လူအတော်များများဟာ တီဗီကြည့်တဲ့ အလေ့အထ အတော် လေး စွဲလမ်းနေကြပါပြီ။ တီဗီ ဖွင့်လျက်သားနဲ့ တီဗီရှေ့ တခေါ ခေါ အိပ်ပျော်သွားပြီး တစ်ယောက်ယောက်က လာနှိုးမှ နေရာပြောင်း အိပ်ကြ ရသူတွေ ရှိသလို၊ တချို့မှာ မနက်လင်းမှ အလင်းရောင်မျက်စိကျိန်းပြီး အိပ်ရာထရသူတွေလည်း ရှိပါတယ်။ တိုက်ခန်းတွေမှာ စုပေါင်း နေရတဲ့ မိသားစု များသူတွေ၊ တီဗီရှေ့က ကွက်လပ်လေးမှာပဲ အိပ်စရာ နေရာကွက်လပ်လေးပဲ ရှိသူဆိုရင် တီဗီကြည့်ချင်ချင်၊ မကြည့်ချင်ချင် တီဗီရှေ့လှဲပြီး အိပ်ရသူတွေလည်း ရှိတတ်သေးတယ်။
တီဗီရဲ့ ကျူ့ (Tube) ရှေ့မှာ တခေါခေါ အိပ်မိပါက တီဗီရဲ့ အလင်းတန်းပြာတွေဟာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ အိပ်ချိန်မှန်ကို လည်းကောင်း၊ လူ့ဦးနှောက်ကိုလည်းကောင်း တိုက်ရိုက်ထိတွေ့ စေပြီး ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေ တက်လာနိုင်ပါတယ်။ တချို့က ကိုယ့်အိပ်ခန်းထဲမှာပဲ ခုတင်ပေါ်ကနေ ရီမုတ်ကွန်ထရိုးကို ပိတ်လို့ဖွင့်လို့ လွယ်တယ်ဆိုပြီး ကြည့်တတ်တာမျိုးလည်း ရှိပါတယ်။
လေ့လာသုတေသနများအရ အိပ်ခန်းထဲ တီဗီရှိခြင်းက ကိုယ် အလေးချိန်တိုးစေခြင်း၊ အဝလွန်ခြင်းတို့ ဖြစ်စေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ တီဗီထဲက ဆူညံသံတွေကြောင့်လည်း လန့်လန့်နိုးပြီး အိပ်ရေးမဝတတ်ပါဘူး။ စိုးရိမ် စိတ်နဲ့ ထပိတ် သို့မဟုတ် ရပ်ပစ် နိုင်စွမ်းမရှိတဲ့ အတွေးတွေကလည်း စိတ်ကသိကအောက် ဖြစ် စေပါသေးတယ်။ အီလက်ထရော နစ်ကထွက်တဲ့ အလင်းတန်းပြာ တွေဟာ လူ့ခန္ဓာကိုယ်ထဲက မယ်လတိုနင်ခေါ် ဟော်မုန်း (လူကိုအိပ်ပျော်အောင် လုပ်ပေးတဲ့ ဟော်မုန်း) များထွက်ခြင်း (ထုတ်လုပ်ခြင်း)ကို တားဆီးပစ် စေလို့ ဖြစ်ပါတယ်။

တင်မြင့်မေ