ဒီတစ်ပတ်ထူးခြားတဲ့ သတင်း တစ်ပုဒ်အဖြစ် ဖော်ပြလိုတာကတော့ ရေအောက်သန့်ရှင်းရေး လုပ်ခဲ့ကြတဲ့ အကြောင်းပါပဲ။ ပြီးခဲ့တဲ့တစ်ပတ် အတွင်းက အမေရိ ကန်ပြည်ထောင်စု၊ဖလော်ရီဒါပြည်နယ်ရှိ နိုင်ငံတကာ ငါးဖမ်းဆိပ်ခံ တံတားမှာ နိုင်ငံတကာမှ ရေအောက်သန့်ရှင်းရေး သမားများ ပါဝင်တဲ့ အုပ်စုတစ်စုက ရေ အောက်သန့်ရှင်းရေးလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
၆၃၃ ဦးသော အဲဒီ ရေ အောက်သန့်ရှင်းရေးသမားများက ရေကူးဝတ်စုံတွေ၊ လေတိုင်ကီတွေ ဝတ်ဆင်ပြီး အဲဒီဆိပ်ကမ်းရေ အောက်ကြမ်းပြင်ပေါ်မှာ သန့်ရှင်း ရေးလုပ်ခဲ့ကြတာဖြစ်ပြီး အမှိုက် စုစုပေါင်း အလေးချိန် ၁၆၀ဝ ပေါင်ကျော်နှင့် ငါးမျှားကြိုးအလေးချိန် ပေါင် ၆၀ တို့ကို ဆယ်ယူသန့် ရှင်းနိုင်ခဲ့ကြပြီး ဂင်းနစ်စံချိန် တင်ခဲ့ကြတာ ဖြစ်ပါတယ်။ တရားဝင် အလေးချိန်ကို ရေတွက်နေဆဲဖြစ်ပြီး ဒီထက်ပိုများဖွယ်ရှိကြောင်း ခန့်မှန်းထားတဲ့ အမှိုက်ပမာဏကတော့ ပေါင် ၃၂၀ဝ ခန့်ရှိနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ ငါးမျှားကြိုးခဲသီးတွေ၊ လှေမှာသုံးသော လှေကားကစလို့ အလေးတုံးတွေအထိ အစုံပါဝင် ကြောင်း၊ အဲဒီအမှိုက်တွေကို တစ်ဖန်ပြန်လည်အသုံးပြု (recycle) လုပ်လို့ရအောင်နှင့် အရာအားလုံးကို နေရာတကျဖြစ်အောင် မြို့နေလူထုကလည်း ကူညီ ပေးကြမှာလို့ သိရပါတယ်။
ရေအောက်သန့်ရှင်းရေးလုပ်တဲ့ ရေငုပ်သမားတွေကတော့ ဥရောပနှင့် တောင်အမေရိကလို ဝေးသည့်နေရာများကလည်း ပါဝင်ကြပြီး ရေငုပ်ပစ္စည်းအရောင်းဆိုင် Dixie Divers and Deerfield Beach Women’s Club က ဦးစီး ပြီး နှစ်စဉ်ပြုလုပ်တဲ့ သန့်ရှင်းရေးပွဲမှာ ပါဝင်ခဲ့ကြတာ ဖြစ်ကြပါ တယ်။ ယခုနှစ် ပြုလုပ်တဲ့ သန့် ရှင်းရေးက ၁၅ ကြိမ်မြောက် ဖြစ် ပြီး နံနက် ၉ နာရီမှစပြီး ၂ နာရီကြာလောက် သန့်ရှင်းရေး လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။ ဒီလို သန့်ရှင်းရေးပြုလုပ်မှုတွေကို ဆိပ်ခံ တံတား အစိတ်အပိုင်းတစ်ခုခု သို့ မဟုတ်သန္တာကျောက်တန်းတစ်ခုခု လို နေရာမျိုးတွေမှာ လုပ်ကြတာဖြစ်ပြီး သန့်ရှင်းရေးလုပ်တဲ့နေရာ တွေမှာ ရေနေသတ္တဝါတွေ အများကြီးနေထိုင်ကြတာဖြစ်ကြောင်း၊ အဲဒီနေရာတွေမှာ လူတွေက အမြဲတမ်းလိုလို ငါးဖမ်းနေကြမှာဖြစ်ကြောင်းလည်းသိရပါတယ်။ ယခင် ကလည်း ၂၀၁၅ ခုနှစ်မှာ ပင်လယ်နီထဲ၌ ရေငုပ်သမား ၆၁၃ ဦးက စံချိန်တင်ရေအောက်သန့်ရှင်းရေးတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
ကမ္ဘာ့ပင်လယ်ပြင်ထဲနှင့် ရေအောက် ကြမ်းပြင်ပေါ်တွင် လူတို့ ပယောဂကြောင့် ထွက်ရှိလာသော အမှိုက်များက တဖြည်းဖြည်း များ ပြားလာလျက်ရှိပြီး ပင်လယ် သမုဒ္ဒရာများအတွက် ပြဿနာများ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ နှစ်စဉ် ပင်လယ်ထဲကို စွန့်ပစ်နေတဲ့ ပလတ်စတစ်အမှိုက် ပမာဏက မက်ထရစ်တန် ၈ သန်းခန့်ရှိ ကြောင်း၊ ဒီပမာဏဟာ လေယာဉ် တင်သင်္ဘော အစီး ၉၀ စာ လောက်နှင့် ညီမျှသော အလေးချိန် ဖြစ်ကြောင်း သိရပါတယ်။

မောင်