ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ ကွန်ပီးမြို့တွင်နေထိုင်သူ အမျိုး သမီးကြီးရဲ့ မီးဖိုဆောင်ထဲမှာ နှစ် ပေါင်းများစွာကတည်းက ရှိနေခဲ့ သော ပန်းချီကားတစ်ချပ်သည် လေလံတင်ရောင်းချခဲ့ရာ ပေါင် သန်းပေါင်း ၂၀.၇ သန်း ရရှိခဲ့ တယ်လို့သိရပါတယ်။ အဲဒီအဘွားအိုဟာ အသက် ၉၀နှစ်ရှိနေပြီဖြစ်ပြီး အဲဒီပန်းချီကားကို မီးဖိုချောင်ထဲက ထမင်းဟင်းချက်တဲ့ လျှပ်စစ် မီးဖိုပလိတ်ပြားရဲ့ အထက်နံရံမှာ ချိတ်ဆွဲထားခဲ့တာ ဆယ်စုနှစ် ပေါင်းများစွာရှိပြီဖြစ်ပြီး အဲဒီပန်းချီ ကားရဲ့ ထူးခြားမှုကို တစ်ခါမှ သတိ မထားမိခဲ့ဘူးလို့ ဆိုပါတယ်။ လေလံတင်သမားတစ်ဦးက အဆို ပါ ပြင်သစ်နိုင်ငံသူအဘွားအိုရဲ့ အိမ်မှာ ရောက်ရှိပြီး အဘွားပိုင် အခြားသောအိမ်ထောင်ပရိဘောဂ ပစ္စည်းများကို တန်ဖိုးဖြတ်ရန် ရောက်ရှိနေစဉ်အတွင်း အဲဒီပန်းချီကားကိုတွေ့ရှိခဲ့ပါတယ်။ သူက အဆိုပါပန်းချီကားအား ပန်းချီ ကျွမ်းကျင်သူ ပါရဂူများအား ပြသ ၍ အကဲဖြတ်သုံးသပ်ခြင်း၊ တန်ဖိုး ဖြတ်ခြင်း ပြုလုပ်သင့်ကြောင်း အကြံÓဏ်ပေးခဲ့ပါတယ်။ အဘွား ကတော့ အဲဒီပန်းချီကားကို ရိုးရိုး ရှေးဟောင်းဘာသာရေးဆိုင်ရာ ရုပ်ပုံကားချပ်တစ်ခုအဖြစ်လို့ပဲ ထင်မှတ်ထားခဲ့ပါတယ်။

ပန်းချီအကဲဖြတ်ကျွမ်းကျင်သူများက အဲဒီပန်းချီကားဟာ ပို၍ ကြီးသော ပန်းချီကားချပ်ကြီးမှ အစိတ်အပိုင်းရှစ်ခုအနက် တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီပန်း ချီကားကို ခရစ်နှစ် ၁၂၈၀ ပြည့် နှစ်ဝန်းကျင်က ပန်းချီဆရာ Cimabue ဆိုသူက ရေးဆွဲခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ပန်းချီကားရဲ့ အပိုင်းအစ ရှစ်ခု အနက် နှစ်ခုကို နယူးယောက်မြို့ နှင့်လန်ဒန်မြို့ရှိ အမျိုးသားပြတိုက် တို့တွင် စုဆောင်းပြသထားတာဖြစ် ပါတယ်။

ပန်းချီကားရဲ့ နာမည်က Christ Mocked ဟု ခေါ်ပြီး ၂၀ စင်တီမီတာ×၂၆ စင်တီမီတာ အရွယ်အစား ရှိပါတယ်။ ကနဦး တွင် ပန်းချီအကဲဖြတ်ဆရာများက အဲဒီပန်းချီကားရဲ့ တန်ဖိုးကို ပြင် သစ်နိုင်ငံတွင် လေလံမတင်မီက ယူရို ၄ သန်းမှ ၆ သန်းကြား ရှိ မယ်လို့ တန်ဖိုးဖြတ်ခဲ့ကြပါတယ်။ အမှန်တကယ် လေလံတင်ရောင်း ချတဲ့အခါ ယူရို ၂၄ သန်း (ပေါင် ၂၀.၇ သန်း) ရရှိခဲ့ခြင်းဖြစ်ပါ တယ်။ ပန်းချီကားကို လေလံဆွဲယူ သွားသူကတော့ အမည်မဖော်လို သူ တစ်ဦးဖြစ်ပြီး နိုင်ငံခြားမှ ပြ တိုက်တစ်ခုကလည်း ဝင်ရောက် လေလံဆွဲတဲ့အထဲမှာ ပါဝင်ခဲ့တယ် လို့ ဆိုပါတယ်။
ဒီပန်းချီကား လေလံတင် ရောင်းချမှုဟာ ပန်းချီဆရာ Cimabue ရဲ့ လက်ရာတွေထဲက ပထမဦးဆုံးအကြိမ်အဖြစ် လေလံတင်ရောင်းချခဲ့ရ သော ပန်းချီကား ဖြစ်ကြောင်း သိရပါတယ်။ Cimabue ရဲ့ ပန်းချီကားတွေကို ယခင်က တစ်ခါမျှ ရောင်းချခဲ့ဖူး ခြင်းမရှိတဲ့အတွက် ဘယ်လောက် ရမယ်ဆိုတာ ရည်ညွှန်းဖို့ မရှိခဲ့ဘူး လို့ ဆိုပါတယ်။

ပန်းချီဆရာ Cimabue ရဲ့ ရှားပါးပန်းချီလက် ရာများကို ဈေးကွက်တင်တဲ့အခါ အံ့အားသင့်စေလိမ့်မယ်လို့ ဆိုပါ တယ်။
ပန်းချီဆရာ Cimabue သည် အီတလီနိုင်ငံသားတစ်ဦးဖြစ်ပြီး ဖလောရင့်မြို့တွင် မွေးဖွားခဲ့သူ ဖြစ် ပါတယ်။ ၎င်းဟာ နိုင်ငံတကာ ပန်းချီချစ်သူများ သိရှိကြသော အီတာလျံ ပန်းချီကျော် ဂျော့တို (Giotto) အား ပန်းချီပညာရပ်များ သင်ကြားပြသပေးခဲ့သော ဆရာ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Cimabue ဟာ အီတာလျံ ရီနေးဆန်းခေတ်ရဲ့ ဦးဆောင်သူ တစ်ဦးဖြစ်တယ်လို့လည်း အများ ကအသိအမှတ်ပြုထားကြပါတယ်။ သူက အလယ်ခေတ်မှာ ရေပန်း စားသော ဘိုင်ဇမ်တိုင်းဟန် လက် ရာများကို ဖောက်ထွက်ခဲ့ပြီး ယခု ခေတ် အနောက်တိုင်းပန်းချီရဲ့ စရိုက်လက္ခဏာဖြစ်သော ပန်းချီ ကားတစ်ချပ်ရဲ့ နီးဝေးမြင်ကွင်း (Perspective) နှင့် လှုပ်ရှားမှုများ ကို ပေါင်းစပ်ရေးဆွဲနိုင်ခဲ့သော ပန်းချီဆရာတစ်ဦး ဖြစ်ပါတယ်။

အယ်ဒီတာ