ဘုရင့်နောင်သည် စင်စစ် ဆို ရလျှင် တပင်ရွှေထီး၏ခမည်းတော် ဖြစ်သော မင်းကြီးညိုက စိတ်ငြို ငြင်ခြင်းခံခဲ့ရသေးသည်။
ဘုရင့်နောင်၏မိခင် ရှင်မျိုး မြတ်မှာ တပင်ရွှေထီး၏ နို့ထိန်းဖြစ် သည်။ ထို့ကြောင့် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့မှာ နို့စို့ဖက်များ ဖြစ်ရာ အသက်လည်းမကွာလှ သောကြောင့် တစ်ဦးနှင့်တစ်ဦး အလွန်ချစ်ခင်ကြသူများဖြစ်သည်။


အရွယ်ရောက်လာသော် ဘုရင့်နောင်ဖြစ်လာမည့် ရှင်ရဲထွဋ် နှင့် တပင်ရွှေထီး၏ အစ်မတော် ခင်ကြီးတို့ ငြိစွန်းခဲ့ကြရာ မင်းကြီး ညိုက ရှင်ရဲထွဋ်ကို စိတ်ငြိုငြင် အမျက်ရှပြီး သတ်ရန် အမိန့်ချမှတ် ခဲ့သေးသည်ဟု ဆိုသည်။ သို့သော် ဘုရင့်နောင်ဖြစ်လာမည့် ရှင်ရဲထွဋ် ၏ ဇာတာမှာ ကောင်းလှသည်ဟု ဆိုကာ အပြစ်မှချမ်းသာပေးခဲ့ခြင်း ဖြစ်သည်။ မင်းကြီးညိုလွန်ပြီး နောက် သားတော် တပင်ရွှေထီး နန်းတက်သည်နှင့် အစ်မတော် ခင်ကြီးနှင့် ရှင်ရဲထွဋ်ကို လက်ထပ် ထိမ်းမြားပေးခဲ့သည်။
တပင်ရွှေထီးက နယ်ပယ်ချဲ့ ထွင်ရေးအတွက် စစ်ပွဲများ ဆင်နွှဲ ခဲ့ရာ ဘုရင့်နောင်သည် တိုက်ပွဲ တိုင်းတွင် ဦးဆောင်တိုက်ခိုက်ခဲ့ရ သည်။ သူပုန်ထနေသော မွန်တို့ကို ဘုရင့်နောင်က နှိမ်နင်းရန်အတွက် ဒလသို့ ရောက်ရှိနေချိန်အတွင်း တပင်ရွှေထီးသည်လည်း ကေတု မတီတောင်ငူနှင့် ဝေးရာ ဒေသ တစ်ခုတွင် လုပ်ကြံခံခဲ့ရသည်။ သို့ ဖြစ်ရာ တပင်ရွှေထီးနတ်ရွာစံချိန် တွင် ကေတုမတီတောင်ငူ၌ လတ် တလော အုပ်ချုပ်မည့် တရားဝင် မင်း မရှိခဲ့သေးချေ။ နောက်တွင် ဘုရင့်နောင်၏ ညီတော် မင်းခေါင်က တောင်ငူကေတုမတီ ထီးနန်းကို အပိုင်စီးထားလိုက်သည်။ ဘုရင့်နောင်က ဒလမှနေ၍ လူသူ အင်အား စုစည်းပြီး ဒဂုန်သို့ ဦးစွာ ချီတက် တိုက်ခိုက်ယူခဲ့သည်။ ဆက် လက်၍ တောင်ငူသို့ ချီတက်ခဲ့သည်။ တောင်ငူသို့မရောက်မီ ရွာ သစ်ကြီးကို ဇေယျဝတီဟု အမည် ခေါ်တွင်စေကာ တပ်စခန်းချလျက် နေခဲ့သည်။


