ဆီးချိုရောဂါအမျိုးအစား (၂) ရဲ့ရောဂါလက္ခဏာများဟာ လှည့်စားပရိယာယ်ကြွယ်ဝတတ်တာမို့ သန်းနဲ့ချီသော လူနာများဟာ သူတို့မှာ ဆီးချိုရောဂါရှိနေတယ်လို့ မသိကြခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဆီးချိုသွေးချိုရောဂါရဲ့ အဓိကဝေဒနာလက္ခဏာများဖြစ်တဲ့ မောပန်းလွယ်ခြင်း၊ အရေပြားအနာ မကြာခဏဖြစ်ခြင်း၊ အနာမကျက်ခြင်း နှင့် ဆီးမကြာခဏသွားတတ်ခြင်းတို့ကို သတိထားရမှာဖြစ်သလို သိပ်မထင်ရှားတဲ့ ရောဂါလက္ခဏာများဖြစ်တဲ့ အောက်ဖော်ပြပါလက္ခဏာများကိုလည်း အစဉ်သတိရှိ ဂရုပြုနေရမှာဖြစ်ပါတယ်။

ခံတွင်းနံ့ဆိုးခြင်း

လက်သည်းဆိုးဆေး/ဖျက်ဆေး၊ တင်ဒါနံ့စတာတွေကြောင့် တံတွေးထဲမှာ သကြားဓာတ်ပိုလွန်ကဲလာပြီး ခံတွင်းအတွင်း ဗက်တီးရီးယား ပေါက်ပွားမှု ပိုမိုလာစေကာ ဒီဗက်တီးရီးယားပိုးများကြောင့် ခံတွင်းအနံ့ဆိုးတွေ ထွက်လာရခြင်းဖြစ်ပါတယ်။

သွားဖုံးတွေရောင်ရမ်းခြင်း

ခံတွင်းအတွင်းရှိ ဘက်တီးရီးယားပိုးများကြောင့် သွားဖုံးများသွေးထွက်ခြင်း၊ ရောင်ရမ်း ခြင်းတို့ကို ပိုမိုဖြစ်စေပါတယ်။

မျက်စိအမြင် မှုန်ဝါးလာခြင်း

Image of Interface With Asian women being futuristic vision, digital technology screen over the eye vision background

မျက်စိမှန်ဘီလူးထဲက သကြားဓာတ်ပိုများလာတာကြောင့် မျက်စိမှန်ဘီလူးရောင်ရမ်းမှုဖြစ်ကာ အလင်းပြန်မှု၊ အလင်းယိုင်မှုများ ပုံမမှန်တော့၍ မျက်စိအမြင်မှုန်လာတတ်ပါတယ်။

ရေမကြာခဏငတ်ခြင်း

သွေးထဲက သကြားဓာတ်တွေကို လျှော့ချဖို့ ဆီးများများသွားစေတာကြောင့် ခန္ဓာကိုယ်ဟာ ရေဓာတ်အများကြီးလိုအပ်နေတာဖြစ်ပါတယ်။

သင်ဟာ အထက်ဖော်ပြပါလက္ခဏာတွေထဲက နှစ်ခု (သို့ ) နှစ်ခုထက်ပိုရှိနေသည့်အပြင် တခြားအန္တရာယ်ရှိတဲ့အချက်များဖြစ်တဲ့

  • အသက် ၄၀ ကျော်သူ
  • အဝလွန်သူ
  • မိသားစု၌ ဆီးချိုရောဂါရှိသော ရာဇဝင်ရှိသူ
  • သွေးတိုးရောဂါရှိသူ
  • ကိုလက်စထရော(လ်)ပမာဏမြင့်တက်နေသူ

စသည့် အချက်များရှိပါက ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသပြီး လှည့်ဖျားတတ်တဲ့ ဆီးချိုရောဂါရှိမရှိစစ်ဆေးကြည့်သင့်ပါတယ်။