ပါမောက္ခကိုကျော်စိုးလွင်နှင့် messenger မှ စကားပြောရင်း မိမိ အား လိုက်ပို့သဖြင့် မရည်ရွယ် ဘဲနှင့် ဟီရိုရှိးမားသို့ ရောက်ခဲ့ရ၊ ပြတိုက်လေ့လာခွင့်ရခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း သူ့ကို ထပ်ပြောရသည်။ သည် တော့မှ ဆရာကျော်စိုးလွင်က လည်း သတိရသွားဟန်တူပြီး သူ၏ ကောင်းမှုကုသိုလ်လေးတစ်ခုကို ပြောပြသည်။ ရှေ့ပိုင်းတွင် ဖော်ပြ ခဲ့သည့်အတိုင်း မိမိတို့ ဟီရိုရှီးမား သို့ သွားခဲသည့် ကျည်ဆန်ရထားခ များကို သူ့အတွက်ပါ မိမိက ကုန် ကျခံပါရစေဟု မေတ္တာရပ်ခံခဲ့ရာ သူက လက်မခံပါရစေနဲ့ ငြင်းခဲ့ သော်လည်း မိမိကယူပါရန် အတန် တန်တောင်းပန်ပြီး အတင်းပေးခဲ့ သောကြောင့် လက်ခံခဲ့သည့် အကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခု ဖုန်းဖြင့် စကားပြောကြသော အခါ ဆရာကျော်စိုးလွင်က မိမိ ပေးခဲ့သည့် ဂျပန်ယန်းငွေများကို မြန်မာကျပ်ငွေအဖြစ်သို့ပြောင်း၍ မန္တလေးမြို့ရှိ ပရဟိတကျောင်းမှ မိဘမဲ့ကလေးများအတွက် ဆောင်း ရာသီနီးလာပြီဖြစ်၍ အနွေးထည် များ ဝယ်ပေးရန်အတွက် မနေ့ည ကပင် လှူဒါန်းလိုက်ပြီဖြစ်ကြောင်း ပြောပြသည်။ ထို့ကြောင့် ကုသိုလ် ကို ဆရာ (မိမိ) လည်း ရမှာဖြစ်ပါ ကြောင်း ပြောပြသည်။ သည်တော့ မှ ဪသာ် မောင်မင်းကြီးသား စေတ နာသဒ္ဓါတရားထက်သန်ပြီး မွန် မြတ်သည့် စိတ်ထားရှိသူဖြစ်ပါက လားဟု နှုတ်မှ ပြော။ စိတ်ထဲမှ လည်း ချီးကျူးမိသည်။ (ယခုလည်း စာဖြင့် ရေးသားမှတ်တမ်းတင် ဂုဏ်ပြုရပါသည်။) ထို့နောက် မိမိ တို့ ခရီးလမ်းလည်း သာယာဖြောင့် ဖြူးစေကြောင်းနှင့် မြန်မာပြည်ပြန် ရောက်သည့်အခါ တွေ့ကြမည်ဟု ချိန်းပြီး (ဆရာကျော်စိုးလွင် ပြန်ရောက်နေတာ ကြာပြီဖြစ်သော် လည်း ယနေ့ထိ မတွေ့ဖြစ်သေး) ဖုန်းကို ချလိုက်ရသည်။

ထို့နောက် ဆရာဦးမျိုးခင်နှင့် နှစ်ယောက်သား ထိုနေ့က ကြုံ တွေ့ရသမျှ ခက်ခဲစိတ်ပင်ပန်း လူပင်ပန်းဖြစ်ရသော ခရီးစဉ် အကြောင်းကို ကိုယ်စီတွေးပြီး လေယာဉ်ထွက်ချိန်ကို စောင့်ကြရ သည်။ စောင့်နေကြသော ခရီး သည်များထဲ၌ မြန်မာစကားပြော နေသံတွေလည်း ကြားနေရ၍ ရန် ကုန်သို့ပျံသန်းသည့် ကိုရီးယားလေ ကြောင်းခရီးစဉ်တွင် မြန်မာလူမျိုး တွေလည်း ပါကြောင်း သိရသည်။

