လေးထောင့်ပုံစားပွဲ လက်မှု အနုပညာပစ္စည်းကို မိမိတို့ နှစ်ဦး ဖန်တီးပြုလုပ်ပြီးသည့်အခါ အချိန် က ၁နာရီလောက်ပဲ ကုန်သွားသေး သည်။ နောက်ထပ် ၁နာရီကျော် ကျော်လောက် လေယာဉ်စောင့်ရဦး မည်ဖြစ်၏။ ထို့ကြောင့် နောက် ထပ် အချိန်ဖြုန်းစရာ ထပ်ရှာရသည်။ ငွေမကုန်ဘဲ အချိန်ဖြုန်း နိုင်ဖို့ဖြစ်ရန်လည်း ရှာရသေးသည်။ ထို့ကြောင့် အင်ချွန်းလေဆိပ်ထဲရှိ ဈေးဆိုင်များသို့ တစ်ခုပြီးတစ်ခု လျှောက်ကြည့်ရင်း window shopping လုပ်ကြရန် နှစ်ဦး သဘောတူ ဆုံးဖြတ်ပြီး ထွက်လာခဲ့ကြ၏။

သို့သော် ကိုရီးယား အနုပညာ စင်တာနှင့် မဝေးလှသေးသော တကယ်ပြောရလျှင် ၃-၄ ဆိုင် လောက်ပဲ ရောက်သေးသည်။ကိုရီး ယားအနုပညာစင်တာမှ အသံချဲ့ စက်ကြေညာချက်တစ်ခု ထွက်ပေါ် လာသည်။ ကိုရီးယား-အင်္ဂလိပ် ၂ဘာသာဖြင့် ကြေညာချက်အရ မကြာမီ မိနစ်ပိုင်းအတွင်း ကိုရီး ယားအတီးအမှုတ်အကတို့ဖြင့် ဖျော်ဖြေမည်ဆိုသည့်အကြောင်း ဖြစ်၏။ မိမိတို့ နောက်ပြန်လှည့် ကြည့်လိုက်သောအခါတွင်လည်း ရှေးဟောင်းကိုရီးယားဝတ်စုံများ အသီးသီးဝတ်ရုံထားကြသော ကိုရီး ယားမောင်မယ်လေးများ လှုပ်ရှား နေကြသည်ကို မြင်ရသဖြင့် မိမိတို့ နှစ်ဦးလည်း မတိုင်ပင်ရဘဲ ကိုရီး ယား အနုပညာစင်တာဘက်သို့ ပြန်လှည့်လာခဲ့ကြ၏။

အစီအစဉ်တွေက ၂ခု၊ ၃ခု ရှိဟန်တူသည်။ မိမိတို့ ပြန်ရောက် လာသောအခါ တီးမှုတ်ဖျော်ဖြေ သည့်အစီအစဉ်တစ်ခုကို စတင်နေ ပြီဖြစ်၏။ တီးဝိုင်းက လူများများ မပါ ကိုရီးယားလူငယ်အမျိုးသား လေးတစ်ဦးနှင့် အမျိုးသမီးလေး တစ်ဦးသာပါသည်။ ကြမ်းပြင်ပေါ် တွင် စက်ဝိုင်းပုံ အဖြူရောင် ဆိုဖာ ကြီးတစ်ခုပေါ်တွင် ကိုရီးယားအမျိုး သားလေးက ပလွေကဲ့သို့ လေမှုတ် တူရိယာတစ်ခုကို မှုတ်နေပြီး ကိုရီး ယားအမျိုးသမီးလေးက ကိုရီးယား ဗုံတစ်လုံးကို တီးနေသည်။ ကိုရီး ယားအမျိုးသားလေးက အဖြူ ရောင်နှင့် အဝါရောင်များပါသော ကိုရီးယားရှေးရိုးရာဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူမှုတ်ပြနေ သည့်ပလွေမှာ ကြေး သို့မဟုတ် ဝါးဖြစ်မည်။ ထွက်လာသည့်အသံ က မြန်မာ့ဆိုင်းဝိုင်းကြီးထဲက နှဲသံ လိုဖြစ်သည်။ နှဲမှ နှဲကြီးသံဖြစ်၏။ အနီရောင်ဂါဝန်ရှည်နှင့် အနက် ရောင် ခါးဝတ်ဂါဝန်ရှည် ထပ်ဝတ် ထားသော ကိုရီးယားအမျိုးသမီး လေးက ဆံပင်ပုံစံကကော အဝတ် အစားကပါ ရှေးရိုးရာ ကိုရီးယား ဝတ်စုံဖြစ်ပြီး ဗုံကို တီးနေသည်။ အဖြူရောင် သားရေကျက်ထား သော (မြန်မာဆိုင်းဝိုင်းထဲက) စခွံကဲ့သို့ ဗုံမျိုးဖြစ်၏။ သူတို့ ၂ဦးက အဆိုပါ အတီးသက်သက်ဖြင့် ၂ယောက်တွဲ မြိုင်ဆိုင်နေအောင် တီးမှုတ်ဖျော်ဖြေခဲ့ကြခြင်း ဖြစ် သည်။ တီးလုံးပြီးဆုံးသွားတော့ ၂ဦးသား မတ်တတ်ရပ်၍ ပတ်ပတ် လည်မှ ဝိုင်း၍ထိုင်၍ တစ်မျိုး မတ်တတ်ရပ်၍တစ်ဖုံ ကြည့်ရှု အားပေးနေကြသော ပရိသတ်များ အား ဦးညွတ်နှုတ်ဆက်လိုက်သော အခါ ပရိသတ်၏ ဩဘာပေးသံ လက်ခုပ်သံများဖြင့် ဆူညံသွားလေ သည်။ ကိုရီးယားရိုးရာဂီတဖျော်ဖြေ ပွဲ ဗီဒီယိုဖိုင်တိုလေးကို တင်ပေး လိုက်ပါသည်။ ထို့နောက် ခေတ္တ မိနစ်အနည်းငယ်မျှ နားလိုက်ပြီး လျှင် နောက်ထပ် အစီအစဉ်တစ်ခု တင်ဆက်ဖျော်ဖြေပြန်သည်။


