ့ပြီး ယိုးဒယားဘုရင် နှင့်အတူသားတော်အငယ်၊ မိဖုရား၊ သားတော်၊ သမီးတော်များကို ခေါ် ဆောင်ခဲ့သည်။ အယုဒ္ဓယမြို့မှာရှိ သည့်အတီးအမှုတ်၊အချက်အပြုတ် ပညာသည်များကိုလည်းသားမယား များနှင့်တကွ ခေါ်ဆောင်ခဲ့သည်။ သုံ့ပန်းအဖြစ် ခေါ်လာသော ယိုးဒယားဘုရင်ကိုပဲခူးဟံသာဝတီ ရောက်သောအခါ နှိမ့်ချဆက်ဆံ တာမျိုးမလုပ်ခဲ့ဘဲ စိတ်ရင်း သဘောကောင်းစွာဖြင့် အဆောင် ယောင်များဖြင့် နေထိုင်စေခဲ့တာ ဖြစ်သည်။ ယိုးဒယားဘုရင်သည် ပဲခူးဟံသာဝတီတွင် ရဟန်းဝတ်ခဲ့ သည်။ (နောင်တွင် ယိုးဒယား ဘုရင်ဟောင်းက ရဟန်းဝတ် အဖြစ် အယုဒ္ဓယသို့ ဘုရားဖူးပြန် မည်ဟုဆိုကာ ပြန်သွားခဲ့ပြီး ယိုးဒ ယားရောက်သောအခါ ဘုရင့် နောင်အား ပြန်လည်ပုန်ကန်ခြား နားခဲ့သည်။ ထိုအကြောင်းအရာ များကို နောက်ပိုင်းတွင် ဆက်လက် ဖော်ပြပါမည်။)
ယိုးဒယားတို့နှင့် ဘုရင့်နောင် လက်ထက်တွင် ဒုတိယအကြိမ် စစ်ဖြစ်ပွားသည့် အချိန်ကတော့ ပထမစစ်ပွဲပြီးနောက် ၅နှစ်အကြာ ၁၅၆၈ ခုနှစ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။အဆိုပါ ဒုတိယစစ်ပွဲ အကြောင်း ဆက်လက်မဖော်ပြမီ လက်ရှိ ယခုရေးသားနေသော ဆောင်းပါးရှည်၏ ခေါင်းစဉ်ဖြစ် သော ကမ္ဘောဇသာဒီနန်းတော်ကြီး တည်ဆောက်ပုံကို ဖော်ပြလိုပါ သည်။
၁၅၆၅ တွင် ပဲခူးဟံသာဝတီ ကို ပြန်လည်ရောက်ရှိပြီးသောအခါ နောက်ထပ်အရေးတော်ပေါ်၍ လင်းဇင်းသို့ သွားရောက်တိုက်ခိုက် ရသေးသည်။ ၁၅၆၅ အောက်တို ဘာလတွင် ဟံသာဝတီကို ပြန် ရောက်ကြသည်။
ဘုရင့်နောင်မင်းတရားကြီး ဇင်းမယ်သို့ စစ်ချီမည်ခိုက်တွင် ပဲခူးဟံသာဝတီနေပြည်တော်တွင် ကျန်ရစ်ခဲ့သည့် ရှမ်းတို့က စုပေါင်း ပြီး သူပုန်ထကြသည်။ အင်အား ၃သောင်းကျော်ရှိသည်ဟုဆိုသည်။ သို့သော် အင်းဝမှ ဘုရင့်နောင် ဖမ်းဆီးခေါ်ဆောင်လာသည့် နန်းကျဘုရင် နရပတိစည်သူက ဘုရင့်နောင်အား သစ္စာခံသည့် အနေဖြင့် လက်ကျန်မှူးမတ်များကို ဦးဆောင်ပြီး ပြန်လည်တိုက်ခိုက် သည့်အတွက် ရှမ်းတို့တပ် ပျက် သည်။ ဘုရင့်နောင်မင်းတရား ကြီးက ထိုကိစ္စကို သိလျှင်သိခြင်း ဟံသာဝတီသို့ အမြန်ပြန်လာပြီး ပုန်ကန်သူတို့အား အလျင်အမြန် နှိမ်နင်းသည်။ ဖမ်းဆီးရရှိသမျှ သူပုန် ၇၀ဝ၀ ကျော်ကို မီးတိုက် သတ်ရန် အမိန့်ပေးခဲ့သော်လည်း ဆရာတော်၊ သံဃာတော်များက အသနားခံသည့်အတွက် ခေါင်း ဆောင်လုပ်သူ ၇၀ ကျော်ကိုသာ သတ်စေခဲ့သည်။
ထိုအရေးအခင်းပြီးရင် မင်း တရားကြီးသည် လက်ရှိ စိုးစံနေ သည့် မွန်ဘုရင်များ အစဉ်အဆက် တည်ဆောက်စိုးစံလာခဲ့သည့် နန်း တော်ဟောင်းနေရာတွင် ကြီးကျယ် ခြင်း၊ ခမ်းနားခြင်း၊ လုံခြုံခြင်း ဂုဏ် အင်္ဂါတို့နှင့် ပြည့်စုံစေရန်အတွက် နန်းသစ်တည်ထောင်ရန်အစီအစဉ် ချမှတ်ခဲ့သည်။

