ဦးအေးမြင့်
ကော်မတီဝင်
နေပြည်တော်စည်ပင်သာယာရေး ကော်မတီ

(မကူးစက်တတ်သောရောဂါများ ကာကွယ်ရေးနှင့်ဆေးရွက်ကြီး ထွက် ပစ္စည်းထိန်းချုပ်ရေးအတွက် ငွေကြေး ကုန်ကျမှုနှင့် နှိုင်းယှဉ်လျှင် အကောင်းဆုံး တန်ဖိုးရရှိနိုင်သော ဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။)
နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်အသစ်ဖြစ်ပြီး နိုင်ငံ၏အုပ်ချုပ်ရေး မြို့တော်လည်း ဖြစ်ကြောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီသည် ၂၀ဝ၆ ခုနှစ်ကတည်းက ဒေသဆိုင်ရာ အုပ်ချုပ် ရေး အာဏာပိုင်အဖွဲ့အနေဖြင့် နေပြည်တော် ဒေသအတွင်း ဆေးလိပ်နှင့် ဆေး ရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေး မူဝါဒများ အကောင်အထည်ဖော် ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် နိုင်ငံတကာ လူမှု ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်းလျက် ၁၀နှစ်ကြာမျှ ဆောင် ရွက်ခဲ့ကြကြောင်း၊ဆေးရွက်ကြီးထွက် ပစ္စည်းများသည် ပြည်သူ့ကျန်းမာ ရေးအတွက် အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်းနှင့် ကမ္ဘာတစ် ဝန်းလုံးတွင်လည်း မကူးစက်တတ် သောရောဂါများဖြစ်ပွားရာတွင် အန္တရာယ်အခွင့်အလမ်းများထဲမှ တစ်ခုဖြစ်သည်ကို မိမိတို့ သတိမူ သိရှိကြပါကြောင်း နှစ်စဉ် လူဦးရေ ၈ သန်းကျော်ကို အသက်ဆုံးရှုံးစေ လျက်ရှိပြီး ၎င်းတို့ထဲတွင် ၁.၂ သန်းမှာ ကိုယ်တိုင် ဆေးလိပ် မသောက်ကြသော်လည်းတစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူနေကြရသူများ ဖြစ် နေကြကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော STEP စစ်တမ်းအရ မိမိတို့နိုင်ငံတွင်အချို့ဒေသများအတွင်း ဆေးလိပ်သောက်သူ အမျိုးသား ၄၃.၈ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး များ၏ ၈.၄ ရာခိုင်နှုန်းရှိကြောင်း၊ ထို့ပြင် မကူးစက်တတ်သောရောဂါ များ ဖြစ်ပွားသည့်နှုန်းများလည်း မြင့်တက်လျက်ရှိကြောင်း၊ ထို့ ကြောင့် မိမိတို့မြို့တော်တွင်း ဆေး ရွက်ကြီးထိန်းချုပ်ရေးလုပ်ငန်းများ အားထည့်ဆောင်ရွက်ရန်နှင့် ဆေး လိပ်ငွေ့ကင်းစင်ရေး စည်းကမ်းနှင့် ဥပဒေများကို ထုတ်ပြန်ပြီး နေပြည် တော်အတွင်းရှိ အားလုံးသော အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ဆေးလိပ်ငွေ့ကင်း စင်ရေးကို ဆောင်ရွက်လျက်ရှိ ကြောင်း မြန်မာနိုင်ငံသည် WHO FCTC ကို ၂၀ဝ၃ ခုနှစ်တွင် လက် မှတ်ရေးထိုးခဲ့ပြီး ၂၀ဝ၄ ဧပြီလမှ စ၍ အတည်ပြုခဲ့ပြီဖြစ်ကြောင်း၊

လက်ရှိမြန်မာနိုင်ငံတွင်း ဆေး လိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှု ထိန်းချုပ်ရေးဥပဒေကို ၂၀ဝ၆ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ ပြီး ၂၀ဝ၇ ခုနှစ်မှစ၍ အာဏာ သက်ရောက်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါဥပဒေအရ အများပြည်သူ နှင့် သက်ဆိုင်ရာနေရာများ နမူနာ အားဖြင့် ပညာရေးဌာနများ၊ ကျန်း မာရေးဌာနများ၊ ရုံးအဆောက်အဦ များ၊ စားသောက်ဆိုင်များ စသည် တို့တွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ခဲ့ကြောင်း၊ သို့သော် ဥပဒေ အရ အရေးယူဆောင်ရွက်မှုများက အထူးသဖြင့် ဟင်းလင်းပြင်နေရာ များတွင် စီးကရက်ကို အလွယ် တကူလက်လှမ်းမီလျက်ရှိနေသေး ကြောင်း၊ နမူနာအားဖြင့် တစ်စိတ် တစ်ပိုင်း အမိုးအကာရှိသော စား သောက်ဆိုင်များနှင့် ဈေးဆိုင်များ တွင်ဖြစ်ကြောင်း ရှင်းပြသည်။