မိမိတို့နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံပေါ်တွင် ထိုင်နေသော လူ ငယ်လေးတစ်ဦးက မိမိတို့နှစ်ဦး မြန်မာလိုပြောနေကြမှန်းသိ၍ မိမိ တို့အား ပြုံးပြပြီး ဦးတို့ မြန်မာတွေ ပဲ မဟုတ်လားဟုမေးပြီး မိတ်ဖွဲ့လေ သည်။

သို့နှင့် မိမိတို့ကလည်း ဟုတ် ကြောင်းနှင့် ပြန်ပြုံးပြရသည်။ နှုတ် ခွန်းဆက်စကားပြောပြီးလျှင် ထို လူငယ်လေးကပဲ ကျွန်တော်တို့ အေးအေးဆေးဆေးစကားပြောရင်း ကော်ဖီသောက်ရအောင်ကျွန်တော် သွားဝယ်လိုက်မယ်ဟုဆိုကာ မိမိ တို့က မသောက်တော့ပါဟု တား နေသည့်ကြားထဲမှပင် ထွက်သွား ပြီး ကော်ဖီစက်ထဲမှ ကော်ဖီများ သွားဝယ်သည်။ ထို့နောက် ကော်ဖီ ခွက် ကိုယ်စီနှင့် မိမိတို့ ၃ဦးသား စကားလက်ဆုံကြသွားကြသည်။ သူက ကိုရီးယားတွင် လာရောက် အလုပ်လုပ်နေသည်မှာ ၅နှစ် ကျော် ခန့်ကြာခဲ့ပြီဖြစ်ပြီး ယခု ပြန် မည့် ခရီးစဉ်ကတော့ မမျှော်လင့် ဘဲ ရုတ်တရက် အရေးပေါ်ပြန်ရ သည့်ခရီးစဉ်ဖြစ်သည်။ သူ၏ ဖခင် ဖြစ်သူ ယမန်နေ့ညက သေ ဆုံးသွားခြင်းကြောင့် မနက်ဖြန် သင်္ဂြိုဟ်ရန် အမီ ယနေ့ ပြန်ရခြင်း ဖြစ်သည်။ ယခုညနေ လေယာဉ် နှင့် လိုက်ပါနိုင်ရေးအတွက် လေ ယာဉ်လက်မှတ်၊အလုပ်ရှင်၏ ခွင့် ပြုချက် စသည်တို့ကို အသည်း အသန်ကြိုးစားပြီး ဆောင်ရွက်ခဲ့ရ ပုံများအကြောင်း ပြောပြသည်။ ထိုသို့သိရတော့မှ သူ့မျက်နှာမှာ ညှိုးနွမ်းနေသည်ကို သတိပြုမိတော့ ၏။ မိမိတို့အကြောင်းကို အနည်း ငယ်မျှသာပြောပြဖြစ်ပြီး သတင်း စာသမား မိမိ၏ မေးခွန်းများကို ထိုလူငယ်က ဖြေကြားရင်း သူ့ရုပ် လုံး တဖြည်းဖြည်းပေါ်လာသည်။ အသက် ၃၀မျှလောက်သာ ရှိသေး သည့် ထိုလူငယ်မှာ မျက်မှောက် ခေတ် ၁၀စုနှစ်၂ခုလောက်အတွင်း အခြားသော အများစု မြန်မာလူ ငယ်များနည်းတူ မြန်မာနိုင်ငံမှာ လူတန်းစေ့အောင် နေနိုင်သော ဝင်ငွေရှိသည့် အလုပ်မရှိသဖြင့် နိုင်ငံခြားတွင် အလုပ်လုပ်ရန် စိတ် အားထက်သန်ခဲ့လေသည်။

လူငယ်က ရန်ကုန်မြို့ တစ် ဖက်ကမ်း ဒလမြို့ဇာတိဖြစ်ပြီး စာပေးစာယူဘွဲ့ရပြီးကတည်းက ကိုရီးယားသွားပြီး အလုပ်လုပ်နိုင် ရေးအတွက် ရန်ကုန် မြောက်ဒဂုံ ဘက်တွင် သံချည်သံကွေးဂဟေ ဆော်သင်တန်းတက်ခဲ့ရပုံ၊ နိုင်ငံကူး လက်မှတ်ရရှိရေးအတွက် ရာ ပေါင်းများစွာသော လူငယ်လူအုပ် ကြီးနှင့်အတူ နေပူကြီးထဲ တစ်နေ ကုန် စောင့်ဆိုင်း တန်းစီတိုးဝှေ့ခဲ့ ကြရပုံ စသည်တို့ကို ရှင်းပြသည်။

