ထရန်စစ္စတာ Transistor ဆိုတာ တစ်စိတ်တစ်ပိုင်းလျှပ်စစ်စီး ဆင်းနိုင်တဲ့ အပြားလေးတွေဖြစ်ပြီး အီလက်ထရောနစ်အချက်ပြမှုများ ကို လွှင့်ထုတ်သယ်ဆောင်နိုင်သော ကိရိယာလေးတစ်ခုဖြစ်ပါတယ်။ အဲဒီထဲမှာ လျှပ်စစ်အနည်းငယ်မျှ စီးဆင်းစေခြင်းဖြင့် အဲဒီက ထွက် လာတဲ့ အီလက်ထရောနစ် အချက် ပြမှုများကို ပြန်လည်ဖမ်းယူကာ အလုပ်လုပ်ပေးခြင်းဖြစ်ပါတယ်။ လူတိုင်းနားလည်သဘောပေါက်နိုင် တဲ့ နမူနာကတော့ ရေဒီယိုအသံ ဖမ်းစက်တွေထဲမှာ ထရန်စစ္စတာ ကို အသုံးပြုပြီး မိုင်ထောင်ပေါင်း များစွာဝေးတဲ့နေရာက လွှင့်ထုတ် လိုက်သော အသံတွေကို ဖမ်းယူ နားဆင်နိုင်ခြင်းဖြစ်ပါတယ်။
ထရန်စစ္စတာသည် တစ်စိတ် တစ်ပိုင်းလျှပ်ကူးပစ္စည်း Semi Conductor တွေဖြစ်ပြီး အလွန် သေးငယ်သောပစ္စည်းကိရိယာလေး အဖြစ် ဖန်တီးနိုင်ပါတယ်။ ကွန်ပျူ တာတွေ၊ မိုက်ခရိုဖုန်းတွေ စသဖြင့် ပစ္စည်းနေရာပေါင်းစုံတွင် ထရန် စစ္စတာတွေ သုံးနေကြပါတယ်။
ယခု အံ့ဩဖွယ်ကောင်းတာ ကတော့ ထရန်စစ္စတာကို ဗိုင်းရပ်စ် ပိုးတစ်ကောင်အရွယ်အစားအထိ အလွန့်အလွန်ကို သေးငယ်အောင် တီထွင်ဖန်တီးပြီး လူတို့ရဲ့ ကျန်းမာ ရေး ပြုစုစောင့်ရှောက်မှုလုပ်ငန်းမှာ အသုံးချနိုင်အောင် တီထွင်ထုတ် လုပ်နိုင်မဲ့ သတင်းတစ်ရပ်ပါပဲ။ ဓာတုဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ ချားစ်လီဗာဆိုသူက အဲဒီလောက် သေးငယ်သော ထရန်စစ္စတာလေး တစ်ခုကို တီထွင်ခဲ့ပြီး ၎င်းပစ္စည်း ကို အသုံးချကာ ကလာပ်စည်းများ ၏ နံရံအတွင်းသို့ ထိုးဖောက်ဝင် ရောက်စေကာ ကလာပ်စည်းရဲ့ အတွင်းပိုင်း၌ ဘာတွေဖြစ်ပျက်နေ သလဲဆိုတာ လေ့လာနိုင်ခဲ့ခြင်းဖြစ် ပါတယ်။ ဒီသေးငယ်လှတဲ့ ထရန် စစ္စတာလေးကို ထည့်သွင်းလိုက်တဲ့ အတွက် အဲဒီကလာပ်စည်းရဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေလည်း ထိခိုက်ပျက်စီးခြင်းမရှိစေပါဘူး။ Lipid အဆီတစ်မျိုး သုတ်လိမ်း ထားတဲ့ ဆီလီကွန်သတ္တုနှင့် ပြု လုပ်ထားသော နာနိုဝိုင်ယာ Nano Wire လေးတစ်ခုဖြစ်ပါတယ်။ ဆံထိုးပုံစံလေးဖြစ်အောင် ကွေး ထားပါတယ်။ ဒီပစ္စည်းလေးရဲ့ အရွယ်အစားကတော့ ကလာပ် စည်းများအတွင်းမှာရှိသော အင်္ဂါ ပစ္စည်းများရဲ့အရွယ်လောက်ပဲ ရှိပါ တယ်။