ဆေးရွက်ကြီးထိန်းချုပ်ရေး လက်တွေ့ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ၂၀၁၆ ခုနှစ်တွင် သတိပေးအမိန့်ကြော်ငြာစာထုတ် ပြန်ခဲ့ရာ အားလုံးသောစားသောက် ဆိုင်များနှင့် ဈေးခန်းများပိုင်ရှင်များ အနေဖြင့် ဆေးလိပ်မသောက်ရန် တားမြစ်သတိပေးချက်များ၊ ဆိုင် အတွင်း၌ ကပ်ထားရန်ဖြစ်ကြောင်း မိမိတို့၏ဥပဒေကဆေးလိပ်သောက် နိုင်သည့်နေရာများ သီးသန့်သတ် မှတ်ပေးနိုင်သည်ဟု ပါရှိကြောင်း၊ အဆောက်အဦဝင်ပေါက်တံခါးများမှ ၁၀ မီတာအကွာအဝေးတွင် ဆေး လိပ်သောက်နိုင်သည့်နေရာ သတ် မှတ်ပေးနိုင်ကြောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ဆေး လိပ်သောက်နိုင်သည့်နေရာသတ် မှတ်ရန် စီစဉ်စေရန် အားပေးမြှင့် တင်မှုမှာ ၎င်းတို့အနေဖြင့်ဥပဒေမှ လိုက်နာခြင်းဖြစ်စေသည်သာမက ဆေးလိပ်မသောက်သူများကို တစ် ဆင့်ခံဆေးလိပ်ငွေ့ရှူရခြင်းမှ ကာ ကွယ်ပေးရန်လည်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ဤသို့ ဆောင်ရွက်ခြင်းဖြင့် နေပြည်တော် အားဆေးလိပ်ငွေ့ကင်းစင်မြို့တော် ဖြစ်လာစေရာတွင် ပထမအဆင့် ဖြစ်ပေါ်လာမှာဖြစ်ကြောင်း၊

ဥပဒေပုဒ်မ ၁၅ (က) နှင့် ၁၅ (ဂ) တို့ ပိုမို၍ ထိရောက်လာစေရေး အတွက် စီးကရက်တစ်လိပ်ချင်း ရောင်းချနေမှုကို ထိန်းချုပ်ရန်နှင့် အထုပ်ငယ်လေးများဖြင့် ရောင်းချ ခြင်းကိုလည်း ထိန်းချုပ်ရန် စီစဉ် နေကြောင်းဥပဒေတွင်လည်း စီးက ရက်လိပ်ရေ ၂၀ ထက်နည်းသော ဘူးဖြင့်ရောင်းချခြင်း မပြုရန် တား မြစ်ထားကြောင်း၊ အသက် ၁၈နှစ် ကလေးများအား ဈေးရောင်းသည့် စက်မှ စီးကရက်ရောင်းချမှုကို ထိရောက်သော ကန့်သတ်မှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း၊
ဆေးရွက်ကြီးထွက်ပစ္စည်း ဈေးနှုန်းနှင့် အခွန်နှုန်းထားတိုးမြှင့် ခြင်းသည်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုထိန်းချုပ်ရေးတွင် ထိရောက် သော နည်းလမ်းဖြစ်သည်ကို မိမိတို့ သဘောတူပါကြောင်း (WHO FCTC ပုဒ်မ ၆ လမ်းညွှန်လည်း ပါရှိကြောင်း) ရေရှည်ကျန်းမာရေး အပေါ် အကျိုးသက်ရောက်မှုများ ရှိသည်ကိုလည်းသဘောတူကြောင်း ပြောကြားခဲ့သည်။

၂၀၁၄ခုနှစ်တွင် ပြည်ထောင် စု အခွန်ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ရာ အထူးကုန်စည်ပစ္စည်းများထဲတွင် ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် အရက်တို့ကို ၂၀၁၆ ခုနှစ်က သွင်း ခဲ့ကြောင်း ရှင်းပြသည်။

ထိုအချိန်ကစ၍ ဆေးရွက်ကြီး ထွက်ပစ္စည်းအပေါ် အခွန်ကောက် ခံမှုများ မြင့်တက်လာခဲ့ကြောင်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ် ပါက မြန်မာနိုင်ငံတွင် ဆေးရွက် ကြီးထွက်ပစ္စည်းများ၏ ဈေးနှုန်းမှာ ချိုသာလျက်ရှိကြောင်း၊ မြန်မာ နိုင်ငံတွင် ဆေးပေါ့လိပ်နှင့် ဆေး ရွက်ကြီးပါသော ကွမ်းယာတို့၏ ဝန်ထုပ်ဝန်ပိုးကို ခံစားနေကြရပါ ကြောင်း၊ အဆိုပါပစ္စည်းများ သုံးစွဲ မှုက ကြာလာသည်နှင့်အမျှ မြင့် တက်လာပါကြောင်း၊ ထို့ကြောင့် စီးကရက်နှင့် အခြားသောဆေးရွက် ကြီးထွက် ပစ္စည်းရောင်းချသည့် ဆိုင်များ၊ ရောင်းချခွင့်လိုင်စင်ကို တိုးမြှင့်ရန်စီစဉ်လျက်ရှိကြောင်းအား ဤသို့ဆောင်ရွက်ရာတွင်ကြုံတွေ့ရ မည့် စိန်ခေါ်မှုများရှိသော်လည်း မိမိတို့နိုင်ငံအတွက် အကျိုးကျေးဇူး မြောက်များစွာရရှိမည်ကို ယုံကြည် ပါကြောင်း ရှင်းပြခဲ့သည်။

ပြည်သူလူထုကိုယ်တိုင် ပါဝင် ဆောင်ရွက်လာစေရေးအတွက် ဆေးရွက်ကြီးထွက်ပစ္စည်းများ၏ အန္တရာယ်သတိပြုမိလာစေရန် မီဒီယာမှ တစ်ဆင့်လည်းကောင်း၊ ကျန်းမာရေးဟောပြောမှုနှင့် အုပ်စု တူအချင်းချင်းပညာပေးအစီအစဉ် များကိုလည်းကောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနှင့် အခြားသော အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများအကောင် အထည်ဖော်သွားမှာဖြစ်ကြောင်း၊ မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေးအတွက်လည်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန နှင့်အတူ နေပြည်တော်အတွင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပေးခဲ့သည်။