အားလုံးသိကြတဲ့အတိုင်း novel coronavirus တစ်နည်းအား ဖြင့် ဝူဟန်ဗိုင်းရပ်စ်လို့ အမည်ရတဲ့ ရောဂါပိုးဟာ နိုင်ငံတော်တော်များ များကို ပျံ့နှံ့ကူးစက်လျက်ရှိပြီး တစ်နေ့ထက်တစ်နေ့ လူ့အသက် တွေကို ရယူလျက်ရှိပါတယ်။
၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အဆုတ် ရောင်ရောဂါနဲ့ ဆင်တူတဲ့ ရောဂါ တစ်ခုဟာ လူများစွာမှာ ကူးစက် ပြန့်ပွား လျက်ရှိခဲ့ပြီး အဆိုပါရောဂါပိုးဟာ ဝူဟန်မြို့ရဲ့ ပင်လယ်စာ ရောင်းချတဲ့ဈေးကို မြစ်ဖျားခံခဲ့တယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ ကိန်းဂဏန်းများအရ အဆိုပါ ဗိုင်း ရပ်စ်ရောဂါပိုးဟာ နိုင်ငံပေါင်း ၂၅ နိုင်ငံ၊ လူပေါင်း ၂၀ဝဝဝ ကျော် ကူးစက်ခဲ့ပြီး လူ့အသက်ပေါင်း ၄၂၅ ဦးကို သေဆုံးစေခဲ့ပြီဖြစ်ကာ နောက်ထပ် ဘယ်နှယောက် ကူးစက်သေဆုံးမယ်ဆိုတာ ခန့်မှန်းနိုင်ခြင်း မရှိပါဘူး။


ဝူဟန် ပင်လယ်စာလက်ကားဈေးဟာ သူ့ရဲ့နာမည်က ပင်လယ်စာဈေးဆိုပေမဲ့ ရေသတ္တဝါတွေကို ချည်းသာ ရောင်းချတာမဟုတ်ပါဘူး။ ေြွမတွေ၊ ြွကက်တွေ၊ လိပ်တွေ၊ တောရိုင်းတိရစ္ဆာန်တွေ၊ ခွေးတွေ၊ ကြောင်တွေ စသဖြင့် တိရစ္ဆာန် အရှင်တွေလို စုံစိနေအောင် ရောင်းချတဲ့ တိရစ္ဆာန်အရှင်ဈေးကွက်ကြီးလည်း ဖြစ်ပါတယ်။ လေ့လာ တွေ့ ရှိချက်တွေ အရ ဒီဗိုင်းရပ်စ်ပိုးဟာ လင်းနို့နဲ့ ေြွမလိုမျိုး တောရိုင်း တိရစ္ဆာန်ထံမှတစ်ဆင့် ပြန့်ပွားခဲ့တယ်လို့ ယူဆ ထားပါတယ်။
ဒါဟာ တောရိုင်းတိရစ္ဆာန် အရှင်တွေမှတစ်ဆင့် ရောဂါပိုး တွေ ပျံ့နှံ့ကူးစက်တဲ့ ပထမဆုံးဖြစ်ရပ် မဟုတ်ပါဘူး။ ၂၀ဝ၂-၂၀ဝ၃ ခုနှစ်က SARS-CoV ဆားစ်ရောဂါ ပိုးလို့ ခေါ်တဲ့ (Severe actue respiratory syndrome related coronavirus) ပါတဲ့ ပိုးဟာ တောရိုင်း တိရစ္ဆာန်တွေ ရောင်းချတဲ့ ဈေးမှ စတင်ပြီး ကူးစက်ပြန့်ပွား ခဲ့ဖူးပါ တယ်။
အာရှတိုက်မှာရှိတဲ့ တိရစ္ဆာန် အရှင်ရောင်းချတဲ့ ဈေးတွေ ဟာ ပြင်းထန်တဲ့ ရောဂါပိုးတွေ ရရှိစေရန် ခြိမ်းခြောက်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။


တိရစ္ဆာန်အရှင် ဈေးခပ်သေးသေးလေးတစ်ခုတည်းမှာ တောင်မှ တစ်နှစ်မှာ တောရိုင်းတိရစ္ဆာန် အကောင်ရေ သန်းချီ ပြီး လူသား တွေနဲ့ ထိတွေ့စေနိုင်ပြီး ၎င်းထဲမှ တစ်ဆင့် မတူညီ တဲ့ရောဂါပိုးတွေရဲ့ အရင်းအမြစ်နေရာတွေ ဖြစ်လာနိုင်ပါ တယ်။
မတူညီတဲ့ တိရစ္ဆာန်မျိုးစိတ်တွေ အရှင်လတ်လတ် ရောင်း ချနေတဲ့ ဈေးဟာ တရုတ်နိုင်ငံ ဝူဟန် တစ်မြို့တည်းသာရှိတာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် မြန်မာနိုင်ငံ မှာတောင်မှ တရုတ် နယ်စပ်မြို့ အချို့နဲ့ ရှမ်းပြည်နယ် မိုင်းလားမြို့တို့မှာ အဲဒီလို ဈေးတွေ ရှိပါတယ်။
အခုလိုမျိုး ရောဂါပိုး ကပ်ရောဂါအသွင်ပျံ့နှံ့ခြင်းအပြင် ဒီ ဖြစ်ရပ်တွေဟာ လူသားတွေရဲ့ တိရစ္ဆာန်တွေအပေါ် ရက်စက် ကြမ်းကြုတ်ခြင်း၊ တရားမဝင်မှောင် ခိုဖမ်းဆီး၊ သယ်ဆောင် ရောင်းချ သတ်ဖြတ်ခြင်းတွေမှတစ်ဆင့် လူသားတွေပါ ရောဂါ နဲ့ ဒုက္ခတွေ ပြန်လည်ခံစားရခြင်းဆိုတဲ့ ဖြစ်ရပ်မှန်တွေကို သိမြင်စေပါတယ်။

တိရစ္ဆာန်အရှင်တွေ ရောင်းချတဲ့ ဈေးတွေ၊ ခွေးသား၊ ကြောင်သားရောင်းချတဲ့ ဈေးတွေရဲ့ ဘေးအန္တရာယ်ကို သင်ခန်းစာယူပြီး အစိုးရနဲ့ နိုင်ငံ သားတွေဟာ ဒီလို ဈေးမျိုးတွေကို ရပ်ဆိုင်းပိတ်သိမ်းရမှာ ဖြစ်ပါတယ်။ လိုင်စင်ရသားသတ်ရုံတွေမှာ စနစ်တကျ ထုတ်လုပ်ထားတဲ့ အသားငါး တွေကို ရောဂါပိုးနဲ့ သန့်ရှင်းသပ်ရပ်မှုအား စစ်ဆေးကာရောင်းချတဲ့ တရားဝင် အသားငါးဈေးမျိုးကိုသာ ခွင့်ပြုသင့်ပါကြောင်း တိုက်တွန်းလိုက်ရ ပါတယ်။

Ref : four Paws \ The Dangers of Live Animal Market

ခိုင်မွန်ကျော်