အသုံးချပုံကတော့ ဒီလိုစဉ်း စားကြည့်နိုင်ပါတယ်။ ခုခံကလာပ် စည်းတစ်ခုအား ခုခံပစ္စည်းများ Antibodies များ ထုတ်လုပ်နိုင်ရန် ထရန်စစ္စတာမှတစ်ဆင့် အချက် ပေးလိုက်မှာဖြစ်ပါတယ်။ အဲဒီ တော့မှ အင်တီဘော်ဒီခေါ် ခုခံ ပစ္စည်းများထွက်လာပြီး လူရဲ့ ခန္ဓာ ကိုယ်အတွင်း ဝင်ရောက်လာသော ဗက်တီးရီးယားဗိုင်းရပ်စ်စတဲ့ ကူးစက်ရောဂါပိုးများကို တိုက်ခိုက် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး။ ကင်ဆာဖြစ်စေ သော ကလာပ်စည်းများကိုလည်း တိုက်ခိုက်ပေးမှာဖြစ်ပါတယ်။
စိတ်ကူးယဉ်ဆန်ဆန် ဖန်တီး ထားသော ဖြစ်နိုင်ခြေဟာ ယခု ထရန်စစ္စတာ အသေးလေးတီထွင် လာနိုင်တဲ့အတွက်ကြောင့် တကယ် အစစ်အမှန်အသုံးချနိုင်သော အဆင့်တစ်ခုသို့ နီးကပ်လာပြီဖြစ် ပါတယ်။ ပါမောက္ခ ချားလ်နှင့် သူ့ အဖွဲ့က နာနိုအရွယ်အစား တစ် စိတ်တစ်ပိုင်းလျှပ်စစ်ကူးနိုင်သော ထရန်စစ္စတာလေးကို အသုံးပြုကာ ကလာပ်စည်းတစ်ခုချင်းစီနှင့် အပြန်အလှန် ဆက်သွယ်ခြင်း Communication ပြုလုပ်နိုင်တော့ မှာ ဖြစ်ပါတယ်။ ဒီပစ္စည်းလေးကို တီထွင်ဖို့အတွက် ပါမောက္ခချားလ် ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဒီဇိုင်းထုတ်လုပ်ခြင်း၊ ဖန်တီးပြုလုပ် ခြင်းများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဇီဝဆိုင်ရာ ဆက်သွယ်ဆောင်ရွက် မှုများကို အသက်ရှင်နေသော ကလာပ်စည်းတစ်ခုအတွင်းထိ ပြင် ပမှဆက်သွယ်ဆောင်ရွက်နိုင်မှာဖြစ် တယ်။ ကလာပ်စည်းတစ်ခုရဲ့ ပျမ်း မျှအရွယ်အစားက ၁၀ မိုက်ခရွန် 10 micron မျှ ရှိပါတယ်။ သူ့ထဲကို ထွင်းဖောက်ဝင်ရောက်နိုင်ရုံသာမက အီလက်ထရွန်များ စီးဆင်းနိုင်ဖို့နဲ့ ပြန်လည်ထုတ်လုပ်ပေးမှုများကို လက်ခံဆောင်ရွက်ပေးရမှာဖြစ်ပါ တယ်။ အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဌာန်ကွေးထားသော ဆံထိုး တစ်ချောင်းကဲ့သို့ တီထွင်ထားခြင်း ဖြစ်ပါတယ်။ ဒီ နာနိုဝိုင်ယာလေး ပေါ်မှာ လစ်ပစ်ခေါ် အဆီသုတ် လိမ်းပေးထားရပါတယ်။ လူတွေရဲ့ တီထွင်ဖန်တီးမှုဟာ ဗိုင်းရပ် သို့ မဟုတ် ဗက်တီးရီးယားအရွယ် အစားလောက်အထိ ဆောင်ရွက် နိုင်မှုလည်း ဖြစ်ပါတယ်။ စမ်းသပ် လုပ်ဆောင်မှုများအရ ဒီပစ္စည်းကို အသုံးချပြီး အာရုံကြောကလာပ် စည်းများ၊ နှလုံးကလာပ်စည်းများ၊ ကြွက်သား အမျှင်များထဲက ကလာပ်စည်းများထဲကို စမ်းသပ် ကြည့်ခဲ့ပြီး ဖြစ်ပါတယ်။
ကလာပ်စည်းတစ်ခုအတွင်း မှာရှိတဲ့ အင်္ဂါပစ္စည်းလေး (orga-nelles) တွေရဲ့ အလုပ်လုပ်ဆောင် မှုကြောင့် စွမ်း အင်ထုတ်လုပ်ခြင်း၊ ပရိုတိန်း အသားဓာတ်များကို ခေါက်ခြင်း၊ သကြားဓာတ်ကို အဆင့်ဆင့်ပြုပြင် စီရင်ခြင်းနှင့် အခြားသော မရှိမဖြစ် အရေးကြီး သောလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။တကယ်လို့ ဒီလုပ်ငန်းဆောင်တာ များ ရပ်တန့်သွားခဲ့ရင် ကလာပ် စည်းအတွင်း အလုပ်မလုပ်နိုင် တော့တဲ့အတွက် ဆီးချိုသွေးချိုကဲ့ သို့ ရောဂါများ၊ နှလုံးရောဂါများ ဖြစ်ပွားရခြင်းဖြစ်ပါတယ်။အကယ် ၍သာ ထရန်စစ္စတာလေးက အဲဒီ လုပ်ဆောင်မှုတွေကို ဆောင်ရွက် နိုင်အောင် လုပ်ဆောင်ပေးနိုင် မယ်ဆိုလျှင် အဲဒီရောဂါတွေမဖြစ် အောင် ကာကွယ်နိုင်မှာဖြစ်ပါ တယ်။
ဒါ့အပြင် ဒီပစ္စည်းလေးကို သုံးပြီး ဦးနှောက်အတွင်း နက်ရှိုင်း သောနေရာအထိ လှုံ့ဆော်ခြင်း၊ နှိုးဆော်ခြင်း ပြုလုပ်ပေးနိုင်ခဲ့လျှင် ပါကင်ဆန်ရောဂါ ခံစားနေရတဲ့ လူနာများကိုလည်း ကုသရာမှာ အသုံးဝင်မှာ ဖြစ်ပါတယ်။ ဒါမှ မဟုတ် သတင်းအချက်အလက် များကို အဆင့်ဆင့် ပြုပြင်စီရင် သော လုပ်ငန်းကို လုပ်ဆောင်ပေး နိုင်မှာလည်း ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်အီလက်ထရော နစ်ပစ္စည်းများဟာ လွန်စွာကို စွမ်း အင်ကြီးမားလာပြီး ကျွနု်ပ်တို့ရဲ့ နေ့စဉ်ဘဝကို လွှမ်းမိုးနိုင်တော့မှာ လို့ ပါမောက္ခ ချားလ်က ထောက်ပြ ခဲ့ပါတယ်။ ဒါ့အပြင် လူတွေ စိတ်ကူးယဉ်အိပ်မက်အဖြစ်သာရှိခဲ့သော သိပ္ပံနည်းကျ တီထွင်ဖန်တီးမှု Science Fiction များကိုလည်း လက်တွေ့လုပ်ဆောင်လာနိုင်မဲ့ အခွင့်အလမ်းလည်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အယ်ဒီတာ