စိတ်ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်ပြီးလာပြတဲ့လူနာတွေ ထဲမှာ စိုးရိမ်သောက (Anxiety) ရနေလို့ ပြနေရတဲ့ လူနာတွေ အတော်အသင့်ရှိပါတယ်။ စိုးရိမ်သောကဆိုတာကလည်း မွေးစ လူမှန်းသိတတ်ခါစကစပြီး သေဆုံးတဲ့အချိန်အထိ အနည်းနဲ့အများ ရှိနေကြစမြဲပါ။ မွေးစကလေးတွေ ဆာလောင်ချိန်မှာ စို့နေကျ နို့မစို့ ရလို့ စိုးရိမ်တာကစပြီး၊ ချီပွေ့ထားတာကနေ လွတ်ကျန်နေခဲ့မှာကို စိုးရိမ်တာမျိုးတွေရှိနေနိုင်ပါတယ်။ ဘဝနိဂုံးချုပ်ခါနီးချိန်မှာတော့ရှေ့ ဆက်ရမဲ့မရေရာတဲ့ခရီးအတွက်နဲ့ ခွဲခွာကျန်ရစ်မဲ့သူတွေအတွက် ပူပန်တာမျိုးတွေ ရှိနေဦးမှာပါ။ဒီတော့ စိုးရိမ်သောကဆိုတာ ကျွန်တော်တို့တစ်တွေ ဘဝခရီးတစ်လျှောက်အမြဲတွဲပါနေမဲ့ ကိစ္စ ဆိုတာကို လက်ခံကြရမှာပါ။
ရှောင်လွှဲလို့မရတဲ့ စိုးရိမ် သောကကို ဘယ်လိုရင်ဆိုင်ကြမလဲ ဆက်ဆွေးနွေးကြရအောင်ပါ။တကယ်တော့စိုးရိမ်သောကဆိုတာ အသုံးချတတ်ရင် လူနေမှုဘဝမှာ အသုံးတဲ့ပါတယ်။ ဥပမာမီးလောင် ပြီး ပစ္စည်းဥစ္စာဆုံးရှုံးဖူးတဲ့ လူတစ် ယောက်အနေနဲ့ နွေရာသီရောက် တိုင်း မီးဘေးအတွက်စိုးရိမ်တတ် တာ ဖြစ်တတ်တဲ့သဘောသဘာဝ ပါ။ ဒီအတွက် မအိပ်နိုင်၊ မစားနိုင် ဖြစ်နေပြီဆိုရင်တော့ အဆင်မပြေ ဘူးပေါ့။ အဲဒါကို ဒီအတိုင်း ခံစား နေမလား။ အသုံးချတတ်တဲ့သူ
တစ်ယောက်ဆိုရင်တော့ အစက တည်းက မီးဘေးအန္တရာယ်ရှိတဲ့ ရပ်ကွက်၊ ဒေသမှာမနေနဲ့ပေါ့၊ မလွှဲသာလို့နေရမယ်ဆိုရင်လည်း လက်ရှိ အိမ်မီးထဲ မတော်တဆပါ ခဲ့ရင် အသက်သာဆုံးဖြစ်အောင် ကြိုတင်စီမံထားရမှာပေါ့။
ဘယ်လိုစီမံမလဲ။ စဉ်းစားကြည့်ရအောင်ပါ။ နေ့နေ့ညည အိမ်မှာ လူတစ်ယောက်အမြဲရှိနေအောင် စီမံမယ်၊ ညရေးညတာ ဆိုရင်လည်း တစ်ယောက်က စောစောအိပ်၊ နောက်တစ်ယောက်က နောက်ကျမှအိပ်၊ ညဘက်ကင်း စောင့်ပြီးအိပ်ကြ၊ အဲဒီလိုဆိုရင် အိပ်တဲ့သူကလည်း စိတ်ချလက်ချ အိပ်လို့ရတယ်၊ အားလုံးပြိုင်တူ အိပ်ကြပြီး ကြက်အိပ် ကြက်နိုးဖြစ်နေကြတာထက်စာရင် တစ်လှည့်စီ အိပ်ကြတာက ပိုပြီးသက်သာ အဆင်ပြေမယ်ပေါ့။ အရေးကြီး စာရွက်စာတမ်းတွေကိုလည်း အရေးအကြောင်းဆို အလွယ် တကူယူလို့ရအောင် သီးသန့်အိတ် တစ်လုံးနဲ့စုထည့်ထားမယ်၊ အိမ်သူ အိမ်သားတွေအားလုံးကိုလည်း အဲဒီအိတ်ကို အရေးအကြောင်း ဆိုယူဖို့ သတိပေးထားမယ်၊ ဒါမှ မဟုတ် မီးရေးထင်းရေးစိတ်ချရတဲ့ တစ်နေရာရာမှာ အပ်ထားမယ် စသည်ဖြင့်ပြင်ဆင်ထားမယ်ပေါ့။
မီးဘေးသာ စိုးရိမ်နေတာ၊ ကိုယ့်အိမ်ကစပြီးလောင်တာမျိုး လည်းမဖြစ်ရအောင်၊ လောင်စာဆီ နဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဂရုတ စိုက်ကိုင်တွယ်မယ်၊ မီးြွကင်းမီးကျန် မရှိအောင်ထားမယ်၊ လျှပ်စစ်နဲ့ ပတ်သက်လို့ ပလပ်တွေ၊ ဆော့ ကက်တွေပူနေတာရှိရင် အရည် ပျော်၊ ရှော့ခ်ဖြစ်အောင်မထားဘဲ၊ လဲလှယ်ပေးမယ်။ မီးသတ်ဆေးဘူး တွေ၊ မီးချိတ်၊ မီးကတ်တွေကိုလည်း အသင့်ပြင်ဆင်ထားမယ်ဆိုရင် မီးနဲ့ ပတ်သက်တဲ့ စိုးရိမ်သောက တွေလည်း အတန်အသင့်သက် သာလာမှာပါ။
မီးကိစ္စမျိုးက ကိုယ်ကကြိုတင် ပြင်ဆင်လို့ အတန်အသင့်ရတတ် တာမျိုးပါ။ တချို့ကိုယ်ဘယ်လိုမှ ကြိုတင်ပြင်ဆင်လို့မရနိုင်တဲ့ ကိစ္စ တွေလည်း ရှိလာနိုင်ပါတယ်။ဥပမာလေယာဉ် အချိန်မမှန်တာ၊ ရာသီဥတုမကောင်းလို့ လေယာဉ် မတက်၊ မဆင်းနိုင်တာ… ကိုယ် ဘယ်လိုမှ ကြိုတင်ကာကွယ်၊ စီစဉ်လို့မရတဲ့ကိစ္စမျိုးတွေပေါ့။ခရီးကလည်း လေယာဉ်နဲ့မှ မသွား ရင်မရောက်နိုင်ဘူးဆိုပါတော့။တစ် ရက်လောက်ကြိုသွားဖို့ကျတော့ လည်းဌာနက၊ ငွေရေးကြေးရေးက ခွင့်မပြုဘူးဆိုရင်ပေါ့။