ယခုအခါ အစီအစဉ်ကတော့ မင်းခမ်းမင်းနားတစ်ခု နန်းတော် တွင်းမှ ထွက်ခွာလာသည့် ပုံစံမျိုး ဖြစ်၏။ ကိုရီးယားဘုရင်နှင့် မိဖုရားလား သို့မဟုတ် မင်းသားနှင့် မင်း သမီးလားတော့မသိ နောက်တော်ပါ အြွေခအရံများ၊ ရံရွှေတော်များနှင့် အတူ ထွက်ခွာလာပုံဖြစ်သည်။ ထုံး စံအတိုင်း ရှေ့ဆုံးမှယပ်တောင်ကိုင် ထီးတော်မိုး ရံရွှေတော်များက အပြာ၊ အစိမ်း ဝတ်ရုံရှည်ကြီးများ ဝတ်ဆင်လျက်ဦးဆောင်လာသည်။ ဘုရင်နှင့် မိဖုရားနောက်တော်ပါးမှ လည်း ဦးထုပ်ဆောင်း၊ ပြာ၊ စိမ်း၊နီ ဝတ်ရုံရှည်အသီးသီးဝတ်ဆင်ထား သော မှူးမတ်၊ သက်တော်စောင့်၊ ကိုယ်ရံတော် စသည်တို့ ပါလာ သေး၏။ မိမိတို့ မြန်မာ့ရုပ်မြင် သံကြား ကိုရီးယား soap အော်ပရာ ဇာတ်လမ်းတွဲများထဲတွင် ရှေး ရာဇဝင် ကိုရီးယားကားများထဲက ဝတ်စားဆင်ယင်ထားသည့် ပုံများ အတိုင်းပင် ဖြစ်လေသည်။ သရုပ် ဆောင်ပြမည့် ကိုရီးယားလူငယ် လေးများမှာလည်း ရုပ်ချော ရုပ် ဖြောင့် ချောမောလှပတင့်တယ်သူ များဖြစ်၍ ကြည့်ရှုရသည်မှာ ရင်သပ်ရှုမောဖွယ်ရာကြည်နူးပျော် ရွှင်စရာကောင်းလှပါ၏။

ခရီးသည်များ ဆိုက်ရောက်ဆောင် Terminal ရှိ ကြမ်းပြင် ပေါ်မှာဖြစ်၍ သိပ်ဝေးဝေးတော့ လမ်းလျှောက်သွားကြခြင်း မပြု နိုင်ကြပါ။ ပရိသတ်များက သူတို့ နှင့်တွဲ၍ ဓာတ်ပုံရိုက်ကြ၏။ အထူး သဖြင့် ဘုရင်နှင့် မိဖုရား သို့မ ဟုတ် မင်းသားနှင့် မင်းသမီးအဖြစ် သရုပ်ဆောင်သည့် သူများနှင့် တွဲ၍ ဓာတ်ပုံရိုက်ကြ၏။ ပရိသတ်ထဲမှ အထူးသဖြင့် လူငယ်လေးများက သူ့ထက်ငါ အလုအယက် တွဲ၍ ဓာတ်ပုံရိုက်နေကြရာ မိမိတို့နှစ် ယောက်လည်း တွဲ၍ ရိုက်ချင်ပါ သော်လည်း လူငယ်တွေနှင့် ယှဉ်ပြီး အပြိုင်အဆိုင် တိုးဝှေ့နိုင်ခြင်း မရှိ ၍ ဓာတ်ပုံမရိုက်နိုင်ကြတော့ပါ။ သူများတွေ တွဲရိုက်တာကိုပဲ ကြည့် ၍ မုဒိတာပွားကြရချေ၏။