အတိုချုံး၍ ပြောရလျှင် သူ၏ ကြိုးစားမှုကြောင့်ယခုလက်ရှိတွင်မူ အောက်ခြေအဆင့်မှစ၍ ကြီးကြပ် သူအဆင့်မျိုးရောက်သည်အထိ ကိုရီးယားအလုပ်ရှင်က ရာထူးတိုး ပေးခဲ့ကြောင်း၊ ယခုပြန်ရန်အတွက် ဆိုးလ်မြို့နှင့် ဝေးကွာလှသော အလုပ်ခွင်ရှိရာမြို့မှ အင်ချွန်းလေ ဆိပ်သို့လာရောက်ရန်အလုပ်ရှင်က သူ့ကားတစ်စီးပေးလိုက်ကြောင်း၊ ထိုကားကို ကိုယ်တိုင်မောင်းလာ ခဲ့ပြီး အင်ချွန်းလေဆိပ် ကားရပ်နား သည့်နေရာတွင် ရပ်ခဲ့ပြီး အပ်ထား ခဲ့ကြောင်း၊ သူ ရန်ကုန်မှ ပြန်လာ တော့မှ ပြန်ယူပြီး မောင်းကာ အလုပ်ရှိရာ မြို့သို့ ပြန်မည်ဖြစ် ကြောင်း အသေးစိတ်ရှင်းပြသည်။ မိဘများထံနှင့် ညီအစ်ကိုမောင် နှမများထံ ငွေကြေးထောက်ပံ့ခွင့် စသည့်အတွက်လည်း ကျေနပ်မိ ကြောင်း စသည်ဖြင့်လည်း ပါ သည်။ (ထိုအကြောင်းအရာများမှာ ရေးလျှင် နောက်တစ်အုပ်စာ လောက် ထွက်လာမည်ဖြစ်၍ အသေးစိတ် မရေးတော့ပါ။)

မိမိတို့စကားဝိုင်းကောင်းနေ ဆဲမှာပင် လေယာဉ်ပေါ်သို့ တက် ရန် နှိုးဆော်သံထွက်လာသဖြင့် လေယာဉ်ပေါ်တက်ကြရသည်။ လေယာဉ်ထွက်တော့မှပင် ငါတို့ တကယ်အိမ်ပြန်ဖြစ်ပြီဟု ထပ်ပြီး စိတ်အေးရ၏။ ထိုင်ခုံကိုယ်စီ ကပ် လျက်ထိုင်ကြရခြင်းဖြစ်သော်လည်း ဆရာဦးမျိုးခင်နှင့်စကားမပြောဖြစ်။ တစ်နေ့လုံး မနက်ကတည်းက ပင် ပန်းဆင်းရဲစိတ်ဒုက္ခကြီးစွာ ခံစား ခဲ့ကြရသောကြောင့် နှစ်ယောက် လုံး နွမ်းလျ အိမ်ပြန်ဖြစ်နေကြ သည်။

