မိမိနှင့် ဆရာဦးမျိုးခင်တို့ နှစ်ယောက်လည်း ပလက်ဖောင်း ပေါ်မှာ ခရီးဆောင်သေတ္တာကိုယ် စီချ၍ လမ်းလျှောက်နေရင်း စောင့် နေကြခြင်းဖြစ်၏။ တဖြည်းဖြည်း နှင့် နေ့ခင်းအလင်းရောင် ပို၍ရ လာသည်။ ကားထွက်ရမည့်အချိန် နှင့်လည်း ပို၍ နီးလာ၏။ သို့သော် ခရီးသည်ဟူ၍ မိမိတို့နှစ်ယောက် တည်းသာရှိသေး၏။ အိုဆာကား သို့ ထွက်မည့် ဘတ်စ်ကားလည်း ရောက်မလာသေးချေ။ အခြား မည်သည့်ဘတ်စ်ကားမျှလည်း ရောက်မလာသေးပါ။
အချိန်ကို တိတိကျကျလေး လေးစားစားလိုက်နာတတ်ကြသော ဂျပန်လူမျိုးတို့၏ ထုံးစံမို့ လိုက် ပါမည့်ခရီးသည်ရော၊ ဘတ်စ်ကား ပါ ရောက်မလာကြသေးခြင်းဖြစ် သည်ဟု ယုံကြည်ထားခြင်းကြောင့် နှစ်ဦးစလုံးစိတ်မပူမိကြပါ။ အေး အေးဆေးဆေးပဲစောင့်နေကြသည်။ ယမန်နေ့က ဟီရိုရှိးမားသွားခဲ့သည့် အတွေ့အကြုံများကိုပင် မိမိက ပြောပြနေလိုက်သေးသည်။ ခဏ နေတော့ ဂျပန်အမျိုးသမီးလေးတစ် ယောက် ခရီးဆောင်သေတ္တာတစ် လုံးဖြင့်ရောက်လာသည်။ သူလည်း ဘတ်စ်ကားစီးမည့် ခရီးသည်တစ်ဦး ဖြစ်မှန်း သိသာသည်။ အဖော်ရ လာပြီဆိုကာ မိမိတို့နှစ်ဦး စိတ် ပိုပြီးအေးသွားသည်။ သူမက ဖုန်း ပွတ်ရင်း အေးအေးဆေးဆေးပင် ရှိ နေသည်။


မိမိတို့နှစ်ယောက်လည်း စကားပြောနေကြရင်းနှင့် နာရီကို ကြည့်မိလိုက်သောအခါ ဘတ်စ် ကားထွက်ရမည့်အချိန်နှင့် ၁၀ မိနစ်လောက်မျှသာလိုတော့၍ အနည်းငယ် စိုးရိမ်လာပြီး ဘတ်စ် ကားဂိတ်ထဲမှာလည်း မည်သူမျှ မရှိ။ တစ်ဦးတလေမျှပင် မတွေ့ ရချေ။ ဂျပန်အမျိုးသမီးလေးနှင့် သွားပြီး မေးမြန်းရသည်။ သူမ သည်လည်း အိုဆာကားသို့ သွား မည့် ဘတ်စ်ကားလာစီးသူဖြစ် သည်။
ဂျပန်မလေးကို မိမိတို့က မိတ် ဆက်ပြီး သူမသွားမည့်မြို့နှင့် စီး မည့်ဘတ်စ်ကားကိုမေးကြည့်သော အခါ မိမိတို့ထင်သည့်အတိုင်း မှန် နေသည်။ သို့သော် စီးရမည့် ဘတ်စ်ကားက မရောက်သေးဘဲ ဖြစ်နေရာ အချိန်အလွန် နီးကပ် နေပြီဖြစ်၍ သူမကဖုန်းဖြင့် ဘတ်စ် ကားဌာနချုပ်ရုံးသို့ လှမ်း၍မေး လိုက်သည်။ ဤတွင်မှ ထိုနေ့အဖို့ နံနက် ၆ နာရီတွက် ထွက်မည့် ဘတ်စ်ကားခရီးစဉ် ဖျက်သိမ်း လိုက်ပြီဖြစ်ကြောင်း၊ ဒုတိယခရီး အစဉ်အဖြစ်ထွက်မည့် ဘတ်စ် ကားဖြင့် ပေါင်းလိုက်ပြီဖြစ်ကြောင်း သိရတော့သည်။ ဤတွင်မှ ဘတ်စ် ကားနှင့်ဘတ်စ်ကားစီးမည့် ခရီး သည်များ ရောက်မလာကြခြင်း၏ အကြောင်းရင်းကိုသိကြရတော့သည်။ ဒုတိယခရီးစဉ်အဖြစ် ထွက်မည့် ဘတ်စ်ကားမှာ ပထမကားနှင့် ၁နာရီခန့် ကွာခြားသေးသော ကြောင့် ထိုကားနှင့် လိုက်ရလျှင် မိမိတို့စီးမည့် ကိုရီးယားလေယာဉ် ဘယ်နည်းနှင့်မှ မီမှာမဟုတ်တော့ ချေ။ သို့နှင့် ဘာလုပ်ရမှန်းမသိဘဲ နှစ်ယောက်သား ပြာသွားကြသည်။
ဂျပန်အမျိုးသမီးလေးက လည်း သူမစီးမည့် လေယာဉ်ကို လုံးဝမီနိုင်တော့မှာမဟုတ်ကြောင်း ထို့ကြောင့် ဒုတိယကားကို မစောင့် နိုင်တော့ကြောင်း ပြောသည်။
ထို့ကြောင့် သူမက ဒုတိယ ကားကိုမစောင့်တော့ဘဲ ကျည်ဆန် ရထားပဲ စီးပြီး အိုဆာကားကို သွား တော့မည်ဟုဆိုသည်။ သို့နှင့် မိမိ တို့ နှစ်ယောက်လည်း တိုင်ပင်ရ သည်။ ကိုရီးယားလေယာဉ်ကို မမီ ရင် နောက်တစ်နေ့မှ လိုက်ရတော့ မည်။ လေယာဉ်လက်မှတ်ခထပ် ကုန်မည်။ ထို့ပြင် ထိုနေ့ညအတွက် အိုဆာကာတွင် တည်းခို ညအိပ်ဖို့ ကုန်ကျဦးမည်။ သို့ဖြစ်ရာ ထိုနေ့ ကိုရီးယားလေကြောင်းလိုင်းလေယာဉ် ကိုမီအောင် အိုဆာကားသို့ အချိန် မီရောက်အောင် မဖြစ်မနေ သွားဖို့ လိုသည်။ ဘယ်လိုသွားမလဲအခြား နည်းလမ်းရွေးချယ်စရာမရှိ။ ထို ဂျပန်မလေးကလည်း အိုဆာကား သွားမည်ဖြစ်ရာ သူမနှင့်ပင် အတူ လိုက်ပါ၍ ကျည်ဆန်ရထားစီးကာ သွားတော့မည်ဟု နှစ်ဦးသား သဘောတူဆုံးဖြတ်လိုက်ကြပါ တော့၏။ ကိုယ့်ဘာသာကိုယ်ကျည် ဆန်ရထားစီးရင် ဟိုမေးသည်မြန်း နှင့် အလုပ်ရှုပ်ကာ အဆင်မပြေ ဖြစ်မှာစိုးရသော်လည်း ဂျပန်မလေး နှင့် အတူတကွ လိုက်ပါသွားရင် အဆင်ပြေမှာဟုလည်း ယုံကြည် စိတ်ချလိုက်ကြခြင်းဖြစ်၏။


သို့နှင့် မိမိတို့နှစ်ယောက်က သူမအားအကူအညီတောင်းရသည်။ ခရီးစရိတ် ကိုယ့်ဘာသာကိုယ် ပေး ကြပါမည်။ မိမိတို့နှစ်ယောက်ကိုပါ သူမနှင့်အတူတကွ လိုက်ပါပါရ စေ။ လက်မှတ်ဝယ်ကာ ကျည်ဆန် ရထားပြောင်းစီးတာတွေအတွက် ကူညီပေးပါဟု မေတ္တာရပ်ခံရတော့ သည်။ တော်ပါသေး၏။ ဂျပန်တွင် လူငယ်အတော်များများကအင်္ဂလိပ် ဘာသာစကား မပြောတတ်ကြ သော်လည်း ကံအားလျော်စွာ အဆို ပါဂျပန်မလေးကအင်္ဂလိပ်အသံထွက် အတော်ဝဲသော်လည်း မိမိတို့နှင့် အလုပ်ဖြစ်အောင် ပြောနိုင်ဆိုနိုင် သည်။ သူမကလည်း ကူညီမှာဖြစ် တဲ့အကြောင်း၊သူ့နောက်က လိုက်ခဲ့ ရန် ပြောပြီး မိမိတို့ ၃ဦးသား သဘောတူခရီးဆောင်သေတ္တာ ကိုယ်စီဆွဲလျက် (ဂျပန်မလေးက တော့ ကျောပိုးအိတ်လွယ်လျက်) အိုကာယားမ ဘူတာရုံထဲသို့ ဝင် ရောက်ခဲ့ဇကြလေသည်။
တကယ်တော့ သူမက အိုဆာ ကားသို့ထွက်မည့် ကျည်ဆန်ရထား အချိန်စာရင်းကို ဖုန်းအင်တာနက် ထဲမှာ ကြည့်ပြီးသားဖြစ်သဖြင့် မိမိတို့ကို စိတ်ချလက်ချ ခေါ်သွား ခြင်းဖြစ်သည်။ ကျည်ဆန်ရထား လက်မှတ်ဝယ်ကြသောအခါ တိုက် ရိုက်သွားမည့်ရထားက အချိန်နည်း နည်းလိုသေး၏။ ထိုရထားကိုစီး လျှင် အချိန်နည်းနည်း နောက်ကျ နိုင်သောကြောင့် ၂ဆင့်စီးပြီးသွားရ သည့် လက်မှတ်ကို ဝယ်မည်ဟု ဆိုသောကြောင့် သူမပြောသည့် အတိုင်းပင် လိုက်ဝယ်ရသည်။
ထို့နောက် မကြာခင်မှာပင် ကျည် ဆန်ရထားစတင်ထွက်ခွာလာသဖြင့် စိတ်ကျေနပ်စွာဖြင့် လိုက်ပါလာခဲ့ ကြ၏။ ရထားပေါ် ထိုင်မိတော့မှ သူမနှင့် အလ္လာပ သလ္လာပစကား ပြောရသည်။ သူမက အိုကာယားမ မြို့သူတော့မဟုတ်။ သူမ၏ ဇာတိ က အိုကီနာဝါကျွန်းမှာဖြစ်သည်။ အိုကာယားမတွင် ငွေစာရင်းဌာန လိုနေရာမျိုးမှာ လာရောက်အလုပ် လုပ်သူဖြစ်သည်။ ယခု သူမ အား လပ်ရက်ခွင့်ရက်ရှည်ရသောကြောင့် သူမ၏ ဇာတိဖြစ်ရာ အိုကီနာဝါရှိ မိဘဆွေမျိုးများထံ အလည်ပြန်မှာ ဖြစ်ကြောင်းသိရသည်။ အိုကီနာဝါ ကျွန်းမှာ ဂျပန်နိုင်ငံပိုင်ကျွန်းတစ်ခု ဖြစ်ပြီး ပင်မကျွန်းကြီးနှင့် မိုင်၄၀ဝ ကွာဝေးသောနေရာ သမုဒ္ဒရာ အတွင်းမှာရှိသောကျွန်းဖြစ်သည်။ အမေရိကန်စစ်အခြေစိုက်စခန်း များထားရှိသောကြောင့် နိုင်ငံ တကာကသိသော ကျွန်းဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် အသက် အရှည်ဆုံး လူမျိုးများ နေထိုင်ရာ ဒေသဖြစ်သောကြောင့်လည်း ကျော်ကြားသည့်ဒေသတစ်ခု ဖြစ် သည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)