ဂျာမန်ဆပ်ကပ်တစ်ခုဖြစ်တဲ့ Circus Roncalli ဟာ ၁၉၇၆ ခုနှစ် ကတည်းက လူထုကို ဖျော်ဖြေလာတဲ့ ဆပ်ကပ်တစ်ခု ဖြစ်ပါတယ်။ ၎င်းဟာ ယခုအခါမှာ ဘယ်သူမှ မျှော်မှန်းမထားတဲ့ အရာတစ်ခုကို အံ့ဩဖွယ်ရာ လုပ်ပြလိုက်ပါတယ်။ အဲဒါကတော့ ၎င်းတို့ရဲ့ဆပ်ကပ် ပြပွဲမှာ ကျားတွေ၊ ဆင်တွေ၊ ခြင်္သေ့တွေ စသဖြင့် တိရစ္ဆာန်အရှင်တွေကို အသုံးမပြုတော့ဘဲ သုံးဘက်မြင် ရုပ်လုံးကြွ 3d ပုံရိပ်များဖြင့် တန်ဆာဆင်ပြီး ရှိုးပွဲကိုကျင်းပ ခြင်းအားဖြင့် ရက်စက်ကြမ်းကြုတ်မှုကင်းတဲ့ မျက်လှည့်ဆပ်ကပ်ပြပွဲကို ဖျော်ဖြေတင်ဆက်ခဲ့တာပဲ ဖြစ်ပါ တယ်။

Circus Rocalli ဟာ ဆပ်ကပ်လုပ်ငန်းတွေမှာ တိရစ္ဆာန် များအား ရက်စက်ကြမ်းကြုတ်ခြင်းအား တိုက်ဖျက်တဲ့အနေနဲ့ ယခုလို ကြီးမားတဲ့ အပြောင်းအလဲကို ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆပ်ကပ်မှာ အသုံး ပြုတဲ့ 3d ပုံရိပ်ဖော်တဲ့ လေဆာပရိုဂျက်တာဟာ အကျယ် ၁၀၅ ပေ၊ အမြင့် ၁၆ ပေရှိတဲ့ မြင်ကွင်းကို ဖန်တီး တင်ဆက်နိုင်ပြီး မြင်ကွင်းဟာ ၃၆၀ ဒီဂရီမြင်နိုင်ပါတယ်။ တပ်ဆင်ထားတဲ့ လေဆာပရိုဂျက်တာ Blubox နဲ့ Optoma ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး 11 zu 850 အမျိုးအစားဖြစ်ပါတယ်။

ဆပ်ကပ်ပြပွဲတစ်ခုအတွက် ပြပွဲလာပရိသတ်တွေနဲ့ စိတ်ကျေနပ် မှုရဖို့၊ အားပေးဖို့ကလည်း အရေးအကြီးဆုံးပါပဲ။ ဆပ်ကပ်ပြပွဲမှာ တိရစ္ဆာန်အရှင်တွေကို အသုံးမပြုတော့မဲ့အကြောင်း ပထမဆုံး အကြိမ် ဖျော်ဖြေပွဲနှင့်အတူ ကြေညာချက် ထုတ်ပြန်ချိန်မှာ Email ပေါင်း ၂၀ဝဝဝ ကျော် လက်ခံရရှိခဲ့ပြီး ၉၅ ရာခိုင်နှုန်းကျော်ဟာ အပြုသဘော ဆောင်တဲ့၊ အားပေးချီးမြှောက်တဲ့ စာတွေဖြစ်တဲ့အတွက် ဆက်လက် ဖျော်ဖြေဖို့ အခွင့်အရေးတွေ ရရှိခဲ့တာဖြစ်တာမို့ ပရိသတ်ကြီးရဲ့ ကျေးဇူး ပါပဲ။

နိုင်ငံပေါင်း ၄၀ ကျော်ရဲ့ သတင်း မီဒီယာတွေမှာ Roncalli ကို ပထမဦးဆုံး တိရစ္ဆာန်ရက်စက် ကြမ်းကြုတ်မှု ကင်းစင်တဲ့ 3d ဆပ်ကပ်အဖြစ် ဖော်ပြခဲ့ကြပြီး ပထမဆုံး တစ်နှစ်အတွင်းမှာ ဆပ်ကပ်ပြပွဲလာ ပရိသတ် ၆၀ဝဝဝ၀ ကျော်ပါတယ်။ အခုလိုမျိုး တိရစ္ဆာန်အစစ်တွေအစား 3d ပုံရိပ်တွေကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့သူကတော့ Circus Rocalli ရဲ့ ပိုင်ရှင်ဖြစ်သူ ၎င်းဟာ အမေရိကမှာ Circus Rocalli (သေဆုံးပြီးသားအဆိုတော်) ရဲ့ 3D ပုံရိပ်နဲ့ မင်းသားတစ်ဦး စုံတွဲသီဆိုတဲ့ ရှိုးပွဲကို ကြည့် ပြီးတဲ့နောက် ဒီအကြံဉာဏ်ကို ရခဲ့တာဖြစ်ပြီး နဂိုကတည်းကလည်း ဆပ်ကပ်မှာ အသုံးပြုနေတဲ့ တိရစ္ဆာန်တွေကို ကြင်နာသနားနေသူ တစ်ဦး ဖြစ်ပါတယ်။

ဆပ်ကပ်ပြပွဲတွေမှာ ပါဝင်တဲ့ တိရစ္ဆာန်လေးတွေဟာ ဆပ်ကပ်ပြပွဲ လှည့်လည်ရွှေ့ပြောင်းတဲ့နောက်ကို လိုက်ပါရတယ်။ ကျဉ်းကျပ်တဲ့ လှောင်အိမ်တွေထဲမှာ နေရပါတယ်။ နားချိန်မရှိအောင် ပင်ပန်းစွာ
ဖျော်ဖြေရပြီး ညှဉ်းပန်းပြီး လေ့ကျင့်သင်ကြားခြင်း ခံရပါတယ်။ သူတို့ အတွက် မြက်ခင်းပြင်တွေ၊ ကွင်းပြင်ကျယ်တွေမှာ နေထိုင်ဆော့ကစားခွင့် ရလေ့မရှိပါဘူး။ ထာဝစဉ် ချုပ်နှောင်ခိုင်းစားခြင်း ခံရပါတယ်။ လူသားတွေ ကို ဖျော်ဖြေဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကန့်လန့်ကာနောက်ကွယ်က ဆပ်ကပ်တိရစ္ဆာန်လေးတွေရဲ ဘဝကို ပထမဆုံး စာနာတဲ့ ဆပ်ကပ်ပိုင်ရှင် ပါပဲ။ တိရစ္ဆာန်တွေဟာ ကိုယ်ပိုင်ဘဝ ရှိပါတယ်။ လူသားတွေကို ဖျော်ဖြေဖို့ မွေးဖွားလာခြင်းမဟုတ်ပါဘူး။ ဆက်ကပ်ပြပွဲက တိရစ္ဆာန်အပေါင်း
လွတ်မြောက်သင့်ပါတယ်။
Ref: By Jade Small.

ခိုင်မွန်ကျော်