အမေရိကန်ပြည်ထောင်စုရှိ CVS = Consumers Value Store အမည်ရှိ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီမှ တည်ထောင်ထားသော CVS Health Foundation မှ အမေရိကန် ဆယ်ကျော်သက်များ အီးစီးကရက် သုံးစွဲမှု ကာကွယ်ရေး အားထုတ်ဆောင်ရွက်ရန် အမေရိ ကန်ဒေါ်လာ ၁၀သန်း ရင်းနှီးမြှုပ် နှံလိုက်ပါတယ်။
၂၀၁၈ခုနှစ် အမျိုးသားအဆင့် လူငယ်များအတွင်း ဆေးရွက်ကြီး စစ်တမ်းတွင် တွေ့ရှိချက်အရ အမေရိကန်ပြည်ထောင်စုရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသူကျောင်းသားများထဲတွင် အီးစီးကရက်သုံးစွဲသူ ၃.၆ သန်း ရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
CVS Health ဖောင်ဒေးရှင်း က လူငယ်များဆေးလိပ်မသောက် ရေးနှင့် အီးစီးကရက်သုံးစွဲမှု ကာ ကွယ်ရေး မဟာဗျူဟာများနှင့် ပညာပေးရေးလုပ်ငန်းများတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၁၀ သန်း သုံးစွဲသွားမှာ ဖြစ်ပါ တယ်။
ဒါဟာ ၅နှစ်အတွင်း အမေ ရိကန်ဒေါ်လာ သန်း ၅၀ လှူဒါန်း မည့်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရပါတယ်။ ဤရင်း နှီးမြှုပ်နှံမှုမှာ နိုင်ငံ၏ ဆေးရွက်ကြီး ကင်းစင်သော ပထမဆုံးမျိုးဆက် သစ်များအတွက် ပထမဦးဆုံး ပြုလုပ်သော ကမ်ပိန်းတွင် အသုံး ပြုခြင်းလည်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် သုံးစွဲမည့် ငွေကြေး ပမာဏလည်း ဖြစ်ပါတယ်။
CVS Health Foundation ရဲ့ ဆေးမှူးချုပ်က သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့ရာ၌ ပြီးခဲ့ တဲ့ ၁၀စုနှစ် ၂ခုအတွင်း ဆေးလိပ် သောက်သုံးမှု လျှော့ချရေးအတွက် လုပ်ဆောင်မှုများထဲတွင် လူငယ် များအတွင်း အီးစီးကရက်သုံးစွဲမှု ပျံ့နှံ့လာခြင်းဖြစ်ကြောင်း ပြော ကြားလိုက်ပါတယ်။
ကျွမ်းကျင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တီထွင်ဆန်း သစ်မှုရှိသော နည်းဗျူဟာများကို စိတ်အားထက်သန်စွာ ဆောင်ရွက် မှာဖြစ်ကြောင်း ဤသို့ ဖြစ်ပေါ်နေ သော အခြေအနေကိုပြောင်းပြန် လှန်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း လည်း ပြောကြားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တွင် အီးစီးကရက် သုံးစွဲသူ ကျောင်းသား ၁.၅ သန်းရှိနေရာမှ ၂၀၁၈ တွင် ၃.၆ သန်းအထိ များ ပြားလာခြင်း ဖြစ်ပါတယ်။ အလယ် တန်းကျောင်းသားများအတွင်း ၄၈ ရာခိုင်နှုန်းနှင့်အထက်တန်းကျောင်း သားများအတွင်း ၇၈ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ပါတယ်။ အီးစီးကရက်သောက် (Vaping) တဲ့ ဆယ်ကျော်သက်လူငယ်များ ဟာကြီးလာလျှင်စီးကရက်သောက် သူများအဖြစ် ပြောင်းလဲသွားမှုက ၄ဆပို၍ရှိကြောင်း လေ့လာတွေ့ ရှိထားပြီး ဖြစ်ပါတယ်။ ဆယ်ကျော် သက်ကလေးများဟာ သူတို့ရှူနေတဲ့ (vaping) သည် နီကိုတင်းဖြစ် မှန်း သတိမထားမိကြဘူးလို့လည်း စစ်တမ်းက ဆိုပါတယ်။
၂၀၁၉ တွင် CVS Health ဖောင်ဒေးရှင်းက အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် အီး စီးကရက်သုံးစွဲခြင်း၏ အန္တရာယ် အခွင့်အလမ်းများနှင့်ပတ်သက်ပြီး ပညာပေးလုပ်ငန်းများတွင် အစီ အစဉ်များဖန်တီးအကောင်အထည် ဖော်ခြင်း၊ ပညာပေးခြင်းဆိုင်ရာ လက်ကမ်းစာစောင် စသည်တို့ ပေး ဝေရန်အတွက် အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
CVS Health ဖောင်ဒေးရှင်းသည် အီလက်ထရောနစ်နည်းဖြင့် နီကိုတင်းသုံးစွဲမှုစနစ် ပေါ်ထွက်လာခြင်းကို တုံ့ပြန်ရန်အတွက် အမေရိကန်မိသားစုသမားတော် များဖောင်ဒေးရှင်း အကယ်ဒမီ အား ရန်ပုံငွေအမေရိကန်ဒေါ်လာ ၆ သိန်း ထောက်ပံ့ကူညီမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ် များအတွက် ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာ အသက်မွေးဝမ်း ကျောင်း ပညာရှင်များအား ပညာ ပေးရေးနှင့် လေ့ကျင့်သင်ကြားရေး အတွက်လည်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

အယ်ဒီတာ