အဲဒီလိုအချိန်မျိုးမှာ ကျွန်တော် တို့တတ်နိုင်တာက အကောင်းဆုံး ဖြစ်အောင် ဘယ်လိုရင်ဆိုင်မလဲ ဆိုတာပါပဲ။ လေယာဉ်အချိန်မမီ လို့ အလုပ်ကိစ္စကပျက်သွားတယ် ဆိုပါစို့။ ဆိုင်ရာဆိုင်ရာကို ဖြစ် ပျက်ခဲ့တဲ့အကြောင်းကို ပြန်တင် ပြမယ်၊ ဆွေးနွေးကြည့်မယ်၊ ကိုယ့် ကြောင့်ဖြစ်ပျက်ခဲ့တာ မဟုတ်တဲ့ အကြောင်းကိုပေါ့။ အဲဒါကိုမှ လက်မခံနိုင်ပါဘူးဆိုရင်တော့ ကိုယ်နဲ့ ဒီကိစ္စရေစက်မပါဘူးလို့ မှတ်လိုက်ရမှာပါ။ တစ်ခါတစ် ခါတော့လည်းအဆင်မပြေတာဟာ ကံကောင်းခြင်းဖြစ်လာတတ်ပါတယ်။ပျက်ကျမဲ့ လေယာဉ်ကို မမီလိုက် တာမျိုးပေါ့။ အဲဒီလိုပဲစိတ်ထား လိုက်ပါ၊ စိုးရိမ်တာတွေသက်သာ လာပါလိမ့်မယ်။
တကယ်လို့ စိုးရိမ်သောက ဖြစ်နေတဲ့အတိုင်းအဆင်မပြေတဲ့ ကိစ္စတစ်ခုကဖြစ်လာပြီဆိုပါစို့။ဥပမာ သားက စာမကြိုးစားဘူး။စာမေးပွဲအောင်မှ အောင်ပါ့မလား ဆိုပြီး အောင်စာရင်းမထွက်မချင်း စိုးရိမ်နေမိတယ်။ မိဘနှစ်ယောက် စလုံး စားမဝင်အိပ်မပျော်ပေါ့။တကယ်တမ်း အောင်စာရင်း ထွက်တော့လည်းစိုးရိမ်ထားတဲ့
အတိုင်းပဲ မအောင်ဘူးဆိုပါစို့။စိုးရိမ်သောကဖြစ်ရတာ အောင် စာရင်းမထွက်ခင် တစ်ခါ၊ထွက်ပြီး တော့တစ်ခါ၊ စုစုပေါင်းနှစ်ခါပူရ တာပဲ အဖတ်တင်သွားတယ်။မအောင်မဲ့သူက မအောင်ပါဘူး။တကယ်ဆိုရင်ဖြစ်ပြီးမှ ပူရတာ ထက်၊ မဖြစ်ခင်ပူရတာကတောင် ပိုများနေတတ်ပါတယ်။တကယ်လို့ များကိုယ်ထင်သလိုမဟုတ်ဘဲ၊ သားက စာမေးပွဲအောင်နေတယ် ဆိုပါစို့။ ကိုယ်တင်ကြိုတွေးခဲ့၊ ပူခဲ့တာတွေဟာ အပိုသက်သက် ဒုက္ခခံနေခဲ့တာတွေ ဖြစ်နေပြီ။နှမြောစရာပါ။ ကိုယ်များများ ကြို တွေးပူနိုင်ရင် များများအောင်စေ တတ်တဲ့စနစ်မျိုးရှိရင်တော့ ပူတတ် တာကောင်းတာပေါ့။ လက်တွေ့ဘဝ မှာကအဲဒီလိုစနစ်မှမရှိတာဘဲလေ။
ဒီနေရာမှာ အရေးကြီးတာက ကျရှုံးခဲ့ရင်တောင်မှ အရှုံးထဲက အမြတ်ထုတ်တတ်ဖို့သာ အရေး ကြီးတာပါ။ ဘယ့်အတွက်ကြောင့် ကျတာလဲ၊ ဘယ်ဘာသာတွေအား နည်းနေခဲ့သလဲ၊ နောင်နှစ် အတွက် ဘယ်လိုပြင်ဆင်ကြမလဲ၊ စဉ်းစားဆင်ခြင်၊ စီစဉ်ကြဖို့ပါ။ဖြစ်ခဲ့တာကို သေသေချာချာပြန် လည်သုံးသပ်ပြီး၊ အမှားကိုရှာ၊ အမှားကို ပြင်နိုင်မှအမှန်ကို ရောက်မှာပါ။ ဒီလောက်ဆိုရင် ကြိုပြီးတွေးပူနေတာတွေထက်၊ ဖြစ် လာချိန်မှာအမှားကိုရှာ၊ အမှား ကိုပြင်၊ ဖြစ်လာတာတွေကို စိစစ် ဝေဖန်၊ ပြုပြင်ဖို့ကြိုးစားတာက လူသက်သာတယ်၊ အရာပိုထင် တယ်လို့ သိလာပြီထင်ပါတယ်။ဖြစ်လာမှစီစဉ်တာပေါ့၊ ကြိုတွေး ပူမနေတော့ဘူးဆိုပြီး လက်ခံကြရ ပါမယ်။
ဒီကိစ္စတွေကို ဖြေရှင်းဖို့ ကြိုး စားရာမှာ ကာယကံရှင်က အရေး ကြီးသလို၊ ဘေးကနေကူညီပံ့ပိုး ပေးတဲ့သူတွေရဲ့ အပိုင်းကလည်း အရေးပါပါတယ်။ ကူညီရာ မရောက်ဘဲ မီးလောင်ရာလေပင့် ဆိုသလိုမဖြစ်ဖို့လည်း သတိထား ရမှာပါ။ ရင်ထဲကအောင့်နေလို့ စိုးရိမ်နေတဲ့သူကို ရင်ထဲကအောင့် နေရင်ပေါ့မနေနဲ့၊ ဘယ်သူ့တုန်း ကတော့ ပေါ့ပေါ့ဆဆနေမိလို့ ဘယ်လိုဒုက္ခရောက်သွားတာဆိုတဲ့ အပြောမျိုးဟာ ကူညီတာထက် ရေနစ်နေသူကို ဝါးကူထိုးမိသလို ဖြစ်နေမှာပါ။ ဖြစ်သင့်တာက ရင်ထဲကအောင့်နေတာကို သူက စိုးရိမ်နေပြီဆိုမှတော့ မပေါ့ဆတာ သေချာနေပါပြီ။ ပေါ့ဆမိလို့ ဖြစ် သွားတာတွေကိုပြောနေဖို့မလိုတော့ ပါဘူး။ လုပ်သင့်တာက ဘယ်လို နာနေသလဲ မေးပေးမယ်၊ ဆေးရုံ၊ ဆေးခန်းပြချင်ရင် လိုက်ပေးမယ်၊ တခြားအိမ်သားတွေကို အကြောင်း ကြားပေးရမလား၊ အသက်လေး မှန်မှန်ရှူသွင်း ရှူထုတ်လုပ်ကြည့် ပါလား၊ အချိန်ရရင် ဆေးရုံပြ လိုက်ဦးနော်… စသည်၊ စသည် ဖြင့် ကူညီတာမျိုးတွေကသာ ကူညီရာရောက်ပါလိမ့်မယ်။
စိုးရိမ်သောကဖြစ်ချိန်မှာ အဓိကခံစားရတတ်တာက ရင် တုန်တယ်၊ အသက်ရှူမြန်လာ တယ်၊ အသက်ရှူကျပ်တယ်၊ ခြေဖျားလက်ဖျားတွေ အေးလာ တယ်ဆိုတာတွေပါပဲ။ တကယ် တမ်းဆိုရင် စိုးရိမ်သောကဆိုတာ အတိဒုက္ခတစ်ခုခုရောက်တော့ မယ်လို့ထင်တဲ့၊ ရောက်တော့မဲ့ အခြေ အနေတစ်ခုရဲ့ရှေ့ပြေးနိမိတ် တွေပါ။ လောကသဘာဝအရ ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒဖြစ်စဉ်တွေ က အဲဒီရင်ဆိုင်ရမဲ့ ဒုက္ခကိုရင် ဆိုင်နိုင်အောင်၊ ရင်ဆိုင်လို့မနိုင်ပုံ ပေါ်ရင်လည်း