ဆေးလိပ်ကိုယ်တိုင်သောက် တဲ့သူကိုပထမဆင့်ဆေးလိပ်ငွေ့ရှူရ တယ်လို့ခေါ်ပြီးကိုယ်တိုင်မသောက် ရပါဘဲ ဆေးလိပ်မီးခိုးငွေ့တွေကို ရှူရတဲ့သူတွေကိုတော့ ဒုတိယဆင့် ဆေးလိပ်ငွေ့ရှူရသူလို့ ခေါ်တယ်။
အခန်းတစ်ခန်း (အထူးသဖြင့် အလုံပိတ်အခန်း) ထဲမှာ တစ်စုံ တစ်ယောက်ဆေးလိပ်သောက်သွား ပြီးနောက်သူထွက်သွားသော်လည်း အခန်းထဲရှိ ကြမ်းပြင်တွေ၊ နံရံတွေ၊ ပရိဘောဂတွေ ရှိသမျှပစ္စည်းအား လုံးပေါ်မှာဆေးလိပ်ငွေ့ထဲမှာပါသည့် မျက်စိဖြင့်မမြင်ရသော ဓာတု ပစ္စည်းတွေ (နီကိုတင်းအပါအဝင်) တင်ကျန်ရစ်ခဲ့တယ်။ လေးဖက် သွားကလေးငယ်တစ်ယောက်က အဲဒီအခန်းကြမ်းပြင်ပေါ်မှာလျှောက် သွားရင်း မည်သည့်အရာဝတ္ထု ပစ္စည်းတွေကိုမဆိုကိုင်တွယ်မယ်၊ အဲဒီအခန်းထဲမှာရှိတဲ့ သူကစားနေ ကျ အရုပ်ကိုကိုင်မယ်၊ ပြီးတော့ အဲဒီလက်နဲ့ နှာခေါင်းထဲ၊ ပါးစပ်ထဲ ထည့်မယ်ဆိုရင် ကလေးရဲ့ ခန္ဓာ ကိုယ်ထဲသို့ အဲဒီဓာတုပစ္စည်းတွေ ဝင်ရောက်သွားနိုင်ပါတယ်။ အဲဒီ လိုအဖြစ်မျိုးကို တတိယဆင့် ဆေး လိပ်ငွေ့ရှူရသူများလို့ခေါ်ပါတယ်။
တတိယဆင့် ဆေးလိပ်ငွေ့ ထိတွေ့ရတဲ့လူတွေရဲ့ အသက်ရှူ လမ်းကြောင်းထဲမှာရှိသောကလာပ် စည်းတွေကို ဓာတုပစ္စည်းများက ထိခိုက်ပျက်စီးစေတဲ့အကြောင်းကို အမေရိကန်ပြည်ထောင်စု ကယ်လီ ဖိုးနီးယားတက္ကသိုလ်မှာ သိပ္ပံပညာ ရှင်များကသုတေသနပြု တွေ့ရှိခဲ့ပါ တယ်။ သူတို့ရဲ့ တွေ့ရှိချက်များက တတိယဆင့် ဆေးလိပ်ငွေ့ရှူရပြီး ရောဂါဖြစ်နေသော သူများအား ကုသပေးရသည့် ဆရာဝန်များ အား အထောက်အကူ အများကြီး ပြုနိုင်ပါတယ်။
လူသားတို့ရဲ့ ကလာပ်စည်း များသည် တတိယဆင့်ဆေးလိပ် ငွေ့ကြောင့် ထိခိုက်မှုရှိတယ်ဆိုတာ မိမိတို့ သက်သေပြနိုင်ခဲ့ပြီဖြစ် ကြောင်း၊ လူသားတို့၏ ဗီဇပေါ်မှာ ထိခိုက်မှုဖြစ်စေနိုင်တယ်ဆိုတာ ပထမဦးဆုံး ပြသနိုင်သည့် လေ့ လာမှုဖြစ်ကြောင်း သိရပါတယ်။
မီးလောင်ကျွမ်းသွားတဲ့ စီးက ရက်မှ အငွေ့များက အဝတ်အစား များ၊ ဆံပင်၊ ပရိဘောဂနှင့် ကား အတွင်းမှာ တင်ကျန်နေရစ်နိုင် တယ်။ အဲဒီလိုတတိယဆင့် ဆေး လိပ်ငွေ့ဒဏ်ခံရသူများအားအကာ အကွယ်ပေးမဲ့ စည်းကမ်းဥပဒေ ယခုထက်ထိ မရှိသေးပါ။
