အမျိုးသားများတွင်ဖြစ်ပွားသည့် ဆီးကျိတ်ကင်ဆာသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် သေဆုံးမှုအများဆုံးသော ကင်ဆာ ဖြစ်သည်။ စင်ကာပူနိုင်ငံ ကင်ဆာ မှတ်ပုံတင်ဌာန၏ထုတ်ပြန်ချက်အရ ၂၀ဝ၉ မှ ၂၀၁၃ ခုနှစ်အတွင်း ဆီးကျိတ် ကင်ဆာဖြစ်ပွားခဲ့သောသူ ၃၁၅၀ဦး အား လေ့လာခဲ့သည်။ စင်ကာပူ အမျိုးသားများထဲ တွင် တတိယမြောက် အဖြစ်အများဆုံးကင်ဆာဖြစ်သည်။ သို့ ရာတွင် ကုထုံးအား သာမန် ထက် အနည်းငယ် ကွဲပြားခြားနားရုံဖြင့် တိုးတက်မှုနှုန်း ပိုကောင်း ကြောင်း စင်ကာပူသုတေသီများ တွေ့ရှိခဲ့သည်။ အဆီနည်းသော အစားအစာများနှင့်တွဲ၍ ကင်ဆာကု ဆေးဝါးများကို စားပါက ထိုအစား အစာများ၏ အကျိုးသက်ရောက်မှုကြောင့် ဆီးကျိတ် ကင်ဆာလူနာများတွင် ကုန်ကျမှု နည်းပါးခြင်း၊ အစာလမ်းကြောင်းဆိုင်ရာ ပြဿနာများ နည်းပါးခြင်း စသည်တို့ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ဆီးကျိတ်ကင်ဆာကု ဆေးဝါး (Abiraterone Acetate) သည် အဆီဓာတ် ၇ ရာခိုင်နှုန်းမျှ သာ ပါဝင်သော တစ်နည်းအားဖြင့် ကယ်လိုရီ ၃၀ဝ မျှသာ ပါဝင်သော အစားအသောက်နှင့် တွဲ၍သောက်လျှင် အခြားသူများထက် ၄ဆမှ ၅ဆထိ ပို၍ ထိရောက်မှုရှိသည်ကို တွေ့ရှိခဲ့ရသည်။ အကောင်းဆုံး ပုံစံမှာ တစ်ညလုံး အစာမစားဘဲ နေပြီး နံနက်စာမစားခင် ကင်ဆာကုဆေးဝါးကို စားကာ အဆီနည်းသော နံနက်စာစားခြင်း ဖြစ်သည်။ ထို့အပြင် အဆီများသော စားစရာများ (နမူနာအားဖြင့် ဝက်ပေါင်ခြောက်၊ ဝက်အူ ချောင်းကဲ့သို့သော စားစရာများ)ကို မစားရန် ရှောင်ကြဉ်ခိုင်းခဲ့သည်။ လေ့လာမှုပြီးဆုံးသောအခါ ထိုလူနာများ၏ ဆီးကျိတ်ကင်ဆာ အခြေအနေမှာ ကောင်းစွာထိန်းချုပ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုပါသည်။

မောင်
Ref : Healthcare asia