ဘုရင့်နောင်က တောင်ငူကို သိမ်းနိုင်ရန်အတွက် ဇေယျဝတီ တွင် အခြေစိုက်ရင်း ကြံစည်နေ ချိန်တွင် ပဲခူးဟံသာဝတီ၌ မွန် တို့ကသမိန်ထောရာမကိုနန်းတင်ခဲ့ ကြသည်။ ဘုရင့်နောင် အနေဖြင့် ပဲခူးဟံသာဝတီကို မသိမ်းသေးဘဲ ရှောင်လွှဲကာ တောင်ငူကို သိမ်းရန် ချီတက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ် ကာလ၌ ယခင်တပင်ရွှေထီးရှိစဉ် က သူ၏သစ္စာခံ မွန်မှူးမတ်များက နောက်ပါအင်အားများနှင့်အတူ ဘုရင့်နောင်ထံ လာရောက်ခိုဝင်ခဲ့ ကြသည်။ မုတ္တမဘက်မှ မွန်မှူး မတ်များလည်း ခိုဝင်လာကြပြန်ရာ ဘုရင့်နောင်၏ တပ်များ အင်အား တိုးပွားလာခဲ့သည်။ သို့ဖြစ်ရာ တောင်ငူတွင် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့ မရှိခိုက်တွင် တောင်ငူစားဖြစ်နေသော သီဟသူ မှာလည်း ကြောက်ရွံ့လာခဲ့သည်။ သို့နှင့် ဘုရင့်နောင်က တောင်ငူကို အင်အားကြီးမားစွာဖြင့် လေးလ ကြာဝန်းရံပြီး နောက်ဆုံး၌ ဘုရင့် နောင်၏ ညီတော်သူလည်းဖြစ်သူ တောင်ငူဘုရင် သီဟသူလည်း လက်နက်ချ အညံ့ခံခဲ့ရာ ဘုရင့် နောင်က တောင်ငူမြို့ကို သိမ်းပိုက် ပြီး ညီတော်သီဟသူကိုလည်း အသက်ဘေးမှ လွှတ်ပေးခဲ့သည်။
တောင်ငူကို ရရှိပြီးသောအခါ ထိုစဉ်က အထက်မြန်မာနိုင်ငံ အင်းဝ၊ စစ်ကိုင်းတို့ကို သိမ်းရန် စီစဉ်ရသည်။ ပထမဦးစွာ ပြည်ကို သိမ်းရသည်။ ပြည်ကိုရပြီးမှအင်းဝ ကို ဆက်လက်ချီတက်ရသည်။ နောက်ဆုံးတွင် အင်းဝလည်း ဘုရင့်နောင်၏ လက်အောက်သို့ ရောက်ရှိလာခဲ့တော့သည်။
ထိုအချိန်ထိ ဘုရင့်နောင်မှာ ယခု ကမ္ဘောဇသာဒီနန်းတော် တည်ဆောက်မည့် ပဲခူးဟံသာဝတီ ကို သိမ်းပိုက်ခြင်း မပြုရသေးချေ။


၁၅၅၂ ခုနှစ် မတ်လ ၁၂ ရက်ရောက်တော့မှ ရေအား၊ကြည်း အားနှင့်တကွ မွန်တို့အုပ်စိုးနေ သော ပဲခူးဟံသာဝတီပြည်ကြီးကို တိုက်ခိုက်အောင်မြင်ခဲ့ပြီး အုပ်စိုး ခွင့်ရခဲ့သည်။
ပဲခူးဟံသာဝတီပြည်ကြီးကို သိမ်းပိုက်ပြီးသောအခါဘုရင့်နောင် မင်းတရားကြီးကကုသိုလ်အဟောင်း ပျက်နေသူတို့ကိုလည်း ပြုပြင်စေ တော်မူသည်။ ကုသိုလ်အသစ်တို့ ကိုလည်း များစွာပွားများစေတော် မူခဲ့သည်။ သာသနာတော်ကို ချီး မြှောက်ခဲ့သည်။ ၁၅၅၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဘိသိက်မင်္ဂလာခံယူခဲ့ပြီး နန်းတော် အသစ်မဆောက်ရသေးခင်က ရှိနှင့်ပြီးသော ကမ္ဘောဇသာကီ အမည်ရှိ နန်းအိမ်တော်တွင် စံတော်မူခဲ့သည်။ ဘုရင့်နောင် မင်းတရားကြီးက ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားစေရန် အလို့ငှာ ပိဋကတ်သုံးပုံအစုံများစွာ ပြုစု တော်မူစေခဲ့သည်။ သီဟိုဠ်ကျွန်းမှာ ထိုစဉ်က သာသနာတော်ပျက်စီး နေသည်ဖြစ်သောကြောင့်ပိဋကတ် တစ်စုံနှင့် တကွ သီဟိုဠ်ကျွန်းသို့ ပို့ဆောင်စေကာ သီဟိုဠ်၌ ကုသိုလ် အဟောင်းတို့ကို ပြုပြင်စေတော် မူခဲ့သည်။ သီဟိုဠ်ကျွန်းမှ ဓာတ် တော်များကိုလည်း ဟံသာဝတီနေ ပြည်တော်သို့ပင့်ဆောင်စေခဲ့သည်။


ဘုရင့်နောင်မင်းတရားကြီး ဒုတိယမြန်မာနိုင်ငံတော်ကို ပြန် လည်ထူထောင်ချိန်တွင် ရှမ်းပြည် နယ်တစ်လွှားမှာ ပုဂံ၊ အနော်ရထာ လက်ထက်က သစ္စာတော်ခံများ အဖြစ် ရှိခဲ့သော်လည်း စော်ဘွား အများစုမှာ မြန်မာမင်းတို့၏ ဩဇာ အာဏာသက်ရောက်မှုမရှိဘဲ ဖြစ် နေခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ မိုးမိတ်၊ သီပေါ၊ ထီးချိုင့်၊ မိုးညှင်း၊ မိုးကောင်း စသည်တို့ကို ချီတက်သိမ်းပိုက်ကာ စော်ဘွားများအား သစ္စာတော် ခံ စေရပြန်သည်။ ပြီးခဲ့သည့်တစ်ပတ် က ဖော်ပြခဲ့ပြီးဖြစ်သလို အချို့ သော ရှမ်းစော်ဘွားများက ၎င်းတို့ ကွယ်လွန်သည့်အခါ ကျွန်၊ ယောကျာ်း/မိန်းမများကိုသတ်၍ မြေမြှုပ်စေသော မိစ္ဆာဒိဋ္ဌိအကျင့် တို့ကိုလည်း ဖျောက်ဖျက်စေခဲ့ သည်။
ရှမ်းပြည်မိုးကောင်းမှ အပြန် တွင် ပုဂံသို့ ဝင်တော်မူ၍ ရွှေစည်း ခုံစေတီတော်ကြီးတွင် ယခုလူသိ များသော ကြေးသွန်းခေါင်းလောင်း တော်ကြီးကို သွန်းလုပ်ပူဇော်ခဲ့ သည်။ ကြေးအချိန် (ကြေးခွက် ၂၁၀ဝ) ကို သွန်းလောင်းသော ခေါင်းလောင်းတော်ကြီးကို သွန်း လုပ်ပူဇော်ခဲ့ခြင်းဖြစ်သည်။ ၁၅၅၇ ခုနှစ် မေလ ၂၃ ရက် (ခေါင်း လောင်းပေါ်တွင်မြန်မာသက္ကရာဇ်) ကို ရေးထိုးထားသော အဆိုပါ ခေါင်းလောင်းတော်ကို မွန်စာဖြင့် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ဘုရင့်နောင်မင်းတရားကြီး က ကမ္ဘောဇသာဒီနန်းတော် တည်ဆောက်ပုံအကြောင်း မရေးမီ ဒုတိယမြန်မာနိုင်ငံတော် စည်းရုံး တည်ဆောက်အောင်မြင်တော်မူခဲ့ တဲ့ သမိုင်းကြောင်းကို ဆက်လက် ဖော်ပြနေပါသည်။
