သင်စိတ်ဓာတ်ကျနေရင် အခုဖော်ပြမဲ့ အချက်တွေထဲက ကိုယ်နဲ့အဆင်ပြေမဲ့အရာများကို ပြုလုပ်ကြည့်လိုက်ပါ။ သက်သာသွားတာတွေ့ရပါလိမ့်မယ်။

ခင်မင်ရတဲ့ သူငယ်ချင်းနဲ့ တစ်ပတ်လျှင် အနည်းဆုံးတစ်နာရီ အချိန်ဖြုန်းပါ
—————————————————————

– ဗြိတိသျှသုတေသနတစ်ခုမှာ စိတ်ဓာတ်ကျနေတဲ့ အမျိုးသမီး (၈၆) ဦးကို စေတနာ့ဝန်ထမ်းသူငယ်ချင်းတစ်ဦးစီနဲ့ တွဲပေးလိုက်တဲ့အခါ ၆၅% က ပိုပြီးသက်သာရာရတယ်လို့ ခံစားခဲ့ကြရပါတယ်တဲ့။

– ဒါ့အပြင် လူမှုဆက်ဆံရေး ပုံမှန်ရှိခြင်းဟာ စိတ်ဓာတ်ကျကုဆေးဝါးအဖြစ်သော်လည်းကောင်း၊ စိတ်ကုထုံးအဖြစ်သော်လည်းကောင်း အသုံးဝင်ပါတယ်။

– ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပုံမှန် အဆက်အသွယ်ရှိခြင်းက မိမိကိုယ်ကို ယုံကြည်မှုပိုကောင်းစေပြီး အခြားသော ကောင်းကျိုးဖြစ်စေတဲ့ အပြောင်းအလဲ (ဥပမာ- အားကစားခန်းမ အတူသွားခြင်း) တွေကိုဖြစ်စေပါတယ်။

နေ့စဉ် ခွေးလေးနဲ့အတူ မိနစ်အနည်းငယ်ဆော့ကစားပါ
————————————————

မစ်ဆိုရီတက္ကသိုလ်မှ လေ့လာမှုတစ်ခုမှာ အိမ်မွေး တိရစ္ဆာန်သခင်မဟုတ်သူတွေကို တစ်နေ့လျှင် မိနစ်အနည်းငယ် ခွေးတစ်ကောင်နှင့် ဆော့ကစားစေခဲ့ပါတယ်။ ထိုအချိန်မှာ သွေးတွင်းရှိ ဦးနှောက်ဓာတုပစ္စည်း ဆီရီကိုနင် နှင့် အောက်စီတိုစင်ပမာဏဟာ မြင့်တက်လာတဲ့အတွက် နေလို့ ကောင်းစေပါတယ်။

အိမ်မှာခွေးမွေးထားတဲ့သူ မဟုတ်ရင်တောင် အိမ်နီးနားချင်းရဲ့ ခွေးလေးနဲ့ မိနစ်အနည်းငယ်လောက် ဆော့ကစားပေးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ပိုင်ရှင်မဲ့တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာသို့ အလည်အပတ်သွား နိုင်ပါတယ်။

မနက်တိုင်း ကော်ဖီ (သို့မဟုတ်) လက်ဖက်ရည် တစ်ခွက်သောက်ပါ
————————————————————–

ပုံမှန် ကဖင်းဓာတ်သင့်တင့်သော ပမာဏကို သောက်သုံးခြင်းဟာ စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေကို ၅၀% လျှော့ချပေးပါတယ်။

မှန်ထဲကိုကြည့်ပြီး နှုတ်ခမ်းများကို ပြုံးလာအောင်ပြုလုပ်ပါ
————————————————

သုတေသနတွေမှာ “ပြုံးခြင်းဟာ လူကို ပျော်ရွှင်စေပါတယ်” လို့ ကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။ ရယ်မောခြင်းဟာ စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ဟော်မုန်း ထုတ်လုပ်မှုကို လှုံ့ဆော် ရာတွင် ကူညီပေးပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေရင် ဟာသ ဇာတ်လမ်းကြည့်ပါ။ ဟာသ စာအုပ်ဖတ်ကြည့်ပါ။