ဤတွင် ဘုရင့်နောင်က ဟံသာ ဝတီမြို့ကို ကေတုမတီ တောင်ငူ လောက်ကြီးပြီးခိုင်လုံအောင်အသစ် ပြင်ဆင်တည်ဆောက်မည်ဟု ဆုံး ဖြတ်ခဲ့သည်။ ထို့ကြောင့် ၁၅၆၆ ခုနှစ် အောက်တိုဘာလမှစပြီး နေ ပြည်တော်အတွင်းရှိ အိမ်တစ်အိမ် လျှင် လူတစ်ယောက်စီဆင့်ခေါ်ပြီး မြို့ တည်မည့်နေရာရှိ မြေကို တူး စေသည်။ မြို့အနောက်ဘက်၌ ရှိ နေသော ချိုင့်ဝှမ်းကို ညှိစေသည်။ ၁၅၆၇ ခုနှစ်တွင် မြို့တော်ကို ပတ် လည်ဝိုင်းထားသည့် ကျုံးတော်ကြီး ကို စတင်တူးခဲ့သည်။ သို့နှင့် စတု ရန်းဟက်တာ ၃၄၀ဝ ရှိသော ဟံသာဝတီမြို့တော်ကြီးကို ကျုံးမြို့ ရိုးများနှင့်တကွ တည်ဆောက်နိုင် ခဲ့သည်။ တစ်ချိန်တည်းမှာပင် ရွှေ မောဓောပိဋကတ်တိုက်ကိုလည်း ပြုပြင်တည်ဆောက်ခြင်းများပြုလုပ် ခဲ့သည်။ ၁၅၆၆ တွင် ပဲခူးဟံသာ ဝတီနေပြည်တော်၏ မြိ့ရိုးမှ မြို့ တော်တံခါးတိုင်များ စတင်စိုက်ထူ ခဲ့သည်။ ထိုသို့ မြို့တံခါးများတည် ဆောက်ခဲ့ရာတွင် မြို့ရိုးပတ်ပတ် လည် စုစုပေါင်း မြို့တံခါး ၂၀ ကို တည်ဆောက်ခဲ့ရာ မြို့တံခါးတစ်ခု လျှင် စော်ဘွားများ၊ မြို့စားများသာ တာဝန်ယူကွပ်ကဲကြီးကြပ်တည် ဆောက်စေခဲ့ခြင်းဖြစ်သည်။ တည် ဆောက်ပြီးသည့် မြို့တံခါးများကို လည်း ဆောက်လုပ်သော မြို့စား စော်ဘွားတို့၏အမည်နှင့် ခေါ်တွင် စေခဲ့၏။ နမူနာအားဖြင့် တနင်္သာ ရီမြို့စား ကြီးကြပ်တာဝန်ယူ ပြုလုပ် သည့် မြို့တံခါးကို တနင်္သာရီတံခါး၊ ယိုးဒယားမင်းတာဝန်ယူ တည် ဆောက်သည့်တံခါးကို ယိုးဒယား တံခါး၊ ပြည်မြို့စား တည်ဆောက် ခဲ့သည့် မြို့တံခါးကို ပြည်တံခါး အစရှိသည်ဖြင့် ခေါ်ဝေါ်စေခဲ့ခြင်း ဖြစ်သည်။ မြို့မျက်နှာတစ်ဖက် လျှင် မြို့တံခါး ၅ ခုစီပါဝင်ရာ စုစုပေါင်း တံခါး ၂၀ ပါဝင်သည်။ တံခါးများ၏ အထက်တွင်ပြာသာဒ် တင်စေသည်။ ရွှေအပြည့်ချစေ သည်။ တံခါးရွက်များကိုလည်း ရွှေ ချစေသည်။ ရင်တား ၂ ထပ်စီ တပ်ဆင်စေသည်။
ကျုံးနှင့် မြို့ရိုးကိုတည်ဆောက် ပြီးစီးသောအခါနန်းတော်ကြီးတည် ဆောက်သည်။ နန်းတော်အတွက် အသုံးပြုမည့် သစ်များကို ၁၅၆၇ မေလမှစ၍ ခုတ်ခြင်း၊ ရွေခြင်းများ ပြုလုပ်စေခဲ့သည်။ ရွှေအိမ်နှင့် ပြာသာဒ်ကိုတည်ဆောက်စေသည်။ နန်းတော်တည်ဆောက်သောအခါ မှူးမတ်များက သစ်တစ်လုံးစီ ထည့်ဝင်ကြရသည်။ မိဖုရားများနှင့် ကိုယ်လုပ်တော်များအတွက် နန်း အဆောင်များကို မြို့စားများကတာ ဝန်ယူပြီး ဆောက်လုပ်သည်။ ရွှေ ပြာသာဒ်ပါဝင်သော ရွှေနန်းတော် ၆ဆောင် ပါဝင်သည်။ ဆင်တင်း ကုပ်များကိုလည်းဆောက်စေသည်။
ထိုသို့ဆောက်လုပ်ရာတွင် မြန်မာ၊ မွန်၊ ရှမ်း၊ ယိုးဒယား ဗိသု ကာလက်သမား၊ ပန်းရံအတတ် တတ်သူများကို ပါဝင်စေကာ ဆောက်လုပ်စေခဲ့ခြင်းဖြစ်သည်။
၁၅၆၈ မတ်လ ၁၆ ရက်နေ့ တွင် ဘုရင့်နောင် ဟံသာဝတီ ဆင်ဖြူရှင်မင်းတရားကြီးက ပဲခူးဟံသာဝတီတွင်အသစ်တည်ဆောက် ပြီးစီးသော နန်းတော်ကြီးကို တရား ဝင် နန်းတက်တော်မူသည်။ နန်းမြို့ကိုလည်း ကမ္ဘောဇသာဒီဟူ၍ အမည်သမုတ်ခဲ့သည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)