သုတေသီများက ဆေးလိပ် ငွေ့ကိုရှူခဲ့ရသူ ဆေးလိပ်မသောက် သော ကျန်းမာနေသည့်သူ ၄ ဦး ရဲ့ နှာခေါင်းမှ အရည်ကို တို့ယူ၍ လေ့လာခဲ့ကြခြင်းဖြစ်တယ်။ အဲဒီ ထဲက ကလာပ်စည်းများ၏ ဗီဇကို ဖော်ထုတ်လေ့လာခဲ့ကြတယ်။ ၃၈၂ ခုသော ဗီဇများဟာ သိသိ သာသာ ထိခိုက်ခဲ့ပြီး ဗီဇ ၇ မျိုးက တော့ မြှုပ်နေခဲ့တယ်။
၃ နာရီအကြာ တတိယဆင့် ဆေးလိပ်ငွေ့နှင့် ထိတွေ့ခဲ့ရသော အဆိုပါ နှာခေါင်းတွင်းကလာပ်စည်းများကို လေ့လာကြည့်ခဲ့ခြင်း ဖြစ်တယ်။ အဲဒီကလာပ်စည်းတွေမှာ DNA ကို ပျက်စီးစေပြီး ကင် ဆာဖြစ်ရန် အခွင့်အလမ်း ပိုများ ကြောင်း တွေ့ရှိခဲ့ရတယ်။ ၃နာရီ လောက်ပဲ ထိတွေ့ရုံနဲ့ ကင်ဆာဖြစ် နိုင်ခြေအခွင့်အလမ်းများတဲ့အတွက် အခန်းတစ်ခန်း သို့မဟုတ် အိမ် တစ်အိမ် သို့မဟုတ် ကားထဲမှာ အတူရှိနေပြီး နှစ်ရှည်လများ တတိယဆင့် ဆေးလိပ်ငွေ့ ထိတွေ့ ခံခဲ့ရသူများအနေနဲ့ ကင်ဆာဖြစ် နိုင်သည့်အခွင့်အလမ်း ပိုများနိုင် တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။
နှာခေါင်းတွင်း ကလာပ်စည်း များဟာ အဆုတ်လြွေပန်များထဲက ကလာပ်စည်းများနှင့်အလားသဏ္ဌာန် တူပါတယ်။ ဒီကလာပ်စည်းများ ထဲက မိုက်တိုခွန်ဒရီးယားလို့ခေါ် တဲ့ပစ္စည်းကို ပျက်စီးစေပြီး ကလာပ် စည်းကိုလည်း သေသွားစေနိုင်ပါ တယ်။
တတိယဆင့် ဆေးလိပ်ငွေ့ရဲ့ အကျိုးသက်ရောက်မှုကအရေပြား ကတစ်ဆင့်လည်း ဖြစ်စေနိုင်တယ် လို့ သုတေသီများက ဆိုခဲ့ပါတယ်။
အများစုသော ဆေးလိပ် သမားများက ကျွန်တော်အခန်း အပြင်ဘက်မှာ ဆေးလိပ်သောက် တာဖြစ်တယ်။ ဒါ့ကြောင့် အခန်း ထဲမှာနေတဲ့ ကျွန်တော့်ရဲ့ မိသားစု ဆေးလိပ်ငွေ့မရှူရဘူးလို့ ပြောလေ့ ရှိတယ်။ ဒါပေမဲ့ ဆေးလိပ်သမား များကိုယ်တိုင်က နီကိုတင်းလို ဓာတုပစ္စည်းများကို သယ်ဆောင် ထားသူဖြစ်တယ်။ အကြောင်းက တော့ သူဝတ်ထားတဲ့အဝတ်အစား တွေပေါ်မှာ အဲဒီဓာတုပစ္စည်းတွေ တင်ကျန်နေမှာဖြစ်သောကြောင့်ပါပဲ။ ဒါကြောင့် တတိယဆင့် ဆေးလိပ် ငွေ့အန္တရာယ်ဟာ အမှန်တကယ် ရှိနေကြောင်း အများပြည်သူသိရှိ နားလည်အောင်ပြုလုပ်ဖို့ အရေး ကြီးကြောင်း သိရပါတယ်။

အယ်ဒီတာ