မိမိကတော့ မျက်စိ ၂ဖက် ကို မှိတ်ထားရင်းခရီးစဉ်အကြောင်း ပြန်တွေးနေမိသည်။ ဘယ်နေရာ တွေ ရောက်ဖြစ်ခဲ့သလဲ၊ ဘယ်သူ တွေနဲ့ တွေ့ဖြစ်ခဲ့သလဲ၊ ဘာတွေ မြင်ခဲ့သလဲ၊ ဘာတွေ လေ့လာဖြစ်ခဲ့ သလဲ ပြီးရင်ခရီးသွားဆောင်းပါးမှာ ဘာတွေထည့်ရေးမလဲ၊ ဘယ် လောက် ရှည်နိုင်မလဲ စသည်ဖြင့် နိုင်ငံတကာခရီးစဉ်သွားတိုင်း အဓိကအကြောင်းအရာအကြောင်း ပေါ်လွင်အောင်ရေးဖို့ အပြင်ဘေး ထွက်အမြတ်ရအောင် အမြဲတမ်း ကြိုးစားကြည့်လေ့ရှိသည့် ဝသီ အတိုင်း သည်တစ်ခါတော့ လုံးဝ ကို မျှော်လင့်မထားသည့် Jack Pot ကြီးတစ်ခု ရရှိနိုင်ခဲ့သည်။ ဂျပန် နိုင်ငံ၏ မြေပုံကို သေသေချာချာ မလေ့လာ မကျွမ်းကျင်တာလည်း ပါ၍ ကိုယ်သွားမည့် အိုကားယားမ မြို့နှင့် ဟီရိုရှီးမားမြို့ ဤမျှလောက် သွားရလွယ်ကူလိမ့်မည်ဟု မှတ် ထင်မထားခဲ့။ မသွားမီညက ညစာ စားပွဲရောက်မှ ပါမောက္ခဆရာ ကျော်စိုးလွင်၏ သဘောမနော ကောင်းပြီး တစ်ဖက်သားကို ကူညီ ချင် စသည့် စိတ်ရင်းစေတနာ ကြောင့် ဟီရိုရှိးမားရောက်ဖြစ်ခဲ့ရ ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ပထမဦးဆုံး အနုမြူဗုံးဒဏ်ခံခဲ့ရသည့်ဟီရိုးရှိးမားမြို့အကြောင်းကို မိမိငယ်စဉ် အလယ်တန်း ကျောင်းသားဘဝလောက်ကတည်းက ရှုမဝ၊ ငွေတာရီ စသည့် မဂ္ဂဇင်းကြီးများတွင် ဆောင်းပါးတချို့ကို ဖတ်ဖူးခဲ့သည်။ ထိုစဉ် ကတည်းက ဂျပန်နိုင်ငံ ဟီရိုရှိးမား မြို့ကို သွားရောက်ကြည့်ရှုချင်စိတ် တွေ ပေါ်ခဲ့သည်။ သို့သော် လူငယ် ဘဝ စိတ်ကူးယဉ်အိပ်မက်များ ထုံး စံအတိုင်း ကြာတော့ ပျောက်ကွယ် မေ့လျော့သွားသည်။ ကြီးလာတော့ လည်း ဟီရိုရှီးမားအကြောင်းနှင့် ပတ်သက်၍ ရေးသားထားမှုများကို စာအုပ်အဖြစ် ထုတ်ဝေထားကြ သည်ကိုလည်း တွေ့ဖူးပါ၏။ သို့ သော် ငယ်စဉ်ကလောက် စိတ်ဝင် စားမှု မရှိတော့ပါ။

ယခု အရွယ်ရောက်လာသည့် အခါမှာလည်း ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဒုတိယကမ္ဘာစစ်နှင့် အဏုမြူဗုံးနှင့် ခါးသီးသောအတွေ့ အကြုံများအကြောင်း ခေါင်းထဲမှာ အများကြီးနေရာမယူတော့ပါ။ သို့ သော် အကြောင်းကြုံကြိုက်၍ မမျှော်လင့်ဘဲ ကို ဟီရိုရှီးမားမြို့သို့ ရောက်ဖြစ်သွားသောအခါ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့သားများ က အဏုမြူဗုံးအချခံရခြင်းနှင့် ပတ်သက်၍ ပန်းခြံ၊ ပြတိုက် စသည်တို့ကို တခမ်းတနားမှတ် တမ်းတင်မော်ကွန်းထိုးထားသည့် အပြင် ခေတ်သစ်ကွန်ပျူတာ နည်း ပညာများ၏ အကူအညီဖြင့် လူအများ စိတ်ဝင်စားဖွယ်ကောင်း အောင် ဖန်တီးပြသထားသည်ကို မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်ရ လိုက်သောအခါ မြန်မာစာဖတ်ပရိ သတ်အတွက် ပြန်လည်ဖောက် သည်ချပေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ဂျပန်နိုင်ငံ ရောက်ခဲ့သည့် ခရီးသွား မှတ်တမ်းကို ဟီရိုရှီးမား အတွေ့ အကြုံများဖြင့် ပိုမိုဖတ်ချင်စဖွယ် ကောင်းသော ခရီးသွား ဆောင်းပါး တစ်ပုဒ် ဖြစ်လာစေရမည်ဟု သန္နိ ဋ္ဌာန် ချမိကြောင်းဖော်ပြရင်း နိဂုံး ချုပ်လိုက်ပါသည်။
ပြီးပါပြီ။

ဒေါက်ထွေး (ဆေး/မန်း)