အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေဟာ သွေးတွင်းသကြားဓာတ် ပုံမှန်စစ်ဆေးပေးဖို့လိုပါတယ်။ ဒါပေမဲ့ အဖြေမှန်ကန်ဖို့အတွက် စစ်ဆေးချိန်မှန်ကန်ဖို့လိုပါတယ်။ ဆီးချိုသွေးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်စစ်ဆေးပေးရမဲ့အချိန်ကတော့……..

(၁) ၈ နာရီကြာ အစာမစားဘဲ နံနက်စာ မစားမီ စစ်ဆေးခြင်း (FBS =Fasting Blood Suger)
*ည (၁၀) နာရီ နောက်ပိုင်းအစာမစားဘဲ နံနက်မိုးလင်းသည့်အခါ နံနက်စာမစားမီ တိုင်းတာခြင်း
(၂ ) နံနက်စာစားပြီး ၂ နာရီအကြာတွင် စစ်ဆေးခြင်း (PPB = Post Prandial Breakfast)
(၃) နေ့လယ်စာစားပြီး ၂ နာရီ အကြာတွင် စစ်ဆေးခြင်း (PPL = Post Prandial Lunch)
(၄) ညစာစားပြီး ၂ နာရီအကြာတွင် စစ်ဆေးခြင်း(PPD = Post Prandial Dinner) ဟူ၍ ၄ ကြိမ် စစ်ဆေး သင့်ပါ       တယ်။
သို့သော် နေ့တိုင်း ၄ ကြိမ်ဖောက်စစ်စရာမလိုပါဘူး။
ဥပမာ
– တနင်္လာနေ့တွင် FBS ဖောက်စစ်
– ဗုဒ္ဓဟူးနေ့တွင် PPB ဖောက်စစ်
– ကြာသပတေးလိုနေ့တွင် PPL ဖောက်စစ်
– သောကြာနေ့တွင် PPD ဖောက်စစ်
စသဖြင့် တစ်ပတ်အတွင်းလှည့်၍ ဖောက်ကာ စစ်ဆေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှု မှန်ကန်သွားပါက တစ်ပတ်လျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ဖောက်၍စစ်ဆေးနိုင်ကြောင်းသိရပါတယ်။