စကားစပ်၍ ရေးရလျှင် ယခု ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာတွင် အဘယမုနိ ဘုရားကြီးဟူသော စေတီတော်ကြီး တစ်ဆူရှိသည်။ ထိုစေတီတော် ကြီးမှာ ဘုရင့်နောင်မင်းတရားကြီး တည်ထားတော်မူခဲ့သော စေတီတော်ကြီးဟု သိရသည်။ စာရေး ဆရာမ တက္ကသိုလ်မင်းမင်းဖြူ ရေးသားသော “အဘယမုနိစေတီတော်” သမိုင်းအမည်ရှိ စာအုပ်တွင် ဖော်ပြချက်များကို ကိုးကား၍ရေး သားရလျှင် ကေတုမတီတောင် ငူမြို့ကို မင်းကြီးညိုကတည်ထောင် ခဲ့ရာ၌ မြို့၏ ပတ်ဝန်းကျင်၌ တီ ၉ တီဟု အမည်တွင်သော မြို့များ ရှိခဲ့သည်။ ဝေဠုဝတီ၊ ဓညဝတီ၊ ဒွါရဝတီ၊ ဇေယျဝတီ စသည်တို့ထဲ တွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။ ယခင်က ဇေယျာဝတီ ဟုလည်း ခေါ်ခဲ့ကြသည်။ ကေတု မတီတောင်ငူမှ မိုင် ၂၀ ခန့် ကွာဝေးသော နေရာတွင် ရှိသည့် ရွာသစ်ကြီးအမည်ရှိ ကျေးရွာကို ဘုရင့်နောင်က တပ်စခန်းချပြီးနေခဲ့ရာမှ ဇေယျဝတီမြို့ကို တည် ဆောက်ခဲ့ခြင်းဖြစ်သည်။ ဘုရင့်နောင်မှာ ဇေယျဝတီတွင် လူသူ လက်နက် စုရုံးနေပြီး အကြံ တစ်ခုဖြစ်ပေါ်လာသည်။ ထိုအချိန် တွင် တောင်ငူ၌ ကျန်ရစ်ခဲ့သော ဘုရင့်နောင်၏ ညီတော်အရင်း မင်းခေါင်က တောင်ငူထီးနန်းကို သိမ်းပြီး ပုန်ကန်ခြားနားနေခဲ့ခြင်း ဖြစ်သည်။ ဘုရင့်နောင်က ရန် အပေါင်းကို အောင်မြင်၍ အေး ချမ်းသာယာသော မြန်မာနိုင်ငံ အဖြစ် ပြန်လည် ရုံးစုနိုင်စေရန် စစ်သည်အင်အား ဖြည့်တင်းရင်းနဲ့ တစ်ဖက်မှလည်း ဘာသာသာသနာကို ချီးမြှောက်မှ သင့်မည်ဟု အကြံဖြစ်ပေါ်လာခြင်း ဖြစ်သည်။


သို့နှင့် ပညာရှိများနှင့် တိုင် ပင်ကာ ရန်အပေါင်းကို အေးချမ်း စွာ အောင်မြင်နိုင်စေရန် ဘုရားစေတီ တည်ထားကိုးကွယ်မည့် အကြောင်း ရွှေဉာဏ်တော်ဖြစ်ပေါ်သည်နှင့် အပေါင်းဗိုလ်ပါတစ်စုနှင့် ဇေယျဝတီမြို့၏ အင်္ဂါထောင့် အရပ်၌ ဘုရားစေတီတစ်ဆူ တည် တော်မူခဲ့သည်။ စေတီတော်ကို တည်တော်မူရာ၌ ဌာပနာအဖြစ် ဘုရင့်နောင်ကျော်ထင်အနော် ရထာ၏ ရွှေရုပ်တု (အချို့ပြောဆိုချက်အရ ဘုရင့်နောင်၏ ကိုယ် အလေးချိန်နှင့် အညီအမျှရှိသော ရွှေသားအတိဖြင့် ပြုလုပ်ထားသော ရုပ်တုဟု ဆိုကြသည်။) ထို့ပြင် မိဖုရား၏ ရွှေရုပ်တု ထိုရုပ်တုမှာလည်း ရွှေကိုယ်လေး ကိုယ်အလေးချိန် အတိုင်းရှိသော ရွှေသားဖြင့် ရုပ်တု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ဘုရင့်နောင်နှင့် မိဖုရား၏ ရွှေရုပ်တုများ ကို စေတီတော်ကြီး၏ ဌာပနာ တိုက်ထဲတွင် ထည့်သွင်းခဲ့သည်ဟု ဆိုကြပါသည်။ မြန်မာသက္ကရာဇ် ၉၁၂ ခုနှစ် တော်သလင်းလတွင် စေတီတော်ပြီးမြောက်ခဲ့ပြီး ထီး တော်တင်ခဲ့ကာ ရန်အပေါင်းကို အောင်နိုင်၍ အေးချမ်းသာယာသော မြန်မာနိုင်ငံကြီးကို ထူထောင်နိုင်ရန် အဓိဋ္ဌာန်ရည်သန်သည်နှင့် “အဘယမုနိစေတီ တော်” ဟု နာမတော် သမုတ်ခဲ့ကြောင်း ဖော်ပြထားသည်။ စေတီ တော် တည်ဆောက်ပြီးစီးသောအခါ ဤကဲ့သို့ အဓိဋ္ဌာန်ပြုခဲ့သည်။ ညီတော် မင်းတရားရွှေထီးလည်း ဆုံးပါးခဲ့၍ ပဲခူးဟံသာဝတီကိုလည်း လက်လွှတ်ဆုံးရှုံးကာ မွန်တို့ အုပ်ချုပ်လျက်ရှိသည်။
တစ်ဖန် ကေတုမတီ တောင်ငူ ၌လည်း ညီတော်အရင်းဖြစ်သည့် မင်းခေါင်ကခြားနားလျက်ရှိနေသည်။ ထို့ကြောင့် ငါ့၌ ရန်အပေါင်းတို့ ဝန်းရံလျက် ခံနေရသော အခြေ အနေသို့ ဆိုက်ရောက်နေရသည့် အပြင် စည်ပင်ဝပြောသော မြန်မာ နိုင်ငံအလုံးသည် သူတစ်လူ ငါတစ် မင်းဖြင့် ဝါးစည်းပြေလျှောကဲ့သို့ ဖြစ်နေချေပြီ။ ယင်းကဲ့သို့သော အခက်အခဲ အတားအဆီးရန်မာန် ဟူသမျှ မြူမျှ မကျန် ကင်းပစေ ရန်အတွက် အဘယမုနိ မြတ်စော ရှင်အား ငါတည်ထားကိုးကွယ် သတည်း၊ ဤကုသိုလ်သဒ္ဓါအဟုန် ကြောင့် ရန်အပေါင်းကို အောင် မြင်၍ တိုင်းရင်းသားပေါင်းစုံ စည်း လုံးစွာဖြင့် အေးချမ်းသာယာသော မြန်မာနိုင်ငံကိုပြန်လည်ထူထောင် နိုင်သော ကိုယ်၊ ငါ ဖြစ်ရပါလို၏ ဟူ၍ ဆုတောင်းခဲ့သည်ဆိုသည်။
ဇေယျဝတီမြို့တွင် လူသူစု ရုံး၍ ၂လခန့်အကြာ၌ဘုရင့်နောင် ကျော်ထင် အနော်ရထာထံသို့ ညီ တော်မင်းခေါင်ကအရှုံးပေးခိုဝင်လာ ခဲ့သည်။ ဘုရင့်နောင်က မင်းခေါင် ကို ဗွေမယူဘဲ အသက်ဘေးမှ လွှတ်ပေးခဲ့သည်။
ဘုရင့်နောင်တည်ထားခဲ့ သည့် အဘယမုနိဘုရားကြီးတွင် ဘုရင့်နော်ကျော်ထင်အနော်ရထာ အောင်မြေနင်းခဲ့သောနေရာကို အထိမ်းအမှတ်ရုပ်တုတစ်ခု ပြု လုပ်ကာ ကမ္ဗည်းထိုးခဲ့သည်။ ရုပ် တုမှာ ဘုရင့်နောင်၏ရုပ်တုဖြစ်ပြီး ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ပြန်လည်ထူထောင်ရာ၌ ဇေယျ ဝတီမြို့ (ရန်အောင်မြို့) အစဦး ဗိုလ်ဝင်ခံရာ ဘုရင့်နောင်မင်း တရားကြီး၏ အောင်မြေအား ယဉ်ကျေးမှုဝန်ကြီးဌာနက ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၏ လမ်းညွှန်ချက်ဖြင့် မော်ကွန်း ကမ္ဗည်းရေးထိုးထားခဲ့သည်။ ၎င်း မော်ကွန်းကို “ဘုရင့်နောင်၏ အောင်မြေမော်ကွန်းကမ္ဗည်း” ဟု အမည်ပေးကာ စိုက်ထူခဲ့ပါသည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)