👣 ဆီးချိုရောဂါသည် တော်တော်များများမှာ ခြေသည်းလက်သည်း မှိုတက်ခြင်းပြဿနာ ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါကြောင့် ခြေဖဝါး၊ လက်ဖဝါးရှိ သွေးလှည့်ပတ်မှုနှုန်း ကျဆင်းလာမှုကြောင့်လည်းကောင်း၊ ရောဂါပိုးမွှားများကို ခုခံကာကွယ်နိုင်မှု ကျဆင်းလာမှုကြောင့်လည်းကောင်း ဆီးချိုဝေဒနာရှင်များအဖို့ ခြေသည်းလက်သည်း မှိုတက်ခြင်းကို သာမန်လူကောင်းများထက် ပို၍ခံစားရခြင်းဖြစ်ပါတယ်။
👣 သာမန်လူတွေအတွက် ခြေသည်းလက်သည်းမှိုတက်တာဟာ အရေးတကြီးအခြေအနေတစ်ခုမဟုတ်ပေမဲ့ ဆီးချိုသွေးချိုရောဂါသည်များအတွက်တော့ သူတို့ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်။


👣 အိုနိကိုမိုင်ကိုစစ်လို့ခေါ်တဲ့ ခြေသည်းလက်သည်းတွေမှာ အများဆုံးဖြစ်တတ်တဲ့ မှိုတစ်မျိုးဟာ ဆီးချိုရောဂါသည်တွေရဲ့ ၃ပုံ ၁ပုံလောက်မှာ တွေ့ရတတ်ကြောင်း အမေရိကန်ပြည်ထောင်စု ဆီးချိုသွေးချိုပညာပေးရေးအဖွဲ့ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။
👣 ဒီမှိုတက်ခြင်းကို မကုသဘဲ လျစ်လျူရှုထားမိပါက ခြေသည်းလက်သည်းပန်းကုံးများနဲ့ အရေပြားများ၊ အရိုးများအထိပါ ဆက်လက်ကူးစက်စေကာ နောက်ဆုံးတစ်သျှူးများသေဆုံးပျက်စီးမှုကြောင့် ခြေလက်အင်္ဂါများဆုံးရှုံးမှုအထိ ဖြစ်စေနိုင်ပါတယ်။
👣 ဒါကြောင့် ဆီးချိုဝေဒနာရှင်များဟာ ခြေသည်းလက်သည်းများကို အစဉ်ဂရုတစိုက် စစ်ဆေးနေရမှာဖြစ်ပါတယ်။ လက်သည်း ခြေသည်းများ အရောင်ပြောင်းလာခြင်း၊ ထူထဲပြီး ကြွပ်ဆတ်မာကျောလာခြင်းရှိမရှိတို့ကို အမြဲစစ်ဆေးနေရပါမယ်။


👣 အိုနိကိုမိုင်ကိုစစ်မှိုက တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ သက်ဆိုင်နေလို့ ဆီးချိုရောဂါသည်တွေအဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။
👣 အဲဒီမှိုဟာ စွတ်စိုပြီးပူနွေးတဲ့ အခြေအနေမှာ ပေါက်ဖွားပွားများ လွယ်နိုင်လို့ စွတ်စိုထိုင်းမှိုင်းတဲ့ မြေကြီးပေါ်မှာ ဖိနပ်မပါဘဲ လျှောက်သွားခြင်းမျိုးလုံးဝမပြုလုပ်သင့်ပါဘူး။
👣 ဘွတ်ဖိနပ်စီးသူ ဖြစ်ပါက ချွေးစုပ်လွယ်သော ခြေအိတ်ကိုသာ စွပ်သင့်ပါတယ်။
👣 ခြေထောက်ကို ညစ်ပေတိုင်းဆေးကြော၍ ခြောက်သွေ့အောင် အမြဲထားရပါမယ်။
👣 ဒီလိုကာကွယ်နေရဲ့သားနဲ့မှ မှိုတက်လာရင်တော့ မှိုပိုးသတ်ဆေး (စားဆေး၊ လိမ်းဆေး) များကိုဆရာဝန်ညွှန်ကြားချက်အတိုင်း မှီဝဲစားသုံးလိမ်းပေးခြင်းဖြင့် ကုသနိုင်ပါတယ်။