– မျက်စိဆရာဝန်နှင့် တစ်နှစ် တစ်ခါ စစ်ဆေးပါ။
– မျက်စိကိုက်ခဲရင်၊ ခိုးလိုးခုလု ဖြစ်ရင်၊ အလင်းမကြည့်နိုင်ရင်၊ မျက်ချေးတွေ ထွက်ထွက်လာရင်
– မျက်စိမတော်တဆထိခိုက် လျှင် (မဖြစ်အောင် ရှောင်/ကြို တင်ကာကွယ်နိုင်သမျှကာကွယ်ပါ)
– မျက်စိဖွင့်မရဖြစ်လျှင်၊ ကြည့် လို့မကောင်းဖြစ်ရင်
– မျက်စိထဲ သွေးခြည်ဥနေလျှင်
– မျက်စိတစ်ဖက်က အခြား တစ်ဖက်လို ပုံမှန်မဖြစ်ရင် (မှိတ် သို့မဟုတ် ဖွင့်တာ)
– သူငယ်အိမ်ကြီးလာရင် သို့မ ဟုတ် ကျဉ်းလာသေးလာရင် သို့မ ဟုတ် တစ်ဖက်နှင့်တစ်ဖက် မတူ လျှင်
– နေပူထဲသွားရင် နေကာ မျက် မှန်ယူပါ
– သင့်လုပ်ငန်းအရ ဂဟေဆော် တာ၊ သံဖြတ်တာမျိုးရှိလျှင် ပလတ် စတစ်မျက်မှန် အကာအကွယ် တပ်ပြီး လုပ်ပါ။
– မျက်စိယားလျှင် မပွတ်ပါနှင့်။ ပွတ်လျှင် သွေးကြောလေးများ ထိ ခိုက်ပျက်စီးစေပြီး ပိုမိုဆိုးဝါးစေပါ တယ်။ မျက်ကြည်လွှာ ထိခိုက်စေ ပါတယ်။
– တီဗီ၊ ဖုန်းများ အကြာကြီး ကြည့်ခြင်း၊ ပွတ်ခြင်း ရှောင်ပါ။
– မျက်ကပ်မှန်တပ်သူဖြစ်က သန့်ရှင်းစွာသိမ်းဆည်းရန်လိုပါတယ်။ မဟုတ်ရင် မျက်စိထဲ ကူးစက်ပိုး ဝင်ရောက်ခံနိုင်ခြေ ရှိပါတယ်။
– မိတ်ကပ်လိမ်း သို့မဟုတ် သနပ်ခါးလိမ်းခြင်းက သင့်မျက်စိ ထဲ မတော်တဆ ၎င်းတို့ဝင်နိုင်တဲ့ အခွင့်အလမ်းများတတ်ပါတယ်။
– လိုအပ်ရင် မျက်မှန်ပါဝါ စစ် ဆေးတပ်ဆင်ထားပါ။
– ရေချိုးရင် ဆပ်ပြာရည်တွေ မျက်စိထဲဝင်တတ်ပါတယ်။
– မျိုးရိုးမှာ ရေတိမ် သို့မဟုတ် မျက်စိမြင်ကွင်းယိုယွင်းရောဂါရှိခဲ့လျှင်

တင်မြင့်မေ