ကိုရီးယားယဉ်ကျေးမှုအနု ပညာ စင်တာမှ ဖျော်ဖြေတင်ဆက် မှုများကိုကြည့်ရှု အချိန်ဖြုန်းပြီး သွားသောအခါ မိမိတို့ကလည်း လေယာဉ်ချိန်နီးကပ်လာပြီဖြစ်၍ မိမိတို့စီးရမည့် လေယာဉ်ဆိုက်ကပ် ထားမည့် Tube ရှိရာ ဂိတ်ပေါက် သို့ လာခဲ့ကြ၏။ လေယာဉ်ပေါ် တက်ခွင့်တော့ မပေးသေး၍ ခရီး သည်များ စောင့်ဆိုင်းရာနေရာရှိ ခုံများပေါ်တွင် ထိုင်လိုက်ကြ၏။ ထိုင်နေရင်းမှာပင် လေဆိပ် အတွင်း ဝိုင်ဖိုင် လွှင့်ပေးထားသော ကြောင့် နှစ်ဦးစလုံး facebook ပေါ် ကိုယ်စီတက်လိုက်ကြလေသည်။

အိုကာယားမတက္ကသိုလ်မှ တည်ခင်းသော ညစာစားပွဲတွင် လက်ရှိ အိုကားယားမတက္ကသိုလ် တွင် တက်ရောက်နေသော မိမိတို့ မြန်မာကျောင်းသားများထဲမှ ကိုယ် စားလှယ်များကိုလည်း ဖိတ်ကြား ထားရာ ထိုကိုယ်စားလှယ်ထဲတွင် ကိုကျော်စိုးလွင်လည်း ပါခဲ့သည်။ ထိုနေ့ညက မိမိတို့ ၂ဦးသား facebook account များ အပြန်အလှန် လဲလှယ်ပြီး မိတ်ဆွေဖွဲ့ခဲ့ ကြတာဖြစ်၏။ ထို့ကြောင့် မိမိလည်း ဖေ့စ်ဘွတ်တက်လိုက်ရာ သတင်းပေးဆက်သွယ်မှု (Mess-enger) တွင် ကိုကျော်စိုးလွင်၏ account က မီးစိမ်းပြနေ၍ သူလည်း online ရှိနေမှန်းသိရ၍ သူ့ကို Hi လုပ်ပြီး messenger မှ ဖုန်း လှမ်းခေါ်လိုက်သည်။ အကြောင်းစုံရှင်းပြရမှာဖြစ်၍ စာနှင့်ရိုက်လျှင် ကြာမည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက် မိမိက ချက်ချင်းလိုလို ပင် ကိုကျော်စိုးလွင်က အကြောင်း ပြန်လာ၍ ယနေ့ အိုကားယားမမှ အပြန်ခရီးတွင် မိမိတို့စီးကြမည့် ဘတ်စ်ကားမထွက်ဖြစ်ပုံမှစ၍ ဂျပန်မလေး၏ အကူအညီဖြင့် တောင်ကိုရီးယားနိုင်ငံ အင်ချွန်း နိုင်ငံတကာလေဆိပ်ထိ ရောက်ရှိ လာပုံအကြောင်း ဖြစ်ကြောင်း ကုန်စင်ကို ရှင်းပြလိုက်ရသည်။ သူလည်း အံ့ဩစိတ်ပူသွားပြီး မိမိ တို့ ယခု ရန်ကုန်ထွက်မည့် လေ ယာဉ်ပေါ်တက်ရန် စောင့်နေပြီ ဆိုသည့်အကြောင်း ရောက်တော့ မှ စိတ်အေးသွားသည်။ ပါမောက္ခ အိုခါးဒါးကိုလည်းအကျိုးအကြောင်း ရှင်းပြပြောဆိုရန် သူ့ကိုပဲ မေတ္တာ ရပ်ခံလိုက်ကြရသည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)