ခရစ်နှစ် ၁၅၅၇ ခုနှစ်မှာ ရှမ်းပြည်နယ်တစ်လွှားက စော်ဘွား မြို့များကို အောင်မြင်သိမ်းသွင်း နိုင်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော် တစ်ကြိမ်တည်းနဲ့ အောင်မြင်ပြီးစီး သွားတာမျိုးမဟုတ်ခဲ့ဘဲ အချို့ သော ရှမ်းစော်ဘွားများက ပြန်လည် ပုန်ကန်ထြွကခဲ့တဲ့အတွက် ပြန်လည် နှိမ်နင်းနေရတာမျိုးတွေ အကြိမ်ကြိမ် ရှိခဲ့တာ မှန်နန်းရာဇဝင်မှာ ဖတ်ရှုရ ပါသည်။
ရှမ်းပြည်တစ်လွှားကို သိမ်းပိုက် အပြီးမှာတော့ ၁၅၅၈ ခုနှစ်မှာ ဇင်းမယ် (ယခု-ချင်းမိုင်) ကို စစ်ချီ ခဲ့ပါသည်။
ဇင်းမယ်သည် ထိုစဉ်အခါက ယိုးဒယား (အယုဒ္ဓယ) နှင့် သီးခြား မြို့ပြနိုင်ငံတစ်ခုဖြစ်၏။ ယခုခေတ် မှာသာ ချင်းမိုင်ရော၊ အယုဒ္ဓယ ရော ယခုထိုင်းနိုင်ငံဟု ခေါ်တွင် သော တိုင်းပြည်တစ်ခုတည်းတွင် ပါဝင်နေသည့် မြို့ပြနိုင်ငံများသာ ဖြစ်သည်။
ဘုရင့်နောင် ဇင်းမယ်ကို စစ်ချီခြင်းအကြောင်း ဆက်လက် မဖော်ပြခင်မှာ မြန်မာဘုရင်များနှင့် ဇင်းမယ်နိုင်ငံ ဆက်စပ်နှီးနွှယ်နေပုံ အကြောင်း အကျဉ်းချုပ် သိထားရ အောင် ဖော်ပြပေးလိုပါသည်။ အသေးစိတ်မဟုတ်ဘဲ အကြမ်းဖျင်း ဖော်ပြရလျှင် ပုဂံခေတ် အနော်ရထာ မင်းလက်ထက် (ခရစ်နှစ် ၁၀ဝ၀ ခန့်) ကတည်းက ဇင်းမယ်နိုင်ငံ သည် အနော်ရထာ၏ ပထမမြန်မာ နိုင်ငံတော်ကြီးထဲမှာ သိမ်းပိုက် ပါဝင်နေခဲ့ပြီး ဖြစ်သည်။ ဇင်းမယ် သည် ခရစ်နှစ် ၁၂၉၄ တွင် ပုဂံ ခေတ်မင်းတစ်ပါးဖြစ်သော ကျော်စွာ မင်းလက်ထက်မှာ ပုဂံလက်အောက် မှ လွတ်မြောက်သွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဇင်းမယ်မှာ မြန်မာ ဘုရင်တို့၏ အုပ်စိုးမှုအောက်တွင် ပုဂံခေတ်၌ နှစ်ပေါင်း ၂၀ဝ ကျော် ခန့်ရှိခဲ့ပြီး ဖြစ်သည်။ ယနေ့ထက် တိုင်လည်း ချင်းမိုင် (ဇင်းမယ်) ရှိ နယ်သူနယ်သားများဟာဘန်ကောက် (အယုဒ္ဓယ) ရှိ ထိုင်းလူမျိုးတို့နှင့် အနည်းငယ် ကွဲပြားခြားနားသော ရုပ်ရည်သွင်ပြင် စရိုက်လက္ခဏာ များ ရှိနေကြခြင်းဖြစ်တယ်လို့ ယူဆနိုင်မယ်လို့ ထင်ပါသည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)