မျက်စိအမြင်အာရုံ မကောင်းတဲ့အခါ မျက်မှန်တပ်ကြရပါတယ်။ လူငယ်တွေအနေနဲ့ တစ်ချို့ကမျက်မှန်တပ်လိုက်ရင် ရုပ်ရင့်သွားတယ်လို့ထင်လို့ မတပ်ချင်ကြလို့ မျက်ကပ်မှန်တပ်ကြတယ်။ တစ်ချို့ကျတော့လည်း မျက်ကပ်မှန်တပ်လိုက်ရင် ပိုလှသွားလို့တပ်ကြတယ်။ ဒါပေမဲ့မျက်ကပ်မှန်တပ်တဲ့သူတွေအနေနဲ့ ဂရုမစိုက်ရင်ကိုယ့်မျက်စိကိုတောင် ပြန်ထိတတ်ပါတယ်။ ဒါကြောင့် မျက်ကပ်မှန်တပ်သူများအနေနဲ့ လိုက်နာရမဲ့အချက်များကတော့…………..

ညအိပ်ရာဝင်လျှင် မျက်ကပ်မှန်ကို ချွတ်ထားပါ။

အဘယ်ကြောင့်ဆိုသော် မျက်ကပ်မှန်တစ်ချိန်လုံး တပ်ထားခြင်းဟာ မျက်လုံးအိမ်အား ပွန်းပဲ့စေနိုင်ကာ ပိုးအလွယ်တကူဝင်ရောက်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ထို့​ပြင် မျက်ကြည်လွှာအား မျက်ကပ်မှန်နှင့် အချိန်ကြာမြင့်စွာ အုပ်ထားခြင်းကြောင့်မျက်ကြည်လွှာမှာ အောက်စီဂျင်လုံလောက်စွာမရရှိနိုင်ကာ ရောဂါပိုးမွှားများမှုကို ပိုမိုအားပေးနိုင်လို့ဖြစ်ပါတယ်။

မျက်ကပ်မှန်အား ချွတ်ထားလျှင်ပိုးသတ်ဆေးရည်နှင့် ဆေးကြောထားရမည်။

သက်တမ်းလွန်နေသော မျက်ကပ်မှန်များအား အသုံးမပြုရ။

မိမိအိမ်မှ ပြင်ပသို့ထွက်လျှင် မျက်ကပ်မှန် အား ဆေးကြောနိုင်ရန် သန့်စင်သော ဆလိုင်း (Saline) ရည်အား ခွက်သေးသေးတစ်ခုနှင့် ထည့်၍ဆောင်သွားရမည်။

မျက်ကပ်မှန်တပ်လျက် ရေလုံးဝမကူးရပါ။

အိမ်တွင်းမှုကိစ္စများ လုပ်နေစဉ် မျက်ကပ်မှန်တပ်မထားပါနှင့်။

အဘယ်ကြောင့်ဆိုသော် အိမ်တွင်းသန့်ရှင်းရေးတွင် အသုံးပြုသောဓာတုဆေးရည်များတွင် ပါရှိသော ဓာတ်ငွေ့များ (ဥပမာ- အမိုးနီးယား)သည် မျက်ကပ်မှန်းအတွင်းသို့ စွမ့်ဝင်သွားနိုင်သောကြောင့်ဖြစ်သည်။

မျက်ကပ်မှန်တပ်ထားရင်း မျက်စိညောင်းလာခြင်း၊ နီရဲလာခြင်း၊ ပူစပ်လာခြင်း၊ မျက်ရည်ပူ ထွက်လာခြင်း ဖြစ်လာပါက မျက်ကပ်မှန်အား ချက်ချင်းဖြုတ်လိုက်ပါ။

မျက်ကပ်မှန်ချွတ်ပြီးတာတောင်မှ ဆက်လက်၍ ယားယံပူစပ်နေဆဲဖြစ်ပါက မျက်စိအထူးကုဆရာဝန်ထံ သွားရောက်ပြသပါ။