ထွက်ပြေးနိုင်အောင် ပြင်ဆင်ပေးပါတယ်။ နှလုံးကို မြန် မြန်ခုန်ခိုင်းတယ်၊ အောက်ဆီဂျင် ကို ပုံမှန်ထက်ပိုရအောင် အသက် မြန်မြန်ရှူခိုင်းပြီးပြင်ဆင်ပေးတာပါ။အဲဒီလိုဖြစ်လာတာကိုပဲ ကာယကံ ရှင်က ပြန်ကြောက်၊ ပြန်စိုးရိမ် နေရင်ပိုပြီး နှလုံးခုန်မယ်၊ အသက် ရှူ ပိုမြန်လာမယ်။ဆိုးသထက် ဆိုးပြီး ဆေးရုံ၊ ဆေးခန်းတွေ ရောက်ကုန်ကြတာပါ။တောင်ပေါ် က လိမ့်ဆင်းလာတဲ့ ဆီးနှင်းလုံး လေးဟာ စဆင်းခါစကတော့ အလုံးသေးပေမဲ့၊ လိမ့်ဆင်းနေရင်း ဆီးနှင်းတွေ အထပ်ထပ်ကပ်လာ တော့ ဆီးနှင်းအလုံးအကြီးကြီး ဖြစ်လာသလိုပဲ၊ စိုးရိမ်သောက ကိစ္စမှာလည်း ကြောက်လို့တုန်၊ တုန်လို့ကြောက်နဲ့ သံသရာလည် ပြီး ကြီးလာတတ်ပါတယ်။
ဒီလိုဖြစ်လာရင် ဆေးရုံ၊ ဆေး ခန်းတွေမှာတော့ စိတ်ငြိမ်ဆေးတစ် မျိုးမျိုးထိုးပေးလိုက်တော့ အိပ်ပျော် သွားပြီး၊ သူတို့တွေးနေ၊ ကြောက် နေတာတွေလည်း ရပ်သွားတော့ အဆင်ပြေသွားတတ်ပါတယ်။ တော်ရုံဆိုရင်တော့ လျှာအောက်မှာ စုပ်ယူနိုင်စွမ်းရှိတဲ့စိတ်ငြိမ်
ဆေးပြားကိုငုံခိုင်းထားလိုက်လို့ သက်သာသွားတာတွေလည်း ရှိ တတ်ပါတယ်။ ဆေးတွေအလွယ် တကူမရှိရင်ကော ဘာလုပ်ရမလဲ။ ယုံယုံကြည်ကြည်လုပ်ရင် အကျိုးရှိ၊ ထိရောက်တဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်။ စိုးရိမ်သောက ဖြစ်နေတာကို ခဏမေ့ပြီး၊ အသက် ပြင်းပြင်းရှူ၊ ခဏနား၊ အသက် ပြင်းပြင်းပြန်ထုတ်၊ ၁၀ကြိမ်၊ ၁၅ ကြိမ်လောက်လုပ်ကြည့်လိုက်ပါ။ဘေးပတ်ဝန်းကျင်ကလည်း အဲဒီ လိုလုပ်နိုင်ဖို့ အားပေးကူညီကြပါ။အကျိုးရှိတယ်ဆိုတာကိုတွေ့ရမှာ ပါ။ ကာယကံရှင်ကိုယ်တိုင်လည်း နောင်ဒီလိုဖြစ်ရင် ဒီလိုလုပ်လို့ရ တာပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုတိုးလာမယ်၊ ဝေဒနာသည် ဘဝကလွတ်မြောက်လာနိုင်မယ် ဖြစ်ပါကြောင်း အကြံပြုရေးသား လိုက်ရပါတယ်။
မေတ္တာဖြင့်

ဒေါက်တာဌေးအောင်